bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 13
2 Kings 13
Burmese (BCL) (Common Language Bible)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
1
ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
2
သူသည်မိမိအလျင်အုပ်စိုးခဲ့သည့်ယေရော ဗောင်မင်းကဲ့သို့ ထာဝရဘုရားကိုပြစ်မှား၍ ဣသရေလအမျိုးသားတို့အားအပြစ်ကူး လွန်ရန်ရှေ့ဆောင်လမ်းပြပေး၏။ သူသည်အဘယ် အခါမျှမိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်။-
3
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။-
4
ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
5
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
6
သို့ရာတွင်သူတို့သည်မိမိတို့အား ယေရော ဗောင်မင်းရှေ့ဆောင်လမ်းပြခဲ့သည့်ဒုစရိုက် လမ်းစဉ်ကိုမစွန့်ဘဲ ဆက်လက်၍လိုက်မြဲ လိုက်ကြ၏။ အာရှရဘုရားမ၏တံခွန် တိုင်သည်ရှမာရိမြို့တွင်ရှိမြဲရှိသေး၏။
7
ရှုရိဘုရင်၏မြေမှုန့်ကဲ့သို့ဖျက်ဆီးချေ မှုန်းခြင်းကိုခံရသဖြင့် ယောခတ်တွင်မြင်း စီးသူရဲငါးဆယ်၊ စစ်ရထားဆယ်စီးနှင့် ခြေလျင်တပ်သားတစ်သောင်းမျှသာကျန် ရှိတော့သည်။
8
ယောခတ်၏လက်ရုံးရည်နှင့်သူလုပ်ဆောင်ခဲ့သည့် အခြားအမှုအရာရှိသမျှကိုဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
9
သူကွယ်လွန်သောအခါရှမာရိမြို့တွင်သူ့ကို သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယဟောရှ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
10
ယုဒရှင်ဘုရင်ယောရှ၏နန်းစံသုံးဆယ့်ခုနစ် နှစ်မြောက်၌ ယောခတ်၏သားတော်ယဟောရှသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်းစံ လေသည်။-
11
သူသည်လည်းထာဝရဘုရားကိုပြစ်မှားကာ ဣသရေလအမျိုးသားတို့ကိုအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောယေရောဗောင်မင်း ၏ဒုစရိုက်လမ်းစဉ်ကိုလိုက်လျှောက်သူဖြစ်၏။-
12
ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
13
ယဟောရှကွယ်လွန်သွားသောအခါ သူ့ကို ရှမာရိမြို့ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
14
ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
15
ဧလိရှဲက``လေးနှင့်မြားတို့ကိုယူခဲ့လော့'' ဟု ဆိုသည့်အတိုင်းယဟောရှယူလာသောအခါ၊-
16
ဧလိရှဲက``လေးကိုတင်လော့'' ဟုဆို၏။ ထို အခါမင်းကြီးသည်လေးကိုတင်လေ၏။ ထို နောက်ဧလိရှဲသည် မိမိလက်ကိုမင်းကြီး ၏လက်ပေါ်တွင်တင်ပြီးလျှင်၊-
17
ရှုရိပြည်ဘက်သို့မျက်နှာမူလျက်ရှိသည့်ပြူ တင်းပေါက်ကို မင်းကြီးအားဖွင့်စေ၏။ ထိုနောက် ဧလိရှဲက``မြားကိုပစ်လော့'' ဟုအမိန့်ပေးသည့် အတိုင်းပစ်လေသော်ပရောဖက်က``သင်သည် ထာဝရဘုရား၏မြားဖြစ်၏။ ဘုရားရှင်သည် ထိုမြားအားဖြင့်ရှုရိပြည်ကိုအနိုင်ရတော် မူလိမ့်မည်။ သင်သည်အာဖက်မြို့တွင် ရှုရိအမျိုး သားတို့အားအနိုင်မရမချင်းတိုက်ခိုက်လိမ့် မည်'' ဟုဆို၏။
18
ထိုနောက်ဧလိရှဲသည်မင်းကြီးအား အခြား မြားတို့ကိုယူစေ၍``မြေကြီးကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းသုံးကြိမ်ရိုက်ပြီးလျှင် ရပ်လိုက်၏။-
19
ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
20
ဧလိရှဲကွယ်လွန်သွားသောအခါ သူ့ကိုသင်္ဂြိုဟ် ကြ၏။ မောဘပြည်သားတို့သည်နှစ်စဉ်နှစ်တိုင်း ဣသ ရေလပြည်ကိုချင်းနင်းဝင်ရောက်လေ့ရှိကြ၏။
21
အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။
22
ယောခတ်၏လက်ထက်ကာလပတ်လုံးဣသရေလ အမျိုးသားတို့သည် ရှုရိဘုရင်ဟာဇေလ၏ နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရကြ၏။-
23
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
24
ရှုရိဘုရင်ဟာဇေလကွယ်လွန်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်နန်းတက်၏။-
25
ထိုကာလ၌ဣသရေလဘုရင်ယောခတ် မင်း၏သားတော်ယဟောရှသည် ဗင်္ဟာဒဒ်ကို သုံးကြိမ်တိုင်တိုင်နှိမ်နင်းပြီးလျှင် ခမည်း တော်ယောခတ်လက်ထက်၌ဗင်္ဟာဒဒ်သိမ်းယူ သွားသောမြို့ကိုပြန်လည်သိမ်းယူလေသည်။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25