bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 17
2 Kings 17
Burmese (BCL) (Common Language Bible)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
1
ယုဒဘုရင်အာခတ်၏နန်းစံတစ်ဆယ့်နှစ်နှစ် မြောက်၌ ဧလာ၏သားဟောရှေသည်ဣသရေ လဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင် ကိုးနှစ်နန်းစံလေသည်။-
2
သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
3
အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာစစ်ချီ လာသောအခါ ဟောရှေသည်အရှုံးပေးပြီး လျှင်နှစ်စဉ်နှစ်တိုင်းအခွန်ဘဏ္ဍာဆက်သ လေသည်။-
4
သို့ရာတွင်နှစ်တစ်နှစ်တွင်ဟောရှေသည် အီဂျစ် ဘုရင်သွာမင်းထံသို့သံတမန်များစေလွှတ်၍ အကူအညီတောင်းခံပြီးလျှင် အာရှုရိပြည် သို့အခွန်ဘဏ္ဍာမဆက်သဘဲနေ၏။ ဤအခြင်း အရာကိုရှာလမနေဇာသိရှိသောအခါ ဟောရှေအားဖမ်းဆီး၍ထောင်သွင်းထားစေ၏။
5
ထိုနောက်ရှာလမနေဇာသည်ဣသရေလပြည် သို့ချင်းနင်းဝင်ရောက်ကာ ရှမာရိမြို့ကိုဝိုင်း ရံထား၏။ သုံးနှစ်မျှကြာသောအခါ၊-
6
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
7
ရှမာရိမြို့ကျဆုံးရသည်မှာဣသရေလအမျိုး သားတို့သည် မိမိတို့အားအီဂျစ်ဘုရင်၏လက် မှကယ်ဆယ်ကာအီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည်အခြားဘုရားများကိုကိုးကွယ် ဝတ်ပြုကြ၏။-
8
ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
9
ဣသရေလအမျိုးသားတို့သည် မိမိတို့၏ ဘုရားသခင်ထာဝရဘုရားမနှစ်သက် သည့်အမှုတို့ကိုပြုကြ၏။ သူတို့သည်မိမိ တို့၏အငယ်ဆုံးသောရွာများမှအကြီး ဆုံးသောမြို့များတိုင်အောင် ရှိရှိသမျှသော မြို့ရွာတို့တွင်ရုပ်တုကိုးကွယ်ဝတ်ပြုရာ ဌာနများကိုတည်ဆောက်လျက်၊-
10
တောင်ကုန်းရှိသမျှတို့တွင်လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့၏အောက်တွင် လည်းကောင်း၊ ကျောက်တိုင်များနှင့်အာရှရဘုရား မ၏တံခွန်တိုင်များကိုထားရှိကြ၏။-
11
ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
12
ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
13
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
14
သို့ရာတွင်သူတို့သည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ကြ၊ မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအား ယုံကြည် ကိုးစားမှုမပြုသူဘိုးဘေးတို့ကဲ့သို့ ခေါင်းမာလျက်နေကြ၏။-
15
သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
16
သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်ရှိသမျှကိုချိုးဖောက် ကြလျက် ကိုးကွယ်ရန်နွားလားဥသဘရုပ် နှစ်ကောင်ကိုသွန်းလုပ်ကြ၏။ သူတို့သည် အာရှရဘုရားမရုပ်တုကိုလည်းပြုလုပ် ကြ၏။ ကြယ်နက္ခတ်များကိုရှိခိုး၍ဗာလ ဘုရားကိုကိုးကွယ်ကြ၏။-
17
သူတို့သည်မိမိတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ်ဖြင့် ရုပ်တုတို့အားပူဇော် ကြ၏။ နတ်ဝင်သည်များ၊ ဗေဒင်ဆရာများ နှင့်တိုင်ပင်ကာထာဝရဘုရား၏ရှေ့တော်တွင် မှားယွင်းသည့်အမှုများကိုသာလျှင်ပြု လုပ်သောအားဖြင့်ကိုယ်တော်၏အမျက်တော် ကိုလှုံ့ဆော်ကြ၏။-
18
ထာဝရဘုရားသည်ဣသရေလအမျိုးဖြစ်သူ တို့အားအမျက်ထွက်တော်မူသဖြင့် ရှေ့တော် မှောက်မှနှင်ထုတ်တော်မူ၏။ ယုဒနိုင်ငံကို သာကျန်ရှိစေတော်မူ၏။
19
သို့ရာတွင်ယုဒပြည်သူတို့ပင်လျှင်မိမိတို့ ဘုရားသခင်ထာဝရဘုရား၏ပညတ်တော် တို့ကိုမစောင့်ထိန်းကြ။ သူတို့သည်ဣသရေလ ပြည်သူတို့ခံယူကျင့်သုံးခဲ့သည့်ဋ္ဌလေ့ထုံးစံ များကိုအတုခိုးကြ၏။-
20
ထာဝရဘုရားသည်ဣသရေလအမျိုးသား အပေါင်းတို့ကိုစွန့်တော်မူ၏။ သူတို့အားမျက် မှောက်တော်မှနှင်ထုတ်၍ ရက်စက်သည့်ရန်သူ များ၏လက်သို့အပ်နှင်းတော်မူသည့်တိုင် အောင်ဒဏ်ခတ်တော်မူ၏။
21
ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
22
သူတို့သည်ယေရောဗောင်၏အတုကိုယူ၍ သူပြုသမျှအပြစ်ကိုပြုကြ၏။-
23
ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
24
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
25
ယင်းသို့နေထိုင်စဉ်သူတို့သည်ထာဝရဘုရား ကိုမကိုးကွယ်ကြ။ သို့ဖြစ်၍ကိုယ်တော်သည် ခြင်္သေ့များကိုစေလွှတ်၍လူအချို့ကိုကိုက် သတ်စေတော်မူ၏။-
26
ရှမာရိပြည်သို့သွားရောက်နေထိုင်ကြသည့် လူတို့သည် ထိုပြည်စောင့်နတ်ဘုရား၏တရား ကိုမသိနားမလည်ကြသဖြင့် ထိုဘုရား သည်ခြင်္သေ့များကိုစေလွှတ်၍ သူတို့အား ကိုက်သတ်စေကြောင်းကိုအာရှုရိဧကရာဇ် ဘုရင်ကြားသိသောအခါ၊-
27
မင်းကြီးက``ထိုပြည်မှငါတို့ဖမ်းဆီးခဲ့ သောသုံ့ပန်းများအနက် ယဇ်ပုရောဟိတ် တစ်ပါးကိုပြန်၍စေလွှတ်လော့။ လူတို့အား ထိုပြည်စောင့်ဘုရား၏တရားကိုသွန်သင် ပေးနိုင်ရန်သူ့အား ထိုပြည်သို့ပြန်လည် သွားရောက်နေထိုင်စေကြလော့'' ဟုမိန့် တော်မူ၏။-
28
သို့ဖြစ်၍ရှမာရိပြည်မှသုံ့ပန်းများအနက် ဣသရေလယဇ်ပုရောဟိတ်တစ်ပါးသည် ဗေသလမြို့သို့သွားရောက်နေထိုင်၍ ထာဝရ ဘုရားအားအဘယ်သို့ကိုးကွယ်ရမည်ကို လူတို့အားသွန်သင်၏။
29
သို့ရာတွင်ရှမာရိပြည်တွင်လာရောက်နေထိုင် ကြသူတို့သည် မိမိတို့သက်ဆိုင်ရာရုပ်တုများ ကိုပြုမြဲပြုလုပ်၍ ဣသရေလအမျိုးသား တို့တည်ဆောက်ခဲ့သည့်တန်ဆောင်းများတွင်ထား ရှိကြ၏။ ထိုသူတို့သည် အုပ်စုအလိုက်သက် ဆိုင်ရာရုပ်တုများကိုမိမိတို့နေထိုင်ရာ မြို့များတွင်ပြုလုပ်ကြ၏။-
30
ဗာဗုလုန်မြို့သားတို့ကသုကုတ်ဗေနုတ် ဘုရားရုပ်တုများကိုလည်းကောင်း၊ ကုသ မြို့သားတို့ကနေရဂါလဘုရားရုပ်တု များကိုလည်းကောင်း၊ ဟာမတ်မြို့သားတို့က အရှိမဘုရားရုပ်တုများကိုလည်းကောင်း၊-
31
အာဝမြို့သားတို့က နိဗဟာဇနှင့်တာတက် ဘုရားရုပ်တုများကိုလည်းကောင်းပြုလုပ် ကြလေသည်။ သေဖရဝိမ်မြို့သားတို့သည် အာဒြမ္မေလက်နှင့်အနမ္မေလက်ဘုရားတို့အား မိမိတို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်ပူဇော်ကြ၏။-
32
ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။-
33
သူတို့သည်ထာဝရဘုရားအားကိုးကွယ် ကြသော်လည်း မိမိတို့ထွက်ခွာလာသည့်တိုင်း ပြည်များ၏ဋ္ဌလေ့ထုံးစံများအရသက် ဆိုင်ရာဘုရားများကိုလည်းကိုးကွယ်ကြ လေသည်။
34
သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-
35
ထာဝရဘုရားသည်သူတို့နှင့်ပဋိညာဉ်ဖွဲ့ တော်မူ၍``သင်တို့သည်အခြားဘုရားများ ကိုဝတ်မပြုရှိမခိုးကြနှင့်။ သူတို့ရှေ့တွင် ဦးမညွှတ်ကြနှင့်။ သူတို့အားဝတ်ပြုကိုးကွယ် မှုကိုသော်လည်းကောင်း၊ ယဇ်ပူဇော်မှုကို သော်လည်းကောင်းမပြုကြနှင့်၊-
36
သင်တို့သည်မိမိတို့အားမဟာတန်ခိုးစွမ်း ရည်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော ငါထာဝရဘုရား၏စကားကို နားထောင်ရကြမည်။ သင်တို့သည်ငါ့အား ဦးညွှတ်ပျပ်ဝပ်လျက်ယဇ်များကိုပူဇော်ရ ကြမည်။-
37
သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
38
သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို မမေ့မလျော့ရ။-
39
သင်တို့၏ဘုရားသခင်ငါထာဝရဘုရား၏ စကားကိုနားထောင်ရကြမည်။ ငါသည်လည်း သင်တို့အား ရန်သူတို့လက်မှကယ်ဆယ်မည်'' ဟုပညတ်တော်မူခဲ့၏။-
40
သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။
41
သို့ဖြစ်၍ထိုသူတို့သည်ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း မိမိတို့၏ရုပ်တုများ ကိုလည်းကိုးကွယ်ကြ၏။ သူတို့၏သားမြေး တို့သည်လည်း ယနေ့တိုင်အောင်ဤနည်း အတိုင်းဆက်လက်ပြုကျင့်ကြကုန်သည်။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25