bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 7
Acts 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
1
ထိုအခါ ယဇ်ပုရောဟိတ်မင်းက ဤထွက်ဆိုချက်အတိုင်းဟုတ်၊ မဟုတ် မေးလေသော်
2
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
3
‘သင်၏ပြည်နှင့် သင်၏ဆွေမျိုးသားချင်းတို့ထံမှ ထွက်ခွာ၍ သင့်ကို ငါပြမည့်ပြည်သို့ သွားလော့’ ဟု မိန့်တော်မူ၏။
4
ထိုအခါ သူသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့၌နေထိုင်လေ၏။ သူ၏ဖခင်သေဆုံးပြီးနောက် ဘုရားသခင်သည် သူ့ကို ထိုနေရာမှ ယခု ငါတို့နေထိုင်သောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။
5
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
6
တစ်ဖန် ဘုရားသခင်က သူ၏အမျိုးအနွယ်သည် သူတစ်ပါး၏တိုင်းပြည်တွင် ဧည့်သည်အဖြစ်နေထိုင်မည်ဖြစ်ကြောင်းနှင့် ထိုတိုင်းပြည်မှလူတို့သည် သူတို့ကိုကျွန်ပြု၍ အနှစ်လေးရာပတ်လုံး မတရားနှိပ်စက်မည်ဖြစ်ကြောင်း မိန့်တော်မူ၏။
7
ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
8
ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရလေ၏။
9
မျိုးနွယ်စုဖခင်တို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
10
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
11
ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။
12
သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံဆန်ရှိကြောင်းကြား၍ ငါတို့၏ဘိုးဘေးများကို ပထမအကြိမ်စေလွှတ်ခဲ့၏။
13
ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။
14
ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
15
ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
16
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
17
အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
18
အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော အခြားဘုရင်တစ်ပါးပေါ်ထွန်းသည်အထိ ထိုသို့တိုးပွားများပြားလေ၏။
19
ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။
20
ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။
21
ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။
22
မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။
23
သူသည် အသက်လေးဆယ်ပြည့်သောအခါ မိမိညီအစ်ကိုများဖြစ်ကြသော အစ္စရေးအမျိုးသားတို့ကို အကြည့်အရှုသွားလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာလေ၏။
24
ထို့နောက် လူတစ်ဦးသည် မတရားသဖြင့်ပြုမူခြင်းခံနေရသည်ကိုမြင်၍ ထိုသူကိုကာကွယ်လျက် အီဂျစ်အမျိုးသားကိုရိုက်သတ်ကာ ဖိနှိပ်ခံရသူအတွက် လက်တုံ့ပြန်လေ၏။
25
မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။
26
နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
27
သို့သော် အိမ်နီးချင်းကို မတရားသဖြင့်ပြုနေသောသူသည် မောရှေကိုတွန်းဖယ်၍ ‘မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း။
28
သင်သည် မနေ့က အီဂျစ်လူမျိုးကိုသတ်သကဲ့သို့ ငါ့ကိုသတ်လိုသလော’ဟု ဆိုလေ၏။
29
မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
30
အနှစ်လေးဆယ်ပြည့်သောအခါ သိနာတောင်၏တောကန္တာရတွင် ကောင်းကင်တမန်တစ်ပါးသည် မီးတောက်လောင်သောချုံပုတ်ထဲ၌ မောရှေထံ ထင်ရှားလေ၏။
31
ထိုရူပါရုံကိုမြင်ရသောအခါ မောရှေသည်အံ့သြလျက် ၎င်းကို သေချာစွာကြည့်ရှုရန် ချဉ်းကပ်ရာ
32
‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏’ဟူ၍ ထာဝရဘုရား၏အသံတော်ထွက်ပေါ်လာ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် မကြည့်ဝံ့ဘဲနေ၏။
33
တစ်ဖန် ထာဝရဘုရားက ‘သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့။
34
ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။
35
ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
36
သူသည် အစ္စရေးလူမျိုးတို့ကိုထုတ်ဆောင်လာ၍ အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ အနှစ်လေးဆယ်တိုင်တိုင် တောကန္တာရ၌လည်းကောင်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကိုပြုခဲ့၏။
37
ထိုမောရှေသည် အစ္စရေးအမျိုးသားတို့အား ‘ဘုရားသခင်သည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု ပြောဆိုခဲ့သူဖြစ်၏။
38
သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရားကို လက်ခံရရှိခဲ့၏။
39
သို့သော် ငါတို့၏ဘိုးဘေးများသည် သူ့စကားကိုနားထောင်လိုသောဆန္ဒမရှိဘဲ သူ့ကိုပစ်ပယ်၍ သူတို့၏စိတ်နှလုံးထဲ၌ အီဂျစ်ပြည်ကိုတမ်းတကာ
40
အာရုန်အား ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထိုမောရှေသည် မည်သို့ဖြစ်သွားသည်ကို ငါတို့မသိကြသည်ဖြစ်၍ ငါတို့ရှေ့မှကြွသွားမည့်ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ’ ဟု တောင်းဆိုကြ၏။
41
ဤသို့ဖြင့် သူတို့သည် ထိုနေ့ရက်များ၌ နွားသငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုထံသို့ ယဇ်ကိုယူဆောင်လာကာ မိမိတို့လက်ဖြင့်ပြုလုပ်သောအရာ၌ ပျော်မွေ့နေကြ၏။
42
ထိုအခါ ဘုရားသခင်သည် သူတို့ထံမှ မျက်နှာလွှဲ၍ သူတို့အား ကောင်းကင်ကြယ်တာရာများကိုဝတ်ပြုစေရန် စွန့်ပစ်ထားတော်မူ၏။ ဤသည်ကား ပရောဖက်ကျမ်းတွင် ‘အစ္စရေးအမျိုးတို့၊ သင်တို့သည် တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ယဇ်ပူဇော်ရန်တိရစ္ဆာန်များနှင့်ယဇ်များကို ငါ့ထံသို့ ယူဆောင်လာခဲ့ဖူးသလော။
43
သင်တို့သည် မောလုတ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
44
ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
45
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
46
ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
47
သို့သော် ဘုရားသခင်အတွက် အိမ်တော်ကိုတည်ဆောက်ခဲ့သူမှာ ရှောလမုန်ဖြစ်၏။
48
သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
49
ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
50
ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လောဟု ထာဝရဘုရားမိန့်တော်မူ၏’ ဟူ၍ ပရောဖက်ဆိုထားသည့်အတိုင်းဖြစ်၏။
51
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
52
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
53
သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပြဋ္ဌာန်းထားသောပညတ်တရားကို ရရှိသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းမရှိကြ”ဟု ဆိုလေ၏။
54
သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။
55
သို့သော် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ စေ့စေ့ကြည့်လေရာ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း မြင်လျက်
56
“ကြည့်ပါ။ ကောင်းကင်သည်ပွင့်၍ လူ့သားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကို ငါမြင်၏”ဟု ဆိုလေ၏။
57
ထိုအခါ သူတို့သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် နားကိုပိတ်ထားကာ သတေဖန်ထံသို့ တစ်ဟုန်ထိုးပြေးလာ၍
58
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
59
သူတို့သည် သတေဖန်ကို ခဲနှင့်ပေါက်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက် “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ”ဟု မြွက်ဆိုလေ၏။
60
ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Recommended Reading
Commentary
Acts Commentaries
→
Devotional
Acts Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→