bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 8
Acts 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
1
ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိအသင်းတော်အပေါ် ပြင်းထန်သောညှဉ်းဆဲမှုဖြစ်ပေါ်လာသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒနယ်နှင့်ရှမာရိနယ်တစ်လျှောက်သို့ ကွဲလွင့်သွားကြ၏။
2
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
3
ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
4
ကွဲလွင့်သွားသောသူတို့မူကား နှုတ်ကပတ်တရားကို လှည့်လည်ဟောပြောကြ၏။
5
ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
6
လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။
7
အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။
8
သို့ဖြစ်၍ ထိုမြို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းရှိလေ၏။
9
ထိုမြို့တွင် ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် ယခင်ကတည်းက မှော်အတတ်ကိုသုံး၍ ရှမာရိနယ်သားတို့ကို အံ့ဩငေးမောစေကာ မိမိကိုယ်ကိုထူးမြတ်သူတစ်ဦးဖြစ်သည်ဟုဆိုလေ့ရှိ၏။
10
လူကြီးလူငယ်ရှိသမျှတို့သည် သူ့ကိုအာရုံစိုက်လျက် “ဤသူသည် ကြီးမြတ်ခြင်းဟုခေါ်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်”ဟု ဆိုကြ၏။
11
သူတို့သည် သူ့ကိုအာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူတို့ကို အံ့ဩငေးမောစေခဲ့သောကြောင့်ဖြစ်၏။
12
သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုခရစ်တော်၏နာမတော်အကြောင်းကို ဟောပြောသောအခါ လူတို့သည် ယုံကြည်လျက် ယောက်ျားများမှစ၍ မိန်းမများပါ ဗတ္တိဇံခံကြ၏။
13
ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
14
ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။
15
ထိုတမန်တော်နှစ်ပါးသည်ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ခံယူရရှိမည့်အကြောင်း သူတို့အတွက်ဆုတောင်းပေးကြ၏။
16
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံရုံမျှသာရှိကြပြီး သူတို့တွင် မည်သူ့အပေါ်၌မျှ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းမရှိသေးချေ။
17
ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။
18
တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍
19
“အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။
20
ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။
21
သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
22
ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။
23
အကြောင်းမူကား သင်သည် ခါးသီးသောသည်းခြေနှင့် မတရားမှု၏အနှောင်အဖွဲ့ထဲ၌ရှိနေသည်ကို ငါမြင်သည်”ဟု ဆိုလေ၏။
24
ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။
25
ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။
26
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က ဖိလိပ္ပုအား “သင်သည်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့”ဟု မြွက်ဆို၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။
27
ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး
28
အပြန်ခရီးတွင် မိမိ၏ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းကိုဖတ်နေ၏။
29
ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
30
ဖိလိပ္ပုသည်လည်း ပြေးသွားရာ ထိုသူသည် ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကို ကြားသဖြင့် “သင်ဖတ်နေသောအရာကို နားလည်ပါသလော”ဟု မေးလေ၏။
31
ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
32
ထိုသူဖတ်နေသည့်ကျမ်းပိုဒ်မှာ “သူသည် သတ်ရန်လျာထားသောသိုးကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရ၍ သိုးသငယ်သည် အမွေးညှပ်သူရှေ့၌ တိတ်ဆိတ်စွာနေသကဲ့သို့ မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
33
သူသည်နှိမ့်ချခြင်းခံရစဉ်၌ သူ့အတွက် တရားသဖြင့်စီရင်ပေးခြင်းမရှိကြ။ သူ၏အသက်သည် မြေကြီးပေါ်မှ နုတ်ယူခြင်းခံရသည်ဖြစ်၍ သူ၏မျိုးဆက်ကို မည်သူပြောပြနိုင်မည်နည်း” ဟူ၍ ဖြစ်၏။
34
ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော၊ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။
35
ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
36
သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
37
[ထိုအခါ ဖိလိပ္ပုက “သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ဗတ္တိဇံခံယူနိုင်ပါသည်”ဟု ဆိုသော် မှူးမတ်က “ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အကျွန်ုပ်ယုံကြည်ပါ၏”ဟု ပြန်ပြောပြီးလျှင်]
38
ရထားကိုရပ်စေရန် အမိန့်ပေးလေ၏။ ထို့နောက် ဖိလိပ္ပုနှင့်မှူးမတ် နှစ်ဦးစလုံးတို့သည် ရေထဲသို့အတူတကွဆင်းသွားကြ၍ ဖိလိပ္ပုသည် မှူးမတ်အား ဗတ္တိဇံပေးလေ၏။
39
ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ချီဆောင်သွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။
40
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28