bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 25
2 Kings 25
Burmese (BCL) (Common Language Bible)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
1
ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
2
ထိုနောက်ဇေဒကိ၏နန်းစံတစ်ဆယ့်တစ်နှစ် မြောက်တိုင်အောင် မြို့ကိုဝိုင်းထား၏။-
3
ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
4
ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
5
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
6
ရန်သူတို့သည်ဇေဒကိအားနေဗုခဒ်နေဇာ မင်းရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားကြ ရာ နေဗုခဒ်နေဇာသည်ထိုအရပ်၌ပင်စီရင် ချက်ချမှတ်လေသည်။-
7
ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
8
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
9
ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
10
သူ၏တပ်သားတို့သည်မြို့ရိုးကိုဖြိုချကြ၏။-
11
ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
12
သို့ရာတွင်ဆင်းရဲသားအချို့တို့ကိုမူယုဒ ပြည်တွင် စပျစ်ဥယျာဉ်များနှင့်လယ်ယာများ တွင်အလုပ်လုပ်စေရန်ထားခဲ့လေသည်။
13
ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။-
14
သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက်အသုံး ပြုသည့် တူရွင်းပြားများ၊ ပြာခွက်များမီးခွက် များကိုတိုက်ချွတ်ပြင်ဆင်ရာ၌အသုံးပြုသည့် တန်ဆာပလာများ၊ ယဇ်ကောင်သွေးခံခွက်ဖလား များ၊ နံ့သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်းကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့် အခြားကြေးဝါပစ္စည်းအသုံးအဆောင် များကိုလည်းယူဆောင်သွားကြ၏။-
15
သူတို့သည်မီးကျီးခဲများသယ်ယူရာ၌ အသုံးပြုသည့် ခွက်ငယ်ကလေးများနှင့်အိုး ကင်းများအပါအဝင်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်းယူဆောင် သွားကြသည်။-
16
ဗိမာန်တော်အတွက်ရှောလမုန်မင်းပြုလုပ်ခဲ့ သောကြေးဝါပစ္စည်းများဖြစ်သည့်တိုင်ကြီးနှစ်လုံး၊ လှည်းများနှင့်ရေစည်ကြီးတို့သည်ချိန်တွယ်၍ မရအောင်ပင်လေးလံပေသည်။-
17
ထိုတိုင်ကြီးနှစ်လုံးမှာဆင်တူဖြစ်၍တစ်တိုင် လျှင် နှစ်ဆယ့်ခုနစ်ပေမြင့်လေသည်။ ယင်းတို့ ကိုအမြင့်လေးပေခွဲရှိကြေးဝါတိုင်ထိပ်အုပ် များတပ်ဆင်ထား၏။ ထိုတိုင်ထိပ်အုပ်တို့၏ပတ် လည်တွင် ကြေးဝါကွန်ရွက်နှင့်ကြေးဝါသလဲ သီးများဖြင့်ချယ်လှယ်၍ထားသတည်း။
18
ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
19
ယုဒတပ်မှူးဟောင်း၊ မင်းကြီး၏အတိုင်ပင်ခံ အမတ်ငါးဦး၊ တပ်မတော်မှတ်တမ်းထိန်းလက် ထောက်တပ်မှူးနှင့်အခြားအရေးပါအရာ ရောက်သူလူခြောက်ဆယ်တို့ကိုလည်းကောင်း ယေရုရှလင်မြို့မှဖမ်းဆီး၍၊-
20
ဗာဗုလုန်ဘုရင်ရှိရာဟာမတ်ပြည်ရိဗလ မြို့သို့ခေါ်ဆောင်သွားရာမင်းကြီးသည် ထိုမြို့ တွင်သူတို့အားဒဏ်ပေးပြီးမှကွပ်မျက်လိုက်၏။ သို့ဖြစ်၍ယုဒပြည်သူတို့သည်တိုင်းတစ်ပါး သို့ပြည်နှင်ဒဏ်ခံရကြလေသတည်း။
22
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ရှာဖန် ၏မြေး၊ အဟိကံ၏သား၊ ဂေဒလိအားယုဒ ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် ပြည်သို့ဖမ်းသွားခြင်းမခံရကြသူတို့ အားအုပ်ချုပ်စေ၏။-
23
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
24
ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။
25
သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
26
ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
27
ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
28
ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
29
သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များကိုလဲ ခွင့်ရလျက် မိမိအသက်ရှည်သမျှကာလပတ် လုံးမင်းကြီးနှင့်အတူပွဲတော်တည်ခွင့်ကိုရရှိ လေသည်။-
30
မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်နေ့စဉ်မှန်မှန် အသုံးစရိတ်ကိုလည်း တစ်သက်လုံးရရှိ၏။ ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25