bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 19
2 Kings 19
Burmese (BCL) (Common Language Bible)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
1
ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။-
2
မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။-
3
မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။-
4
အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။
5
ဟေဇကိမင်း၏စကားကိုကြားသောအခါ ဟေရှာယက``ထာဝရဘုရားဤသို့မိန့်တော် မူ၏။ အာရှုရိမင်း၏ကျွန်တို့သည် ငါ့ကိုပြစ် မှား၍ပြောဆိုသည့်စကားကိုသင်တို့ကြား ရသောအခါမကြောက်နှင့်။-
7
ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
8
ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက်ခွာပြီး လျှင် အနီးအနားရှိလိဗနမြို့ကိုတိုက်ခိုက် လျက်ရှိကြောင်းကို အာရှုရိအရာရှိကြားသိ သောအခါ မင်းကြီးနှင့်ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေသည်။-
9
ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။-
10
ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။-
11
အာရှုရိဧကရာဇ်မင်းသည်မိမိဖျက်ဆီးရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ်သို့ ပြုတော်မူတတ်ကြောင်းသင်ကြားသိရပြီ ဖြစ်၏။ သင်သည်ငါ၏လက်မှလွတ်မြောက် နိုင်လိမ့်မည်ဟုထင်မှတ်ပါသလော။-
12
ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
13
ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။
14
ဟေဇကိမင်းသည်ထိုအမှာတော်စာကိုစေ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန်တော် သို့သွား၍ထာဝရဘုရား၏ရှေ့တော်၌ချ ထား၏။-
15
ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
16
အို ထာဝရဘုရား၊ ယခုအကျွန်ုပ်တို့တွေ့ကြုံ နေရကြသောအမှုကိုကြည့်ရှုတော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သော ကိုယ်တော်အားသနာခရိပ်စော်ကား ပြောဆိုသောစကားကိုကြားတော်မူပါ။-
17
အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည် လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်၊-
18
သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။-
19
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သိရှိကြစေရန် ယခုပင်အကျွန်ုပ်တို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။''
20
ထိုနောက်မင်းကြီး၏ပတ္ထနာကိုထာဝရ ဘုရားနားညောင်းတော်မူသဖြင့် ဟေဇကိ မင်းအတွက် ဟေရှာယမှတစ်ဆင့်ရောက် လာသောဗျာဒိတ်တော်မှာ၊-
21
``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
22
သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။-
23
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
24
သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင် ၏တပ်မတော်သားတို့သည် ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားခဲ့၏။
25
``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခဲ့ကြောင်းသင်အဘယ်အခါ၌မျှ မကြားဘူးသလော။ ယခုထိုအမှုအရာ များကိုငါဖြစ်ပွားစေပြီ။ ခံတပ်မြို့များကို အမှိုက်ပုံဖြစ်စေနိုင်သောတန်ခိုးကိုသင့် အားငါပေးအပ်ခဲ့၏။-
26
ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
27
``သို့ရာတွင်သင်၏အကြောင်းကိုအကုန်အစင် ငါသိ၏။ သင်အဘယ်အမှုကိုပြု၍အဘယ် အရပ်သို့သွားသည်ကိုလည်းကောင်း၊ ငါ့အား အဘယ်မျှအမျက်ထွက်လျက်နေသည်ကို လည်းကောင်းငါသိ၏။-
28
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
29
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
30
ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။-
31
ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
32
``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။-
33
သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
34
ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
35
ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
36
ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
37
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25