bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 1
Daniel 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 2 →
1
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။
2
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
3
ထို့နောက် ရှင်ဘုရင်သည် နန်းတော်အုပ် အာရှာပေနတ်ကိုခေါ်၍ အစ္စရေးအမျိုးသား မင်းမျိုးမင်းနွယ်၊ မှူးမျိုးမတ်နွယ်တို့ထဲမှ
4
ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။
5
ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
6
ထိုသူတို့ထဲတွင် ယုဒအမျိုးသားထဲမှ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိ တို့ပါ၏။
7
နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။
8
ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
9
နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။
10
နန်းတော်အုပ်ကလည်း ဒံယေလအား “သင်တို့စားသောက်ရန် ကြီးကြပ်စီမံပေးသော ငါ့အရှင်ဘုရင်ကို ငါကြောက်၏။ သင်တို့မျက်နှာသည် သင်တို့နှင့်သက်တူရွယ်တူလူငယ်တို့၏မျက်နှာနှင့်မတူ ညှိုးငယ်နေမည်ကို အဘယ်ကြောင့် သူ့ကို မြင်စေမည်နည်း။ သို့ဖြစ်လျှင် ငါသည် ဘုရင်ထံမှ အပြစ်ဒဏ်ခံရလိမ့်မည်”ဟု ပြန်ပြော၏။
11
ထိုအခါ ဒံယေလက မိမိအပါအဝင် ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုပေးရန် နန်းတော်အုပ်ခန့်ထားသောစားတော်ကဲထံသွား၍
12
“အသင့်အစေအပါးတို့အား ဟင်းသီးဟင်းရွက်ကိုသာကျွေး၍ ရေကိုသာတိုက်ခြင်းဖြင့် ဆယ်ရက်စမ်းသပ်ကြည့်ပါ။
13
ထို့နောက် အကျွန်ုပ်တို့၏ရုပ်ဆင်းသွင်ပြင်နှင့် ဘုရင့်အစားအစာကိုစားသောလူငယ်တို့၏ရုပ်ဆင်းသွင်ပြင်ကို ယှဉ်ကြည့်ပါ။ သို့ပြီးမှ အသင်မြင်သည့်အတိုင်း အသင့်ကျွန်တို့ကို စီရင်ပါ”ဟု ဆို၏။
14
စားတော်ကဲသည်လည်း ဒံယေလစကားကို သဘောတူ၍ ဆယ်ရက်စမ်းသပ်လေ၏။
15
ဆယ်ရက်စေ့သောအခါ သူတို့၏ရုပ်ဆင်းသွင်ပြင်သည် ဘုရင့်အစားအစာကိုစားသောအခြားလူငယ်တို့ထက် ပို၍ကျန်းမာကြံ့ခိုင်သည်ကို တွေ့ရ၏။
16
ထိုအခါ စားတော်ကဲသည် သူတို့စားဖို့အစာ၊ သောက်ဖို့စပျစ်ဝိုင်တို့အစား သူတို့အား ဟင်းသီးဟင်းရွက်များကိုသာ ကျွေးလေ၏။
17
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
18
ဤသို့ဖြင့် သူတို့ကို ဘုရင့်ရှေ့တော်သွင်းရမည့်နေ့ရောက်လာသောအခါ နန်းတော်အုပ်သည် သူတို့ကို နေဗုခဒ်နေဇာမင်းကြီးရှေ့တော်သို့ ခေါ်ဆောင်လာ၏။
19
ရှင်ဘုရင်သည် သူတို့နှင့်အပြန်အလှန်ပြောဆိုကြည့်သောအခါ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကဲ့သို့သောသူ တစ်ယောက်မျှမတွေ့။ ထို့ကြောင့် သူတို့သည် ဘုရင့်ထံပါး၌ ခစားခွင့်ရလေ၏။
20
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
21
ဒံယေလသည် ကုရုမင်းကြီးနန်းစံပထမနှစ်တိုင်အောင် ရှိနေခဲ့၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12