bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Acts 5
Acts 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
1
သို့သော် အာနနိအမည်ရှိသောလူတစ်ဦးသည် သူ၏ဇနီး ရှဖိရေနှင့်အတူ ဥစ္စာပစ္စည်းကိုရောင်းပြီးလျှင်
2
ဇနီးသည်နှင့်သဘောတူလျက် အဖိုးငွေထဲမှအချို့ကို ထိမ်ချန်ထားကာ အချို့သောငွေကိုသာယူဆောင်လာ၍ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။
3
ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
4
ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။
5
အာနနိသည် ထိုစကားတို့ကိုကြားလျှင် လဲ၍သေဆုံးလေ၏။ ထိုအခြင်းအရာကို ကြားရသောသူအားလုံးတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
6
ထို့နောက် လူငယ်တို့သည်ဝင်လာ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင် သယ်ဆောင်သွားလျက် သင်္ဂြိုဟ်ကြလေ၏။
7
သုံးနာရီခန့်ကြာသောအခါ အာနနိ၏ဇနီးသည် ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုမသိဘဲ ဝင်လာ၏။
8
ထိုအခါ ပေတရုက သူ့အား “သင်တို့သည် ထိုမြေကွက်ကို ဤမျှနှင့်ရောင်းခဲ့သည်မှာ ဟုတ်၊ မဟုတ် ငါ့အားပြောလော့”ဟု မေးလေသော် သူက “ဟုတ်ပါ၏။ ဤမျှနှင့်ရောင်းခဲ့ပါ၏”ဟု ဆို၏။
9
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
10
ထိုခဏချင်းတွင် သူသည် ပေတရု၏ခြေရင်း၌ လဲ၍သေဆုံးလေ၏။ လူငယ်များသည်လည်း ဝင်လာ၍ သေဆုံးနေသောထိုအမျိုးသမီးကိုတွေ့လျှင် သယ်ဆောင်သွားကာ သူ၏ခင်ပွန်းအနား၌ သင်္ဂြိုဟ်ကြ၏။
11
အသင်းတော်တစ်ခုလုံးမှစ၍ ထိုအကြောင်းကိုကြားရသောသူရှိသမျှတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
12
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
13
အခြားသောသူတို့မူကား သူတို့နှင့်အတူ မပေါင်းဖော်ဝံ့ကြချေ။ သို့သော် လူတို့သည် သူတို့ကိုချီးမွမ်းကြ၏။
14
သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးအမြောက်အမြားတို့သည်လည်း ပို၍တိုးပွားလာကြ၏။
15
လူတို့သည် နာမကျန်းဖြစ်သူများကို လမ်းမပေါ်သို့သယ်ဆောင်လာ၍ ခုတင်များနှင့် အိပ်ရာများပေါ်တွင် ထားကြကာ ပေတရုလာသောအခါ သူ၏အရိပ်ကိုပင် ထိုလူနာအချို့တို့အပေါ်သို့ကျရောက်စေရန် ကြိုးစားကြ၏။
16
ဂျေရုဆလင်မြို့ပတ်ဝန်းကျင်ရှိ မြို့များမှ များစွာသောလူတို့သည်လည်း နာမကျန်းဖြစ်သူများနှင့် ညစ်ညူးသောနတ်တို့၏ပူးဝင်နှောင့်ယှက်ခြင်းခံရသူများကို ခေါ်ဆောင်လာ၍ စုဝေးလာကြရာ ထိုသူအပေါင်းတို့သည် အကောင်းပကတိဖြစ်လာကြ၏။
17
ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ သူ၏အပေါင်းအဖော်များဖြစ်ကြသော ဇဒ္ဒုကဲဂိုဏ်းဝင်သူအားလုံးတို့သည် မနာလိုစိတ်နှင့်ပြည့်ကြ၍ ထလျက်
18
တမန်တော်တို့ကိုဖမ်းဆီးကာ ပြည်သူ့အချုပ်ထောင်ထဲ၌ ထည့်ထားကြ၏။
19
သို့သော် ညအခါတွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကိုခေါ်ထုတ်ပြီးလျှင်
20
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
21
တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။
22
သို့သော် အစောင့်တပ်သားတို့သည် ရောက်သွားသောအခါ တမန်တော်တို့ကို ထောင်ထဲ၌မတွေ့ရချေ။ ထိုအခါ သူတို့သည်ပြန်လာ၍
23
“ထောင်ခန်းကို မြဲမြံလုံခြုံစွာပိတ်ထားလျက် အစောင့်များလည်း တံခါးရှေ့၌ရပ်နေကြသည်ကို အကျွန်ုပ်တို့တွေ့ရပါ၏။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ မည်သူ့ကိုမျှမတွေ့ရပါ”ဟု သတင်းပို့ကြ၏။
24
ဗိမာန်တော်အစောင့်တပ်မှူးနှင့်ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုစကားကိုကြားလျှင် ဤအမှုသည် မည်သို့ဖြစ်လိမ့်မည်နည်းဟု တမန်တော်တို့နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်ကြလေ၏။
25
ထိုအချိန်တွင် လူတစ်ဦးသည်ရောက်လာ၍ “ထောင်ထဲ၌ သင်တို့ချထားသောသူတို့သည် ဗိမာန်တော်ထဲ၌ရပ်လျက် လူတို့ကို သွန်သင်နေကြပါသည်”ဟု သတင်းပို့လေ၏။
26
ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ
27
သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက
28
“ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
29
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
30
ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သစ်တိုင်ပေါ်၌ သင်တို့ဆွဲထား၍ ကွပ်မျက်ခဲ့သောယေရှုကို ထမြောက်စေတော်မူ၏။
31
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
32
ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။
33
သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
34
သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
35
“အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။
36
အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
37
ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။
38
သို့ဖြစ်၍ ယခု သင်တို့အား ငါပြောမည်။ ဤသူတို့နှင့် ကင်းရှင်းစွာနေ၍ သူတို့ကိုလွှတ်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ဤအကြံအစည်၊ သို့မဟုတ် ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်လျှင် ပျက်စီးသွားလိမ့်မည်။
39
သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
40
ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
41
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
42
ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28