bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 13
Acts 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
1
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
2
သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
3
ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
4
ဤသို့ဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏စေလွှတ်တော်မူခြင်းကိုခံရ၍ သေလုကိမြို့သို့ ဆင်းသွားပြီးလျှင် ထိုမြို့မှ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်ကြ၏။
5
ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။
6
တစ်ကျွန်းလုံးကိုလှည့်လည်၍ ပါဖုမြို့အထိရောက်လျှင် ပရောဖက်အတုအယောင်ဖြစ်သည့် ဗာယေရှုအမည်ရှိသော ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
7
ထိုသူသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သည့် အုပ်ချုပ်ရေးမှူးသေရဂိပေါလုနှင့်အတူရှိနေ၏။ ထိုအုပ်ချုပ်ရေးမှူးသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။
8
သို့သော် မှော်ဆရာဟုအဓိပ္ပာယ်ရသည့် ဧလုမအမည်ရှိသော ထိုသူသည် အုပ်ချုပ်ရေးမှူးအား ယုံကြည်ခြင်းမှလွှဲဖယ်စေရန် ကြိုးစားရှာကြံလျက် ဗာနဗနှင့်ရှောလုတို့ကို ဟန့်တားလေ၏။
9
ထိုအခါ ပေါလုဟုလည်းခေါ်သောရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် သူ့ကို စေ့စေ့ကြည့်ကာ
10
“အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
11
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
12
အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။
13
ပေါလုနှင့်သူ၏အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့ထံမှ ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
14
သူတို့မူကား ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းထဲသို့ဝင်၍ ထိုင်ကြ၏။
15
ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။
16
ထိုအခါ ပေါလုသည်ထ၍ လက်ရိပ်ပြလျက် “အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၊ နားထောင်ကြပါ။
17
အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
18
အနှစ်လေးဆယ်ခန့်မျှသောကာလပတ်လုံး တောကန္တာရတွင် သူတို့ကို သည်းခံတော်မူ၏။
19
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
20
ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့်ကြာ၏။ ထို့နောက် ပရောဖက်ရှမွေလခေတ်တိုင်အောင် သူတို့အား တရားသူကြီးများကို ပေးတော်မူ၏။
21
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
22
ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ ဟု မိန့်တော်မူ၏။
23
ဘုရားသခင်သည် ကတိတော်အတိုင်း အစ္စရေးလူမျိုးအတွက် ကယ်တင်ရှင်ယေရှုကို ဤဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းစေတော်မူ၏။
24
ထိုအရှင်ကြွလာတော်မမူမီ ယောဟန်သည် အစ္စရေးလူမျိုးအပေါင်းတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကို ကြိုတင်ဟောပြောလေ၏။
25
ယောဟန်သည် တစ်ဘဝတာ တာဝန်ပြီးစီးတော့မည့်အချိန်၌ ‘သင်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟု ထင်မှတ်ကြသနည်း။ ငါသည် ထိုအရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ကြွလာတော်မူ၏။ ထိုအရှင်၏ခြေမှ ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်’ဟု ဆို၏။
26
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
27
ဂျေရုဆလင်မြို့တွင်နေထိုင်သောသူများနှင့် သူတို့၏အကြီးအကဲများသည် ထိုအရှင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းဖတ်ကြားသည့် ပရောဖက်တို့၏စကားကိုလည်းကောင်း မသိနားမလည်ကြ၍ ထိုအရှင်ကို ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ထိုစကားတို့ကို ပြည့်စုံစေကြ၏။
28
သူတို့သည် ကိုယ်တော်၌ သေဒဏ်ချမှတ်နိုင်သည့်ပြစ်မှုတစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း ကိုယ်တော်ကိုကွပ်မျက်ရန် ပိလတ်မင်းအား တောင်းဆိုကြ၏။
29
ဤသို့ဖြင့် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားသောအရာအားလုံးတို့ကို ပြုကြပြီးသောအခါ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းဂူထဲတွင် သွင်းထားကြ၏။
30
သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။
31
ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။
32
ငါတို့သည်လည်း ဘိုးဘေးများအားပေးတော်မူသော ကတိတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
33
ဘုရားသခင်သည် ယေရှုကိုထမြောက်စေ၍ ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသောငါတို့အတွက် ထိုကတိတော်တို့ကို ပြည့်စုံစေတော်မူပြီ။ ဤသည်ကား ဒုတိယမြောက်သောဆာလံကျမ်း၌ ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ’ ဟု ရေးထားသည့်အတိုင်းဖြစ်၏။
34
ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေပြီး နောက်တစ်ဖန် ပုပ်ပျက်ခြင်းသို့မရောက်စေသည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် ဒါဝိဒ်အားပေးထားသည့် သန့်ရှင်း၍ယုံကြည်ထိုက်သောကောင်းချီးကို သင်တို့အားပေးမည်’ ဟု မိန့်တော်မူခဲ့၏။
35
ထို့ကြောင့် အခြားသောဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ ဟု မိန့်ဆိုထား၏။
36
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
37
သို့သော် ဘုရားသခင်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့် မကြုံတွေ့ခဲ့ပေ။
38
ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုအရှင်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းတရားကို သင်တို့အား ဟောပြောသည်ကိုလည်းကောင်း၊ ယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းမခံရနိုင်သောအရာအားလုံးတို့မှလွတ်၍
39
ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
40
သို့ဖြစ်၍ ‘မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုလျက်အံ့ဩကြကာ ပျက်စီးခြင်းသို့ရောက်ကြလော့။ အကြောင်းမူကား ငါသည် သင်တို့လက်ထက်၌ အမှုတစ်ခုကို ပြုလုပ်မည်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား အကုန်အစင်ပြောပြသော်လည်း သင်တို့သည် လုံးဝယုံကြည်ကြမည်မဟုတ်’ ဟု ပရောဖက်များအားဖြင့် မိန့်တော်မူထားသောအရာသည် သင်တို့အပေါ် မသက်ရောက်မည့်အကြောင်း သတိပြုကြလော့”ဟု ဆိုလေ၏။
42
ပေါလုနှင့်ဗာနဗတို့ ထွက်ခွာလာကြစဉ် လူတို့က လာမည့်ဥပုသ်နေ့၌လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန်တောင်းပန်ကြ၏။
43
ဝတ်ပြုစည်းဝေးကျောင်းဆင်းသောအခါ များစွာသောဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သည့် ဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗတို့နောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်၌ ဆက်လက်တည်နေကြရန် အားပေးတိုက်တွန်းကြ၏။
44
နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။
45
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
46
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
47
အကြောင်းမူကား သခင်ဘုရားက ‘သင်တို့သည် ကယ်တင်ခြင်းကျေးဇူးကို မြေကြီးစွန်းတိုင်အောင် ရောက်ရှိစေရန် ငါသည် သင်တို့ကို လူမျိုးခြားတို့အတွက် အလင်းအဖြစ် ခန့်ထားပြီ’ ဟူ၍ ငါတို့အား မိန့်မှာတော်မူ၏”ဟု ဆိုလေ၏။
48
လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။
49
ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။
50
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
51
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ထိုသူတို့တစ်ဖက်၌ ခြေဖဝါးမှမြေမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ သွားကြ၏။
52
တပည့်တော်တို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Recommended Reading
Commentary
Acts Commentaries
→
Devotional
Acts Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→