bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 16
2 Kings 16
Burmese (BCL) (Common Language Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
1
ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
3
ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-
4
ရုပ်တုကိုးကွယ်ရာဌာနများဖြစ်သောတောင် ကုန်းများနှင့် အရိပ်ကောင်းသည့်သစ်ပင်အောက် တို့တွင်အာခတ်သည်ယဇ်များကိုပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
5
ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
6
(ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-)
7
အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
8
အာခတ်သည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်ထဲမှရွှေ၊ ငွေတို့ကိုယူ၍ဧကရာဇ် မင်းအားလက်ဆောင်ပဏ္ဏာအဖြစ်ဆက်သ လေသည်။-
9
တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
10
အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
11
သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
12
ဒမာသက်မြို့မှပြန်၍ရောက်ရှိလာသော အခါ အာခတ်မင်းသည်တည်ဆောက်ပြီး သည့်ယဇ်ပလ္လင်ကိုမြင်လေလျှင်၊-
13
ထိုပလ္လင်ပေါ်တွင်ယဇ်ကောင်များနှင့်ဘောဇဉ် ပူဇော်သကာများကိုမီးရှို့ပူဇော်၏။ ထိုနောက် စပျစ်ရည်ပူဇော်သကာများနှင့် မိတ်သဟာယ ယဇ်ဆိုင်ရာသွေးတို့ကိုလည်း ထိုယဇ်ပလ္လင်ပေါ် တွင်သွန်းလောင်းလေသည်။-
14
ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
15
ဥရိယအား``ငါ၏ယဇ်ပလ္လင်ကြီးကိုနံနက်ချိန် မီးရှို့ရာယဇ်နှင့် ညနေချိန်ဘောဇဉ်ပူဇော်သကာ များအတွက်လည်းကောင်း၊ ဘုရင်နှင့်ပြည်သူတို့ ၏မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာများ၊ ပြည်သူတို့၏စပျစ်ရည်ပူဇော်သကာများ အတွက်လည်းကောင်းအသုံးပြုလော့။ ထိုယဇ် ပလ္လင်ပေါ်တွင်ယဇ်ကောင်ရှိသမျှတို့၏သွေး ကိုသွန်းလောင်းလော့။ ကြေးဝါပလ္လင်မှာငါ အတိတ်နိမိတ်ဖတ်ခြင်းကိုမေးလျှောက်ရာ ဖြစ်ရမည်'' ဟုအမိန့်ပေးသည့်အတိုင်း၊-
16
ဥရိယသည်ပြုလေ၏။
17
အာခတ်မင်းသည်ဗိမာန်တော်တွင်အသုံးပြု သည့်ကြေးဝါလှည်းတို့ကိုယူ၍ ယင်းတို့အပေါ် ရှိအင်တုံများကိုဖယ်ရှားလိုက်လေသည်။ သူ သည်ကြေးဝါနွားလားဥသဘရုပ်တစ်ဆယ့် နှစ်ကောင်၏ကျောက်ကုန်းထက်မှ ကြေးဝါကန် များကိုလည်းယူ၍အောက်ခံကျောက်ပေါ်တွင် ထားရှိလေသည်။-
18
ထိုနောက်အာရှုရိဧကရာဇ်ဘုရင်နှစ်သက် စေရန် အာခတ်သည်ဗိမာန်တော်ရှိရာဇပလ္လင် တည်ရာစင်မြင့်ကိုဖယ်ရှားပြီးလျှင် ဘုရင် အတွက်သီးသန့်ထားသည့်ဗိမာန်တော် အဝင်ဝကိုလည်းပိတ်လိုက်၏။
19
အာခတ်မင်းလုပ်ဆောင်ခဲ့သောအခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
20
အာခတ်ကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဟေဇကိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25