bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 1
2 Kings 1
Burmese (BCL) (Common Language Bible)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
1
ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
2
ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။-
3
သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
4
မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။ ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊-
5
သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။
6
ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
7
မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
8
ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။
9
ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
10
ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်မီးကျလာသဖြင့် တပ်မှူး နှင့်သူ၏တပ်သားတို့သည်ကျွမ်းလောင်လေ ၏။
11
မင်းကြီးသည်အခြားတပ်မှူးတစ်ယောက်နှင့် လူငါးဆယ်တပ်ကိုစေလွှတ်ပြန်၏။ သူတို့ သည်ဧလိယထံသို့သွား၍``ဘုရားသခင် ၏အစေခံ၊ အမြန်ဆင်းခဲ့လော့။ ဘုရင် အမိန့်တော်ရှိသည်'' ဟုဆို၏။
12
ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။
13
မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။-
14
အခြားတပ်မှူးနှစ်ယောက်နှင့်သူတို့၏တပ် သားများသည် ကောင်းကင်မှမီးကျ၍သေ ရကြပါ၏။ သို့ရာတွင်အကျွန်ုပ်ကိုသနား တော်မူပါ'' ဟုတောင်းပန်၏။
15
ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊-
16
``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
17
ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
18
အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25