bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 9
Acts 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 10 →
1
ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက်
2
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။
3
ဤသို့ဖြင့် သူသည် သွား၍ ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှအလင်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းတောက်လေ၏။
4
သူသည် မြေပေါ်သို့လဲကျသွားရာ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း” ဟု သူ့အားပြောသောအသံကိုကြားရ၏။
5
ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင် “ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
6
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်” ဟု မိန့်တော်မူ၏။
7
သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။
8
ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
9
သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
10
ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌ “အာနနိ” ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။
11
သခင်ဘုရားကလည်း “သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
12
အာနနိအမည်ရှိသောသူတစ်ဦးဝင်လာပြီး သူ၏မျက်စိပြန်မြင်စေရန် သူ့အပေါ်လက်တင်သည်ကို ရူပါရုံ၌မြင်ခဲ့ပြီ” ဟု မိန့်တော်မူ၏။
13
အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
14
ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။
15
သို့သော် သခင်ဘုရားက “သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
16
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်” ဟု မိန့်တော်မူ၏။
17
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
18
ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး
19
အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
20
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
21
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
22
သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။
23
ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
24
သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
25
သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
26
ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်ကြ၏။
27
သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။
28
ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။
29
သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
30
ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
31
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
32
ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
33
ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။
34
ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ့်အိပ်ရာကို ကိုယ်သိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
35
လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
36
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
37
ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။
38
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
39
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
40
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။
41
ပေတရုသည် လက်ကမ်းပေး၍ သူ့ကိုဆွဲထူပြီးလျှင် သန့်ရှင်းသူတို့နှင့်မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသောတဗိသကို ပြလေ၏။
42
ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
43
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28