bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 2
Song of Solomon 2
Burmese MCLZV
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
1
ကျွန်မသည် ရှာရုန်လွင်ပြင်တွင်ပေါက်သည့် တောပန်းပွင့်၊ တောင်ချိုင့်ဝှမ်းတွင်ပေါက်သည့် နှင်းပွင့်မျှသာဖြစ်ပါ၏။
2
ငါ၏ချစ်သူသည် အမျိုးသမီးများအလယ်တွင် ဆူးတောတွင်ပေါက်သော နှင်းပန်းသဖွယ်ဖြစ်ပါ၏။
3
ကျွန်မ၏အချစ်ဆုံးမောင်တော်ကို အခြားအမျိုးသားများနှင့် နှိုင်းယှဉ်ကြည့်ပါက၊ သူသည်သစ်တောတွင်းသစ်ပင်များအလယ်တွင် ပေါက်သောသစ်သော့ပင်နှင့်တူပါ၏။ ကျွန်မသည်ထိုသခင်၏အရိပ်နားတွင်နားနေရန် နှစ်သက်ပါ၏။ ယင်း၏အသီးကိုစားရသည်မှာအရသာရှိပါ၏။
4
မောင်တော်သည်မိမိစားသောက်ပွဲခင်းကျင်းရာ၊ ခန်းမဆောင်သို့ကျွန်မကိုခေါ်ဆောင်ကာ၊ ကျွန်မအားအချစ်ရောင်သန်းသည့်မျက်စိများဖြင့် ကြည့်တော်မူပါ၏။
5
ကျွန်မသည်ချစ်စိတ်ကြောင့်နွမ်းနယ်နေပါ၏။ သူသည်ကျွန်မအားစပျစ်သီးခြောက်များကို ကျွေး၍အားဖြည့်ပေးပါ၏။ သစ်သော့သီးများကိုကျွေး၍လန်းဆန်းစေပါ၏။
6
သူသည် မိမိ၏လက်ဝဲလက်ပေါ်တွင် ကျွန်မကိုအိပ်စက်စေလျက် လက်ယာလက်ဖြင့် ဖက်လျက်နေတော်မူ၏။
7
ယေရုရှလင်မြို့သူတို့၊ ကျွန်မတို့ချစ်ခြင်းမေတ္တာကို အနှောင့်အယှက်မပေးပါဟုကတိပြုကြလော့။ လျင်မြန်သည့်သမင်ဒရယ်တို့ကိုတိုင်တည်၍ ကျိန်ဆိုကြလော့။
8
ကျွန်မသည် ချစ်သူ၏အသံကိုကြားပါ၏။ သူသည်တောင်ကြီးတောင်ငယ်များကိုဖြတ်ကျော် ပြေးလွှားကာ ကျွန်မထံသို့လာနေပါ၏။
9
ကျွန်မ၏ချစ်သူသည် သမင်နှင့်လည်းကောင်း ဆတ်ထီးပျိုနှင့်လည်းကောင်းတူပေသည်။ သူသည်နံရံအနီးတွင်ရပ်လျက်ပြူတင်းပေါက်များ မှလည်းကောင်း တရုပ်ကပ်ကြားမှလည်းကောင်း၊ ကျွန်မကို ကြည့်နေပါ၏။
10
ကျွန်မ၏ချစ်သူသည် ကျွန်မအားပြောဆိုသည်မှာ၊ ချစ်နှမလိုက်ခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။
11
ဆောင်းရာသီကုန်ဆုံးပြီဖြစ်၍ မိုးလည်းမရွာတော့ပါ။
12
မြေပြင်တစ်လျှောက်တွင် ပန်းများပွင့်လျက်နေပါ၏။ ဤအချိန်သည်ငှက်များမြည်တွန်ချိန်ဖြစ်၍ လယ်ပြင်များတွင်ချိုးကူသံကြားရပါ၏။
13
သင်္ဘောသီးတို့ မှည့်စပြုပြီ။ စပျစ်ပွင့်များ၏ရနံ့သည်လည်း ကြိုင်သင်းလျက်ရှိပါ၏။ သို့ဖြစ်၍ချစ်နှမလာခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။
14
သင်သည်ကျောက်ကြိုကျောက်ကြားတွင် ပုန်းလျက်နေသောချိုးငှက်နှင့်တူပါ၏။ ချစ်စဖွယ်ကောင်းသည့်သင့်မျက်နှာကိုမြင်ပါရစေ။ ချိုသာသည့်အသံကိုကြားပါရစေ။
15
အပွင့်များဖြင့်ဝေဆာလျက်နေသည့်ငါတို့ စပျစ်ဥယျာဉ်ကို မြေခွေးများ၊ မြေခွေးငယ်ကလေးများမဖျက်ဆီးမီ သူတို့ကိုဖမ်းဆီးပါလော့။
16
ကျွန်မ၏ချစ်သူကိုကျွန်မပိုင်၍၊ ကျွန်မကိုလည်း ချစ်သူကပိုင်ပါ၏။ သူသည်နံနက်လေပြေတိုက်ခတ်၍ မှောင်မိုက်ပျောက်လွင့်သွားချိန်တိုင်အောင် မိမိ၏သိုးစုအား၊ နှင်းပန်းတောတွင် ကျက်စားစေတော်မူ၏။ ကျွန်မ၏အသဲစွဲချစ်သူအရှင်သခင်သည် သမင်ဖိုကဲ့သို့လည်းကောင်း ဗေသာတောင်ရိုးများပေါ်ကဆတ်ထီးပျို ကဲ့သို့လည်းကောင်း၊ ပြန်ကြွတော်မူပါ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
All chapters:
1
2
3
4
5
6
7
8