bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 1
Song of Solomon 1
Burmese MCLZV
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
1
ရှောလမုန်မင်းကြီးသီကုန်းသော သီချင်းတကာတို့တွင် အသာယာဆုံးသီချင်း၊
2
ကျွန်မသည် အရှင်၏နမ်းရှုပ်ခြင်းကို အကြိမ်ကြိမ်ခံရပါ၏။ အရှင့်မေတ္တာသည် စပျစ်ရည်ထက်နှစ်လိုဖွယ် ကောင်းပါသည်။
3
အရှင်လိမ်းကျံသောဆီသည်မွှေးကြိုင်လျက်နေပါ၏။ အရှင်၏အမည်ကထိုရနံ့ကိုပြန်လည် သတိရစေပါ၏။ အဘယ်အမျိုးသမီးမျှအရှင့်အား မချစ်ဘဲမနေနိုင်ပါ။
4
ကျွန်မအားအရှင်နှင့်အတူခေါ်ဆောင်သွားပါလော့။ ကျွန်မတို့အလျင်အမြန်သွားကြပါစို့။ ကျွန်မ၏ဘုရင်ဖြစ်တော်မူပါ။ အိမ်တော်အတွင်းခန်းထဲသို့ကျွန်မအား ခေါ်ဆောင်တော်မူပါ။ ကျွန်မတို့သည် ပျော်ရွှင်စွာနေကြပါမည်။ စပျစ်ရည်ကိုသောက်၍ ချစ်တင်းနှောကြပါမည်။ အမျိုးသမီးတိုင်းပင်အရှင့်အားချစ်ကြသည်မှာ အံ့ဩဖွယ်မရှိပါ။
5
ယေရုရှလင်မြို့သူတို့၊ ကျွန်မသည်အသား မည်းနက်သော်လည်း အဆင်းလှပါ၏။ ကေဒါသဲကန္တာရရှိတဲရှင်ကဲ့သို့မည်းနက်သော်လည်း ရှောလမုန်မင်း၏နန်းတော်ကန့်လန့်ကာကဲ့သို့လှပါ၏။
6
ကျွန်မ၏အသားအရေသည်နေပူခံရ၍ မည်းနက်လျက်နေသဖြင့် ကျွန်မအားအထင်မသေးကြပါနှင့်။ ကျွန်မ၏အစ်ကိုများသည်ကျွန်မအား အမျက်ထွက်သဖြင့် စပျစ်ဥယျာဉ်တွင် အလုပ်လုပ်စေပါ၏။ ကျွန်မသည် မိမိကိုယ်ကိုအလှပြင်ရန်ပင် အချိန်မရပါ။
7
ကျွန်မ၏ချစ်သူမောင်တော်၊ အရှင်၏သိုးစုအားအဘယ်အရပ်တွင် ထိန်းကျောင်းမည်ကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အဘယ်အရပ်တွင် နားစေမည်ကိုလည်းကောင်း၊ ကျွန်မအားပြောပြပါလော့။ ကျွန်မသည် အဘယ်ကြောင့်အရှင့်အား အခြားသိုးထိန်းတို့၏သိုးစုများတွင် ရှာဖွေရပါမည်နည်း။
8
ချစ်စရာအကောင်းဆုံးအမျိုးသမီး၊ ထိုအရပ်ကို သင်မသိပါလျှင် သိုးအုပ်နောက်သို့လိုက်၍ သိုးထိန်းတို့၏ တဲရှင်များအနီးတွင် သင်၏ဆိတ်တို့အတွက် စားကျက်ကိုရှာပါလော့။
9
ငါ၏ချစ်နှမ၊ မြင်းမသည်ဖာရောမင်း၏ရထားတွင် ကသည့်မြင်းလားတို့၏စိတ်လှုပ်ရှား နူးညွတ်စေသကဲ့သို့ သင်သည်အမျိုးသားတို့၏စိတ်ကိုလှုပ်ရှား နူးညွတ်စေပါ၏။
10
သင်၏ဆံပင်သည် သင့်ပါးပြင်ပေါ်တွင်လှပလျက်၊ ကျောက်မျက်ရတနာသဖွယ်၊ သင်၏လည်တိုင်တစ်လျှောက်တွင် ကျဆင်း၍နေပါ၏။
11
သင်၏အတွက်ငွေနှင့် ချယ်လှယ်ထားသော ရွှေဆွဲကြိုးကိုငါတို့ပြုလုပ်ပေးပါမည်။
12
ကျွန်မ၏ဘုရင်သည်ညောင်စောင်းထက်တွင် စံတော်မူစဉ် ကျွန်မ၏ထံမှနံ့သာဆီမွှေးရနံ့သည် ပျံ့နှံ့လျက်နေပါ၏။
13
ကျွန်မ၏ရင်ခွင်တွင်ချစ်သူလျောင်း၍နေစဉ်သူ့ထံမှ မုရန်ရနံ့ကို ကျွန်မရရှိပါ၏။
14
ကျွန်မ၏ချစ်သူသည် အင်္ဂေဒိစပျစ်ဥယျာဉ်တွင် ပွင့်သည့်တောပန်းများနှင့်တူ၏။
15
ငါ၏ချစ်နှမ၊ သင်သည်အလွန်ရှုချင်ဖွယ် ကောင်းပါပေသည်။ သင်၏မျက်စိများသည် အချစ်ရောင်သန်းလျက် နေသည်တကား။
16
ကျွန်မ၏အချစ်ဆုံးမောင်တော်၊ အရှင်သည် အလွန်ပင်ရုပ်ရည်ချောလျက် နှစ်လိုဖွယ်ကောင်းလှပါသည်တကား။ ကျွန်မတို့သည်စိမ်းလန်းသောမြက်ခင်းကို မိမိတို့အိပ်ရာအဖြစ်လည်းကောင်း၊
17
သစ်ကတိုးပင်များကိုထုပ်လျောက်များ အဖြစ်လည်းကောင်း၊ ထင်းရှူးပင်များကို မျက်နှာကျက် အဖြစ်ဖြင့်လည်းကောင်းထားရှိကြပါမည်။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
All chapters:
1
2
3
4
5
6
7
8