bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 4
Song of Solomon 4
Burmese MCLZV
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
ငါ၏ချစ်နှမ၊ သင်သည် အလွန်အဆင်းလှပါသည်တကား။ ဇာပုဝါ၏အနောက်တွင်ရှိသော သင်၏မျက်လုံးများသည် ချစ်ရောင်သန်းလျက်နေပါ၏။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တောင်ကုန်းများမှ ခုန်ပေါက်ပြေးဆင်းလာသည့်ဆိတ်အုပ်ကဲ့သို့ လှုပ်ရှားလျက်နေပါ၏။
2
သင်၏သွားများသည် အမွေးညှပ်ပြီးကာစ ရေချိုးထားသည့်သိုးများကဲ့သို့ဖြူပါ၏။ တစ်ချောင်းမျှမကျိုးသေးပါ။ အားလုံးပင်အပြစ်ဆိုဖွယ်မရှိအောင် ကြည့်ရှု၍ကောင်းပါပေသည်။
3
သင်၏နှုတ်ခမ်းများမှာ ဖဲကြိုးနီနှင့်တူ၍ စကားပြောသောအခါ အလွန်နှစ်လိုဖွယ်ကောင်းပါ၏။ သင်၏ပါးအို့ကလေးများသည် ဇာပုဝါ၏ နောက်ကွယ်တွင်တောက်ပလျက်နေပါ၏။
4
ချောမောပြေပြစ်၍ လည်ဆွဲတန်ဆာဆင်ယင်ထားသည့် သင်၏လည်တိုင်သည်၊ ဒိုင်းလွှားတစ်ထောင် ဆွဲချိတ်ထားသည့် ဒါဝိဒ်၏ရဲတိုက်နှင့်တူပါ၏။
5
သင်၏ရင်သားများသည်လည်း နှင်းပန်းတောတွင်ကျက်စားလျက်နေသည့် သမင်နှစ်ကောင်နှင့်လည်းကောင်း ဒရယ်အမွှာညီနောင်နှင့်လည်းကောင်းတူပါ၏။
6
နံနက်လေပြေသွေး၍ မှောင်မိုက် ကွယ်ပျောက်သွားချိန်တိုင်အောင်၊ မုရန်တောင်ကုန်းနှင့် လော်ဗန်တောင်ကုန်းပေါ်တွင် ငါနေမည်။
7
ငါ၏ချစ်နှမ၊ သင်သည်ခြောက်ပစ်ကင်း၍ အလွန်ပင် အဆင်းလှပါသည်တကား။
8
ငါ၏ကြင်ရာလောင်း၊ သင်သည်ငါနှင့်အတူ လေဗနုန်တောင်ကလိုက်ခဲ့ပါလော့။ ငါနှင့်အတူ လေဗနုန်တောင်ကလိုက်ခဲ့ပါလော့။ ခြင်္သေ့များ၊ ကျားသစ်များခိုအောင်းရာ ဟေရမုန်တောင်ထိပ်များမှဆင်းခဲ့ပါလော့။
9
ငါ၏ကြင်ရာလောင်းချစ်နှမ၊ သင်သည် မျက်စိတစ်ကြည့်၊ လည်တစ်လှည့်ဖြင့်၊ ငါ၏စိတ်နှလုံးကိုဆွဲငင်သွားလေပြီ။
10
ငါ၏ကြင်ရာလောင်းချစ်နှမ၊ သင်၏မေတ္တာသည် အထူးနှစ်မြို့ဖွယ်ကောင်းပါ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် နှစ်သက်ဖွယ်ကောင်းပါ၏။ သင်၏ဆီမွှေးသည် နံ့သာမျိုးတို့ထက် မွှေးကြိုင်ပါ၏။
11
ငါ၏အသဲစွဲချစ်သူ၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၏။ သင်၏လျှာသည်ငါ၏အတွက်နို့နှင့် ပျားရည်သဖွယ်ဖြစ်ပါ၏။ သင်၏အဝတ်အစားများသည် လေဗနုန်တောင် ရနံ့ဖြင့် ကြိုင်သင်းလျက်နေပါ၏။
12
ငါ၏ကြင်ရာလောင်းချစ်နှမသည် လျှို့ဝှက်ထားသည့် ဥယျာဉ်၊ တံတိုင်းကာရံထားသည့် ဥယျာဉ်၊ တစ်သီးပုဂလပိုင်စမ်းရေတွင်းဖြစ်ပေ၏။
13
ထိုဥယျာဉ်ရှိအပင်တို့သည် သလဲခြံမှ၊ အပင်များကဲ့သို့ဝေဝေဆာဆာပေါက်လျက်၊ လက်ရွေးစင်အသီးများသီးတတ်ကြ၏။
14
ထိုဥယျာဉ်တွင် နာဒုပင်နှင့် ဒန်းပင်၊ နာဒုဆီမွှေးပင်၊ ကုရကုမပင်၊ ကြိတ်မွှေးပင်၊ သစ်ကြံပိုးပင်နှင့် နံ့သာပင်အမျိုးမျိုး၊ အလွန်မွှေးကြိုင်သည့်မုရန်နှင့် ရှားစောင်းလက်ပပ်ပင်များသည် လိုလေသေးမရှိပေါက်ကြ၏။
15
ထိုဥယျာဉ်သည်စမ်းတွင်းများ၊ စမ်းချောင်းများ၊ လေဗနုန်တောင်မှစီးဆင်းလာသော ချောင်းငယ်များမှရေကိုရရှိ၏။
16
အချင်းမြောက်လေ၊ နိုးထပါလော့။ အချင်းတောင်လေ၊ ငါ၏ဥယျာဉ်သို့တိုက်ခတ်လျက်၊ မွှေးကြိုင်သောရနံ့ကိုပျံ့လှိုင်စေပါလော့။ ငါ၏ချစ်သူမောင်တော်သည် မိမိ၏ ဥယျာဉ်တော်သို့ဝင်၍ လက်ရွေးစင်ချိုမြိန်သောအသီးတို့ကို စားတော်မူပါစေ။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8