bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 8
Song of Solomon 8
Burmese MCLZV
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
1
ကျွန်မသည်မောင်တော်အား ကျွန်မမိခင်၏နို့ချိုကို သောက်စို့ခဲ့သူ၊ ကျွန်မ၏အကိုအရင်းအချာ ဖြစ်စေချင်စမ်းပါဘိ။ သို့မှသာလျှင် ကျွန်မသည်မောင်တော်နှင့်လမ်းတွင် တွေ့ဆုံ၍ မောင်တော်အားနမ်းရှုပ်ခဲ့သော် သူတစ်ပါးတို့ကဲ့ရဲ့မည်မဟုတ်ပါ။
2
မောင်တော်အားကျွန်မမိခင်အိမ်သို့ခေါ်ဆောင်ကာ ကျွန်မအား၊ ချစ်ဖော်နှောနိသျည်းကို သွန်သင်ပေးနိုင်ရန် အမွှေးအကြိုင်စိမ်ထားသည့်စပျစ်ရည်ကိုလည်းကောင်း၊ သလဲရည်ကိုလည်းကောင်းတိုက်ပါမည်။
3
မောင်တော်သည်မိမိ၏လက်ဝဲလက်ပေါ်တွင် ကျွန်မကိုအိပ်စေလျက်၊ လက်ယာလက်ဖြင့် ဖက်လျက်နေတော်မူ၏။
4
အချင်းယေရုရှလင်မြို့သူတို့၊ ကျွန်မတို့၏ချစ်ခြင်းမေတ္တာကိုအနှောင့်အယှက် မပေးရန်ကတိပြုကြပါလော့။
5
မိမိချစ်သူနှင့်လက်တွဲ၍ သဲကန္တာရမှလာနေသူကား အဘယ်သူဖြစ်ပါသနည်း။ ကျွန်မသည်မောင်တော်မွေးဖွားရာအရပ် သစ်သော့ပင်အောက်တွင် မောင်တော်အားနှိုးခဲ့ပါ၏။
6
ကျွန်မမှတစ်ပါးအခြားအဘယ်သူကိုမျှ ချစ်တော်မမူပါနှင့်၊ ကျွန်မမှတစ်ပါးအခြားအဘယ်သူကိုမျှ ပိုက်ပွေ့တော်မမူပါနှင့်။ အချစ်စိတ်သည်သေခြင်းကဲ့သို့တန်ခိုးကြီးပါ၏။ အချစ်မီးသည်မရဏာနိုင်ငံကဲ့သို့ ခွန်အားကြီးပါ၏။ ယင်းသည်ရုတ်တရက်အလျှံထကာ၊ အရှိန်ပြင်းသည့် မီးကဲ့သို့လောင်ကျွမ်းစေတတ်၏။
7
အချစ်မီးကိုရေဖြင့်ငြိမ်းသတ်၍ မရနိုင်ပါ။ ယင်းကိုအဘယ်မြစ်ရေမျှလည်း မလွှမ်းမိုးနိုင်ပါ။ လူသည်မိမိ၏စည်းစိမ်ဥစ္စာဖြင့် မေတ္တာကို ဝယ်ယူရန်ကြိုးစားလျှင်၊ ကဲ့ရဲ့လှောင်ပြောင်ခြင်းကိုသာ ခံရမည်။
8
ငါတို့တွင် ရင်သားမပေါ်သေးသည့် ညီမငယ်တစ်ယောက်ရှိပါ၏။ သူ့အားချစ်ကြိုက်သူပေါ်လာသောအခါ ငါတို့အဘယ်သို့ပြုရကြပါမည်နည်း။
9
အကယ်၍သူသည်မြို့ရိုးဖြစ်ပါကငါတို့သည် ထိုမြို့ရိုးပေါ်တွင် ငွေပြအိုးကို တည်ဆောက်ပေးမည်။ အကယ်၍သူသည် မြို့ရိုးတံခါးပေါက်ဖြစ်လျှင်မူကား ငါတို့သည် ထိုတံခါးပေါက်တွင် သစ်ကတိုးမှန်ပုံတံခါးများတပ်ဆင်၍ အကွယ်အကာပေးကြပါမည်။
10
ကျွန်မသည်မြို့ရိုးဖြစ်၍ ကျွန်မ၏ရင်းသားတို့သည် မြို့ရိုးပြအိုးများဖြစ်ပါ၏။ ကျွန်မသည်သူနှင့်အတူနေရလျှင်ရောင့်ရဲ၍ ရွှင်လန်းချမ်းမြေ့လျက်ရှိကြောင်း ကျွန်မ၏ချစ်သူမောင်တော်သိပါ၏။
11
ရှောလမုန်မင်းတွင် ဗာလဟာမုန်နာမည်တွင်သော အရပ်၌ဥယျာဉ်တစ်ခုရှိပါ၏။ မင်းကြီးသည် ဥယျာဉ်စောင့်တို့ကိုရွေးချယ်၍ သီးစားချထားတော်မူပါ၏။ သူတို့သည် မင်းကြီးအားငွေသားတစ်ထောင်စီ ဆက်သရကြ၏။
12
ရှောလမုန်မင်းသည် မိမိရထိုက်သည့် ငွေတစ်ထောင်ကိုလည်းကောင်း မင်းကြီး၏ဥယျာဉ်စောင့်တို့သည်မိမိတို့ဝေစု ငွေသားနှစ်ရာစီကိုလည်းကောင်းယူနိုင်ကြပါ၏။ ငါသည်မိမိ၏ကိုယ်ပိုင်ဥယျာဉ်ကိုမိမိလက်ဝယ် သိမ်းထားပါ၏။
13
ငါ၏ချစ်နှမ၊ ဥယျာဉ်ထဲမှသင်၏အသံကို ငါကြားပါရစေ။ သင်၏စကားသံကိုငါ၏အပေါင်းအဖော် များသည်လည်းနားစွင့်လျက်နေကြပါ၏။
14
ကျွန်မ၏ချစ်သူမောင်တော်၊ ဒရယ်ငယ် ကဲ့သို့လည်းကောင်း၊ နံ့သာပင်မျိုးစုံတို့ပေါက်ရောက်ရာတောင်များပေါ်က ဆတ်ထီးပျိုကဲ့သို့လည်းကောင်း၊ ကျွန်မထံသို့ကြွလာတော်မူပါ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
All chapters:
1
2
3
4
5
6
7
8