bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 18
Acts 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
1
ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်လေရာ
2
ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍
3
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
4
ပေါလုသည် ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုစည်းဝေးကျောင်း၌ ဆွေးနွေးပြောဆိုလျက် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကို စည်းရုံးလေ၏။
5
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
6
သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
7
ထိုနေရာမှ ထွက်ခွာ၍ ဘုရားသခင်ကိုကိုးကွယ်သော တိတုယုစတုအမည်ရှိသောသူ၏အိမ်သို့ သွားလေ၏။ သူ၏အိမ်သည် ဝတ်ပြုစည်းဝေးကျောင်းနှင့်ကပ်လျက်ရှိ၏။
8
ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။
9
တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား “မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။
10
အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏” ဟု မိန့်တော်မူ၏။
11
သို့ဖြစ်၍ ပေါလုသည် ထိုမြို့၌ တစ်နှစ်နှင့်ခြောက်လနေထိုင်လျက် သူတို့အလယ်တွင် ဘုရားသခင်၏နှုတ်ကပတ်တရားကို သွန်သင်လေ၏။
12
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
13
“ဤသူသည် ပညတ်တရားနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို ကိုးကွယ်ကြရန် လူတို့ကိုစည်းရုံးနေပါသည်”ဟု လျှောက်ကြ၏။
14
ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
15
သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက်
16
သူတို့ကို တရားခွင်မှ နှင်ထုတ်လေ၏။
17
ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
18
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
19
သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
20
လူတို့သည် သူ့အားပို၍ကြာမြင့်စွာနေထိုင်ရန် တောင်းပန်ကြသော်လည်း သူသည် မလိုက်လျောဘဲ
21
“ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ထံသို့ နောက်တစ်ဖန် ငါပြန်လာဦးမည်”ဟု ဆိုလျက် သူတို့အား နှုတ်ဆက်ပြီးလျှင် ဧဖက်မြို့မှ ရွက်လွှင့်သွားလေ၏။
22
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
23
သူသည် ထိုနေရာ၌ အချိန်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂလာတိပြည်နှင့်ဖြူဂိပြည်တို့ကို အစဉ်လိုက်လှည့်လည်ကာ တပည့်တော်အားလုံးတို့ကို ခိုင်ခံ့မြဲမြံစေ၏။
24
ထိုစဉ် အာပေါလုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ဦးသည် ဧဖက်မြို့သို့ရောက်လာ၏။ သူသည် နှုတ်ရေးကောင်း၍ ကျမ်းစာကိုလည်း တတ်ကျွမ်းသူဖြစ်၏။
25
သူသည် သခင်ဘုရား၏တရားလမ်းကို သင်ယူထားပြီး ဝိညာဉ်ရေး၌ထက်သန်လျက် ယေရှုအကြောင်းကို တိကျသေချာစွာဟောပြောသွန်သင်လေ၏။ သို့သော် ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။
26
သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
27
အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
28
အကြောင်းမူကား သူသည် ကျမ်းစာအားဖြင့် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ထောက်ပြလျက် လူအများရှေ့တွင် ဂျူးလူမျိုးတို့ကို ပိုင်နိုင်စွာချေပလေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28