bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Song of Solomon 6
Song of Solomon 6
Burmese MCLZV
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 7 →
1
အမျိုးသမီးတကာတို့၏အလှဘုရင်မ သင့်ချစ်သူမောင်တော်သည်အဘယ်အရပ်သို့ သွားပါသနည်း။ သူသည်အဘယ်လမ်းသို့သွားပါသနည်း။ သင်နှင့်အတူဝိုင်း၍ရှာပေးနိုင်ရန် ကျွန်မတို့အားပြောကြားပါလော့။
2
ကျွန်မ၏ချစ်သူမောင်တော်သည် သစ်ဆီမွှေးပင်များပေါက်ရာသူ၏ဥယျာဉ်သို့ သွားတော်မူပါသည်။ သူသည်မိမိသိုးအုပ်စုကို ဥယျာဉ်ထဲတွင် ကျက်စားစေ၍နှင်းပန်းပွင့်များကို ဆွတ်ခူးလျက်နေပါ၏။
3
ကျွန်မ၏ချစ်သူမောင်တော်ကိုကျွန်မပိုင်၍ ကျွန်မကိုသူပိုင်ပါ၏။ သူသည်မိမိသိုးအုပ်စုကိုနှင်းပန်းပင်တောတွင် ကျက်စားစေတတ်ပါ၏။
4
ငါ၏ချစ်နှမ၊ သင်သည်ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၍ တိရဇမြို့ကဲ့သို့ရှုချင်စဖွယ် ကောင်းပါ၏။ ဤနှစ်မြို့စလုံးကဲ့သို့ပင်ရင်သတ် အံ့ဩလောက်အောင်လှပပါပေသည်။
5
သင်၏မျက်စိများကိုငါ့ဘက်သို့မလှည့်ပါစေနှင့်။ ယင်းတို့သည်ငါ့အားပြုစားထားလေပြီ။ သင်၏ဆံပင်သည်လည်း ဂိလဒ်တောင်ကုန်းများပေါ်မှ ခုန်ပေါက်ပြေးဆင်းလာသော ဆိတ်အုပ်ကဲ့သို့ကခုန်လှုပ်ရှားလျက်နေပါ၏။
6
သင်၏သွားများသည်ရေချိုးပြီးကာစသိုးစုကဲ့သို့ ဖြူဖွေးလျက်ရှိပါ၏။ တစ်ချောင်းမျှမကျိုးသေးပါ။ အားလုံးပင်အပြစ်ဆိုဖွယ်မရှိအောင် ကြည့်ရှု၍ကောင်းပါသည်။
7
သင်၏ပါးအို့ကလေးများသည်လည်း ဇာပုဝါနောက်ကွယ်တွင်သလဲသီးရောင် ထလျက်ရှိပါ၏။
8
ရှင်ဘုရင်တွင်မိဖုရားခြောက်ဆယ်၊ မောင်းမမိဿံရှစ်ဆယ်နှင့် အပျိုတော်များ မရေမတွက်နိုင်အောင်ရှိပါစေ။
9
သို့သော်ငါ့မှာချစ်သူတစ်ဦးတည်းသာရှိ၍ သူသည်ချိုးငှက်ကဲ့သို့မြတ်နိုးဖွယ်ကောင်းပါ၏။ သူသည်မိခင်၏တစ်ဦးတည်းသောသမီး အချစ်ဆုံးသောသမီးဖြစ်ပါ၏။ အမျိုးသမီးအပေါင်းတို့သည် သူ့ကိုကြည့်၍ ချီးကျူးကြပါ၏။ မိဖုရားများ၊ မောင်းမမိဿံများသည် သူ၏ဂုဏ်ကိုချီးကျူးသီဆိုကြပါ၏။
10
လင်းအရုဏ်တက်နှင့်တူသောမျက်စိဖြင့်ကြည့်သည့် အမျိုးသမီးကားအဘယ်သူဖြစ်ပါသနည်း။ သူသည်နေကဲ့သို့ထွန်းတောက်၍ လကဲ့သို့ လှပတင့်တယ်ပါ၏။
11
ငါသည်ချိုင့်ဝှမ်းတွင်ရှိသောအပင်ငယ်များ ကိုလည်းကောင်း၊ စပျစ်နွယ်များသစ်ရွက်ထွက်သည်ကိုလည်းကောင်း၊ ကြည့်ရှုရန်၊ ဗာဒံပင်များအကြားကိုဖြတ်ဆင်းခဲ့ပါ၏။
12
ငါသည်တုန်လှုပ်လျက်ရှိပါ၏။ သင်သည်ငါ့အားစစ်ပွဲဝင်ရန်စိတ်ဇောသန်သည့် ရထားမှူးကဲ့သို့၊ သင်နှင့် ချစ်ဖော်နှောရန်စိတ်ဇောသန်စေပါ၏။
13
အချင်းရှုလံမြို့သူ၊ ကပါလော့၊ ကပါလော့။ သင်ကသည်ကို အကျွန်ုပ်တို့ကြည့်ပါရစေ။ စီတန်းကြည့်ရှုနေသူတို့၏ကြားတွင် ကျွန်မကသည်ကို အဘယ်ကြောင့်သင်တို့ ကြည့်လိုကြပါသနည်း။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 7 →
All chapters:
1
2
3
4
5
6
7
8