bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 5
Song of Solomon 5
Burmese MCLZV
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
1
ငါ၏ကြင်ရာလောင်းနှမ၊ ငါ့ဥယျာဉ်တော်သို့ဝင်ခဲ့ပါပြီ။ ငါသည်မုရန်နှင့် သစ်ဆီမွှေးကိုစုသိမ်းလျက်၊ ရှိပါ၏။ ပျားရည်နှင့် ပျားလပို့ကိုစား၍ စပျစ်ရည်နှင့် နို့ကိုသောက်လျက်နေပါ၏။ ချစ်သူတို့စားကြလော့၊ သောက်ကြလော့။ မူးယစ်သည်တိုင်အောင်သောက်ကြလော့။
2
ကျွန်မသည် အိပ်ပျော်နေသော်လည်း ကျွန်မ၏စိတ်နှလုံးသည်နိုးထလျက်နေပါ၏။ အိပ်မက်ထဲတွင်ချစ်သူမောင်တော် တံခါးခေါက်သံကြားပါ၏။ ငါ၏အသဲစွဲချစ်သူ၊ ငါ၏ချိုးငှက်၊ အပြစ်ကင်းသူ၊ ငါ၏ချစ်နှမ၊ ငါ့အားဝင်ခွင့်ပြုပါလော့။ ငါ၏ဦးခေါင်းသည်နှင်းနှင့်လည်းကောင်း၊ ငါ၏ဆံပင်သည်နှင်းပေါက်နှင့်လည်းကောင်း၊ စိုစွတ်လျက်နေပါ၏။
3
ငါ၏အဝတ်အစားများကိုချွတ်ထားပြီးလေပြီ။ သို့ဖြစ်၍အဘယ်ကြောင့်ပြန်လည်ဝတ်ဆင် ရပါမည်နည်း။ ခြေများကိုလည်းဆေးကြောပြီးလေပြီ။ အဘယ်ကြောင့်တစ်ဖန်ပြန်လည်ညစ်ပေ စေရပါမည်နည်း။
4
ကျွန်မ၏ချစ်သူမောင်တော်သည် တံခါးကိုကိုင်လိုက်သောအခါ ကျွန်မသည်ရင်ခုန်လာပါ၏။
5
ကျွန်မသည်မိမိချစ်သူအတွက်တံခါးကို ဖွင့်ရန်ထလိုက်သောအခါ ကျွန်မ၏လက်မှမုရန်ဆီသည် ယိုကျလာပါ၏။ ကျွန်မ၏လက်ချောင်းများမှတံခါးလက်ကိုင်ပေါ်သို့ စီးဆင်းလာပါ၏။
6
ကျွန်မသည် မိမိကိုယ်တိုင်ချစ်သူမောင်တော်အား တံခါးကိုဖွင့်ပေးပါသော်လည်း၊ ချစ်သူမောင်တော်ကားမရှိတော့ပါ။ ကျွန်မသည်သူ၏အသံကိုအလွန် ကြားချင်လှပါသည်တကား။ သူ့ကိုရှာသော်လည်းမတွေ့ပါ။ ကျွန်မခေါ်သော်လည်းထူးတော်မမူပါ။
7
မြို့ကိုလှည့်လည်ကြသည့်ကင်းစောင့်တို့သည် ကျွန်မကိုတွေ့မြင်သောအခါနာကျင်စွာ ရိုက်နှက်ကြပါ၏။ မြို့ရိုးအစောင့်တပ်သားတို့သည်လည်း ကျွန်မ၏ခြုံထည်ကိုဆုတ်ဖြဲပစ်ကြပါ၏။
8
ယေရုရှလင်မြို့သူတို့၊ ကျွန်မချစ်သူမောင်တော်ကို သင်တို့တွေ့လိုပါက၊ ကျွန်မသည်ချစ်စိတ်နှင့် နွမ်းနယ်လျက်နေကြောင်း ပြောပြရန်ကတိပြုပါလော့။
9
အမျိုးသမီးတကာတို့၏အလှဘုရင်မ၊ သင့်ချစ်သူမောင်တော်သည်အခြားသူတို့နှင့် အဘယ်သို့ကွာခြားပါသနည်း။ သင့်အားကျွန်မတို့ကတိပေးရလောက်အောင် သင့်ချစ်သူသည်အဘယ်မျှအံ့ဩဖွယ် ကောင်းပါသနည်း။
10
ကျွန်မ၏ချစ်သူမောင်တော်သည်ရုပ်ရည်ချောမော၍ ခွန်အားကြီးပါ၏။ လူတစ်သောင်းတွင်သူ့လိုလူ တစ်ယောက်သာရှိပါ၏။
11
သူ၏မျက်နှာသည်ကြေးဝါအဆင်းရှိ၍ ချောမွတ်ပါ၏။ သူ၏ဆံပင်သည်လှိုင်းထလျက်၊ ကျီးအ၏ အဆင်းကဲ့သို့မည်းနက်ပါ၏။
12
သူ၏မျက်လုံးများသည်ရေစီးသည့် ချောင်းငယ်အနီးတွင် နို့ရည်ချိုး၍ရပ်နေသည့်ချိုးငှက်နှစ်ကောင်ကဲ့သို့ လှပါ၏။
13
သူ၏ပါးတို့သည်ဆေးပင်များ၊ နံ့သာပေါင်းပင်များနှင့် ပြည့်ဝသည့်ဥယျာဉ်ကဲ့သို့ရှုချင်ဖွယ်ကောင်းလှပါ၏။ သူ၏နှုတ်ခမ်းများသည် မုရန်ဆီသုတ်လိမ်းထားသည့် နှင်းပန်းများနှင့်တူပါ၏။
14
သူ၏လက်များသည် အချိုးအစားကျပါ၏။ သူသည်ကျောက်မျက်ရတနာစီချယ်ထားသည့် လက်စွပ်များကိုလည်းဝတ်ဆင်ထားပေသည်။ သူ၏ကိုယ်ခန္ဓာသည်နီလာကျောက်များဖြင့် ချယ်လှယ်ထားသည့်ဆင်စွယ်ကဲ့သို့ချောမွတ်ပါ၏။
15
သူ၏ပေါင်တို့သည်ရွှေဖိနပ်ခံထားသည့် ကျောက်ဖြူတိုင်များနှင့်တူပါ၏။ သူသည်မြင့်မားသည့်သစ်ကတိုးပင်များပေါက်ရာ လေဗနုန်တောင်ကဲ့သို့ခန့်ညားပါ၏။
16
သူ၏နှုတ်ခမ်းသည်အလွန်ချစ်စရာကောင်း၍ သူ၏အပြုအမူမှန်သမျှသည်အလွန် နှစ်မြို့ဖွယ်ကောင်းပါ၏။ ယေရုရှလင်မြို့သူတို့၊ ဤကားငါ့ချစ်သူမောင်တော်၏ ပုံပန်းသဏ္ဌာန်ပင်ဖြစ်သတည်း။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
All chapters:
1
2
3
4
5
6
7
8