bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 7
Song of Solomon 7
Burmese MCLZV
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 8 →
1
သင်သည်အလွန်အံ့ဩဖွယ်ကောင်းသည့် အမျိုးသမီးဖြစ်ပါသည်တကား။ ကြိုးသိုင်းဖိနပ်စီးထားသောသင်၏ခြေတို့သည် အလွန်လှပတင့်တယ်ပါပေသည်။ သင်၏တင်သားများသည်၊ ပန်ချီဆရာ၏ လက်ရာနှင့်တူပါ၏။
2
သင်၏ချက်သည် အမွှေးအကြိုင်စိမ်ထားသည့် စပျစ်ရည်ခွက်နှင့်တူပါ၏။ သင်၏၀မ်းသည်နှင်းပန်းများစီချယ်ထားသည့် ဂျုံစပါးပုံနှင့်တူပါ၏။
3
သင်၏ရင်သားများသည်ဒရယ် အမွှာညီနောင်နှင့်လည်းကောင်း၊ သမင်နှစ်ကောင်နှင့်လည်းကောင်းတူပါ၏။
4
သင်၏လည်တိုင်သည်ဆင်စွယ်ရဲတိုက်နှင့်တူ၍ သင့်မျက်လုံးများသည် ဟေရှဘုံမြို့တံခါးအနီးရှိ ရေအိုင်များနှင့်တူပါ၏။ သင်၏နှာတန်သည်ဒမာသက်မြို့ကိုကွယ်ကာလျက် နေသောလေဗနုန်ရဲတိုက်နှင့်တူပါ၏။
5
သင်၏ဦးခေါင်းသည် ကရမေလတောင်ထိပ်ကဲ့သို့ မော့လျက်နေပါ၏။ ကျစ်ထားသည့်သင့်ဆံပင်သည် ပိတုန်းရောင်ထ၍ ဘုရင်မင်းကိုပင်ပြုစားနိုင်စွမ်းရှိပါ၏။
6
သင်သည်အလွန်ပင်လှပပါပေသည်။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7
သင်ည်စွန်ပလွံပင်ကဲ့သို့ခန့်ညားတင့်တယ်လျက် သင်၏ရင်သားတို့သည် စွန်ပလွံသီးပြွတ်နှင့်တူပါ၏။
8
ငါသည်စွန်ပလွံပင်ကိုတက်၍အသီးများကို ဆွတ်ခူးပါမည်။ သင်၏ရင်သားတို့သည် စပျစ်သီးခိုင်နှင့်လည်းကောင်း၊ သင်ရှူထုတ်သောလေသည်သစ်သော့သီး ရနံ့နှင့်လည်းကောင်း၊
9
သင်၏နှုတ်သည်အချိုဆုံးစပျစ်ရည်နှင့်လည်းကောင်း၊ တူသည်ဟုငါထင်မှတ်၏။ ယင်းသို့ဖြစ်ပါမူထိုစပျစ်ရည်သည် ကျွန်ချစ်သူမောင်တော်၏နှုတ်ခမ်းများနှင့် သွားများကိုဖြတ်ကျော်၍ ခံတွင်းသို့ချောမွေ့စွာစီးဆင်းသွားပါစေ။
10
ကျွန်မ၏ချစ်သူမောင်တော်သည် ကျွန်မကိုပိုင်ပါ၏။ သူသည်ကျွန်မကိုတမ်းတလျက်နေပါ၏။
11
ကျွန်မ၏အသဲစွဲချစ်သူမောင်တော်၊ လာခဲ့ပါလော့။ လယ်ကွင်းများထဲသို့၊ သွားကြပါစို့။ ကျေးရွာများတွင် ညအခါတည်းခိုကြပါစို့။
12
ကျွန်မတို့သည်နံနက်စောစောထ၍စပျစ်ပင်များ ဖူးမဖူးကိုသော်လည်းကောင်း၊ စပျစ်ဖူးများအာလာသည်မလာသည် ကိုသော်လည်းကောင်း၊ သလဲပင်များပွင့်မပွင့်ကိုသော်လည်းကောင်း ကြည့်ရှုကြပါမည်။ ထိုအရပ်တွင်မောင်တော်အားကျွန်မ၏မေတ္တာကို အပ်နှင်းပါမည်။
13
ပီယဆေးသီးများ၏ရနံ့ကိုမောင်တော်ရရှိနိုင်ပါ၏။ ကျွန်မတို့အခန်းတံခါးအနီးတွင်ချိုမြိန်သော သစ်သီးမျိုးစုံရှိပါ၏။ အသည်းစွဲချစ်သူမောင်တော်၊ ကျွန်မသည် မောင်တော်အတွက်သစ်သီးမျိုးစုံကို သိုမှီးထားပါ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 8 →
All chapters:
1
2
3
4
5
6
7
8