bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 10
Acts 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
1
ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
2
သူသည် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်ပြီး သူ၏အိမ်သူအိမ်သားအားလုံးနှင့်တကွ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍ ဂျူးလူမျိုးတို့အား များစွာပေးကမ်းစွန့်ကြဲကာ ဘုရားသခင်ထံ အမြဲဆုတောင်းလျက်နေ၏။
3
တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
4
ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
5
ထို့ကြောင့် ယခု သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
6
သူသည် သားရေနယ်သမားရှိမုန်အိမ်၌ တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းနားတွင်ရှိ၏”ဟု မြွက်ဆိုလေ၏။
7
မိမိအားမြွက်ဆိုသောကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် အစေခံနှစ်ဦးနှင့် မိမိအနီးအပါးတွင်တာဝန်ထမ်းဆောင်နေသောသူတို့ထဲမှ ဘုရားဝတ်၌မွေ့လျော်သော စစ်သားတစ်ဦးကိုခေါ်၍
8
အကြောင်းစုံကိုပြောပြပြီးလျှင် သူတို့ကို ယုပ္ပေမြို့သို့ စေလွှတ်လေ၏။
9
နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။
10
ထိုအချိန်တွင် သူသည် ဆာလောင်လျက် အစာစားလိုစိတ်ဖြစ်ပေါ်လေ၏။ သို့သော် အစားအစာများကို လူတို့ပြင်ဆင်နေကြစဉ် ပေတရုသည် အာရုံမှုန်ဝါးတွေဝေ၍
11
ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။
12
ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။
13
ထို့နောက် “ပေတရု၊ ထ၍သတ်စားလော့” ဟူသောအသံသည် သူ့ထံသို့ရောက်လာ၏။
14
သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။
15
ထိုအခါ ဒုတိယအကြိမ် အသံထပ်မံထွက်ပေါ်လာ၍ “ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်” ဟု ဆိုလေ၏။
16
ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာသည် ကောင်းကင်သို့ ချက်ချင်းဆောင်ယူသွားခြင်းခံရ၏။
17
မိမိမြင်ရသောရူပါရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေပြီး အိမ်တံခါးရှေ့သို့ ရောက်လာကြ၏။
18
သူတို့သည် လှမ်းခေါ်၍ “ပေတရုဟုခေါ်သောရှိမုန်သည် ဤအိမ်တွင် တည်းခိုနေပါသလော”ဟု မေးမြန်းကြ၏။
19
ပေတရုသည် ရူပါရုံအကြောင်းကို စဉ်းစားဆင်ခြင်လျက်နေစဉ် ဝိညာဉ်တော်က “လူသုံးဦးတို့သည် သင့်ကိုရှာနေကြ၏။
20
သူတို့ကို ငါစေလွှတ်လိုက်သည်ဖြစ်၍ ထပြီး အောက်သို့ဆင်းသွားကာ သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့”ဟု မိန့်တော်မူ၏။
21
ထို့ကြောင့် ပေတရုသည် ဆင်းသွား၍ “သင်တို့ရှာနေသောသူမှာ ငါပင်ဖြစ်၏။ မည်သည့်အကြောင်းကိစ္စရှိ၍ လာခဲ့ကြသနည်း”ဟု သူတို့အား မေးလေ၏။
22
သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။
23
ထိုအခါ ပေတရုသည် သူတို့ကို အိမ်ထဲသို့ခေါ်ဖိတ်လျက် တည်းခိုစေပြီးလျှင် နောက်တစ်နေ့၌ ထ၍ ထိုသူတို့နှင့်အတူ ထွက်ခွာသွားလေ၏။ ယုပ္ပေမြို့မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်သွားကြ၏။
24
နောက်တစ်နေ့၌ သူသည် ဆီဇာရီးယားမြို့သို့ ရောက်လေ၏။ ကော်နေလိသည် မိမိ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများကို စုရုံးထားလျက် သူတို့ကိုစောင့်မျှော်နေ၏။
25
ပေတရုဝင်လာသောအခါ ကော်နေလိသည် သူ့ကိုကြိုဆို၍ သူ၏ခြေရင်း၌ပျပ်ဝပ်လျက် ရှိခိုးလေ၏။
26
သို့သော် ပေတရုသည် သူ့ကိုထူမ၍ “ထပါ။ ငါကိုယ်တိုင်လည်း သာမန်လူသားတစ်ယောက်ဖြစ်သည်”ဟု ဆိုလေ၏။
27
ထို့နောက် ကော်နေလိနှင့်စကားပြောရင်း အိမ်ထဲသို့ဝင်လျှင် လူများစွာတို့စုဝေးနေကြသည်ကို တွေ့လေ၏။
28
ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ၊ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
29
ထို့ကြောင့် ငါသည် ခေါ်ဖိတ်ခြင်းခံရသောအခါ မငြင်းဆိုဘဲ လာခဲ့၏။ သို့ဖြစ်၍ ငါ့အား မည်သည့်အကြောင်းကြောင့် ခေါ်ဖိတ်ကြသည်ကို ငါမေးလိုသည်”ဟု ဆိုလေ၏။
30
ကော်နေလိကလည်း “လွန်ခဲ့သောသုံးရက်က ဤအချိန်မွန်းလွဲသုံးနာရီတွင် အကျွန်ုပ်အိမ်၌ အကျွန်ုပ်ဆုတောင်းနေစဉ် တောက်ပသည့်အဝတ်ကို ဝတ်ထားသောလူတစ်ဦးသည် အကျွန်ုပ်ရှေ့၌ရပ်လျက်
31
‘ကော်နေလိ၊ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ အောက်မေ့စရာဖြစ်လေပြီ။
32
ထို့ကြောင့် ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမားရှိမုန်၏အိမ်၌ တည်းခိုနေ၏’ဟု မြွက်ဆိုခဲ့ပါသည်။
33
သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။
34
ထိုအခါ ပေတရုသည် နှုတ်ကိုဖွင့်၍ “ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိဘဲ
35
မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
36
ဘုရားသခင်သည် လူအပေါင်းတို့၏အရှင်သခင်ဖြစ်တော်မူသော ယေရှုခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြော၍ အစ္စရေးအမျိုးသားတို့ထံသို့ ပေးပို့တော်မူသောနှုတ်ကပတ်တရားကို သင်တို့သိကြ၏။
37
ထို့ပြင် ယောဟန်သည် ဗတ္တိဇံတရားကိုဟောပြောသည့်နောက်တွင် ဂါလိလဲနယ်မှအစပြု၍ ယုဒနယ်တစ်လျှောက်လုံး၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်းကောင်း၊
38
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
39
ငါတို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူးလူမျိုးတို့၏တိုင်းပြည်၌ ကိုယ်တော်ပြုခဲ့သောအရာအားလုံး၏သက်သေများဖြစ်ကြ၏။ လူတို့သည် ကိုယ်တော်ကို သစ်တိုင်ပေါ်၌ဆွဲထား၍ အသေသတ်ခဲ့ကြ၏။
40
သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို သုံးရက်မြောက်သောနေ့၌ ထမြောက်စေ၍ ကိုယ်ထင်ရှားပြရသောအခွင့်ကို ပေးတော်မူ၏။
41
သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။
42
ထို့နောက် ကိုယ်တော်က ကိုယ်တော်သာလျှင်အသက်ရှင်သောသူနှင့်သေလွန်သောသူတို့ကိုတရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောအရှင်ဖြစ်ကြောင်း လူတို့အားဟောပြောရန်နှင့် သက်သေခံရန် ငါတို့အား မိန့်မှာတော်မူ၏။
43
ထိုအရှင်နှင့်ပတ်သက်၍ ပရောဖက်အားလုံးတို့သည်လည်း ‘ကိုယ်တော်ကိုယုံကြည်သောသူတိုင်း ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရ၏’ဟု သက်သေခံကြ၏”ဟူ၍ ပြောဆိုလေ၏။
44
ဤတရားစကားတို့ကို ပေတရုဟောပြောနေစဉ် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တရားကို ကြားနာနေသူအားလုံးအပေါ်သို့ သက်ရောက်တော်မူ၏။
45
ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။
46
အဘယ်ကြောင့်ဆိုသော် ထိုလူမျိုးခြားတို့သည် အခြားသောဘာသာစကားများပြောဆိုလျက် ဘုရားသခင်အားချီးမွမ်းကြသည်ကို သူတို့ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုက
47
“ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသော ဤသူတို့အား ရေ၌ဗတ္တိဇံမခံစေရန် မည်သူတားဆီးနိုင်သနည်း”ဟု ဆိုလျက်
48
ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28