bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Kings 5
2 Kings 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
1
ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-
2
ရှုရိအမျိုးသားတို့သည်အခါတစ်ပါးက ဣသ ရေလအမျိုးသားတို့အားလုယက်တိုက်ခိုက်ကြ ရာဝယ် ဣသရေလအမျိုးသမီးသူငယ်မတစ် ယောက်ကိုဖမ်းဆီးရမိခဲ့၏။ သူသည်နေမန် ၏ဇနီးထံတွင်အစေခံရလေသည်။-
3
တစ်နေ့သောအခါသူသည်မိမိ၏သခင်မ အား``ကျွန်မတို့သခင်သည်ရှမာရိမြို့တွင်နေ ထိုင်သူပရောဖက်ထံသို့သွားနိုင်ပါက အဘယ် မျှကောင်းပါမည်နည်း။ ထိုပရောဖက်သည်သခင် ၏ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ လိမ့်မည်'' ဟုပြော၏။-
4
ဤစကားကိုကြားသောအခါနေမန်သည်မင်း ကြီးထံသို့သွား၍ သူငယ်မပြောသည့်စကား ကိုသံတော်ဦးတင်၏။-
5
မင်းကြီးက``ဣသရေလဘုရင်ထံသို့သွား၍ဤ စာကိုပေးလော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍နေမန် သည်ငွေသားသုံးသောင်း၊ ရွှေသားခြောက်ထောင်နှင့် ဝတ်စားတန်ဆာဆယ်စုံကိုယူ၍ထွက်ခွာသွား လေသည်။-
6
သူယူဆောင်သွားသည့်စာတွင်``ယခုစာနှင့်လာသူ ကျွန်ုပ်၏အမှုထမ်းနေမန်၏ရောဂါကိုပျောက်ကင်း အောင်ကုသပေးရန် ဤစာနှင့်တကွအဆွေတော် ထံလွှတ်လိုက်သည်'' ဟုပါရှိ၏။
7
ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
8
ပရောဖက်ဧလိရှဲသည်ဤအဖြစ်အပျက်ကို ကြားသိသောအခါ``အဘယ်ကြောင့်အရှင်သည် ဤမျှစိတ်အနှောက်အယှက်ဖြစ်တော်မူရပါ သနည်း။ ဣသရေလပြည်တွင်ပရောဖက်ရှိ ကြောင်းသိစေရန် သူ့အားငါ့ထံသို့လွှတ် လိုက်ပါလော့'' ဟုမင်းကြီးအားမှာလိုက်လေ သည်။
9
သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။-
10
ဧလိရှဲကသူ့အား``သင်သည်ယောဒန်မြစ်တွင် ခုနစ်ကြိမ်တိုင်တိုင်ရေချိုးပါလျှင် သင်၏ရောဂါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်'' ဟုအစေခံ ကိုလွှတ်၍ပြောကြားစေ၏။-
11
သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။-
12
ထို့ပြင်ဒမာသက်မြို့ရှိအာဗနမြစ်နှင့်ဖာဖာ မြစ်တို့သည် ဣသရေလမြစ်ရှိသမျှထက်ပို၍ ကောင်းသဖြင့် ထိုမြစ်တို့တွင်ရေချိုး၍ရောဂါ ကိုပျောက်ကင်းနိုင်သည်မဟုတ်လော'' ဟုဆို၍ ပြန်လေသည်။
13
သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။-
14
သို့ဖြစ်၍နေမန်သည်ယော်ဒန်မြစ်သို့ဆင်းပြီး လျှင် ဧလိရှဲညွှန်ကြားခဲ့သည့်အတိုင်း ခုနစ်ကြိမ် တိုင်တိုင်မိမိကိုယ်ကိုရေတွင်နှစ်လိုက်သောအခါ ရောဂါလုံးဝပျောက်ကင်းသွားလေသည်။ သူ၏ အသားအရေသည်ကလေးသူငယ်၏အသား အရေကဲ့သို့တောင့်တင်းစိုပြေလာ၏။-
15
သူသည်မိမိ၏နောက်လိုက်နောက်ပါအပေါင်းနှင့် အတူ ဧလိရှဲထံသို့ပြန်သွားပြီးလျှင်'' ဣသရေလ အမျိုးသားတို့၏ဘုရားမှတစ်ပါး အခြားဘုရား မရှိကြောင်းကိုယခုအကျွန်ုပ်သိပါပြီ။ သို့ဖြစ်၍ အရှင်၊ အကျွန်ုပ်ပေးလှူသောလက်ဆောင်ကိုလက်ခံ တော်မူပါ'' ဟုပြော၏။
16
ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။ နေမန်သည်ဧလိရှဲအားလက်ဆောင်ကိုလက်ခံ ပါရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်းဧလိရှဲ သည်လက်မခံဘဲနေ၏။-
17
သို့ဖြစ်၍နေမန်က``အကျွန်ုပ်ပေးလှူသောလက် ဆောင်ကိုအရှင်လက်မခံပါမူ လားနှစ်စီးတင် မြေကိုအကျွန်ုပ်၏နေရင်းပြည်သို့ယူဆောင် သွားခွင့်ပြုတော်မူပါ။ အဘယ်ကြောင့်ဆိုသော်ယခုမှစ၍အကျွန်ုပ် သည် ဘုရားသခင်မှတစ်ပါးအခြားအဘယ် ဘုရားကိုမျှ မီးရှို့ရာယဇ်သို့မဟုတ်အခြား အဘယ်ယဇ်ကိုမျှပူဇော်တော့မည်မဟုတ် သောကြောင့်ဖြစ်ပါ၏။-
18
ထိုကြောင့်အကျွန်ုပ်သည်မိမိ၏ဘုရင်နှင့်အတူ ရှုရိဘုရားရိမ္မုန်ဗိမာန်သို့လိုက်ပါသွားရောက်၍ ကိုးကွယ်ဝတ်ပြုခဲ့သည့်အပြစ်အတွက်ထာဝရ ဘုရားသည် အကျွန်ုပ်အားအပြစ်လွှတ်တော်မူလိမ့် မည်ဟုမျှော်လင့်ပါ၏။ ထာဝရဘုရားသည်အကျွန်ုပ် အားအမှန်ပင်အပြစ်လွှတ်တော်မူပါလိမ့်မည်'' ဟုဆို၏။
19
ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။ သူသည်သွား၍အဝေးသို့မရောက်မီ၊-
20
ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
21
နေမန်၏နောက်သို့လိုက်လေ၏။ နေမန်သည်မိမိ ၏နောက်သို့လူတစ်ယောက်လိုက်လာသည်ကိုမြင် သောအခါ ထိုသူနှင့်တွေ့ဆုံရန်ရထားပေါ်မှ ဆင်း၍``အရေးကိစ္စတစ်စုံတစ်ရာရှိပါသလော'' ဟုမေး၏။
22
ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
23
နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။-
24
သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။-
25
သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။
26
သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
27
ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25