bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 8
Daniel 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
ငါဒံယေလသည် ပထမအကြိမ်ဗျာဒိတ်နိမိတ်ကို မြင်ရပြီးနောက် ဗေလရှာဇာမင်းကြီးနန်းစံတတိယနှစ်တွင် နောက်တစ်ကြိမ် မြင်ရပြန်၏။
2
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။
3
ငါမျှော်ကြည့်လိုက်သောအခါ မြစ်ဘေးတွင် သိုးထီးတစ်ကောင်ရပ်နေသည်ကို မြင်ရ၏။ ထိုသိုးထီးတွင် ချိုရှည်နှစ်ချောင်း ရှိ၏။ ချိုရှည်နှစ်ချောင်းတွင် တစ်ချောင်းသည် အခြားတစ်ချောင်းထက် ပိုရှည်၏။ ပိုရှည်သောချိုသည် နောက်မှပေါက်သောချိုဖြစ်၏။
4
ထိုသိုးထီးသည် အနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက်တို့သို့ လိုက်ဝှေ့နေသောကြောင့် မည်သည့်တိရစ္ဆာန်မျှ မခံနိုင်။ မည်သူမျှ တိရစ္ဆာန်တို့ကို သူ့လက်မှမကယ်နုတ်နိုင်။ ထိုသိုးထီးသည် မိမိအလိုအတိုင်းပြုလျက်၊ မာန်ထောင်လျက်ရှိသည်ကို ငါမြင်ရ၏။
5
ငါဆင်ခြင်ကြည့်နေစဉ် ဆိတ်ထီးတစ်ကောင်သည် မြေနှင့်မထိဘဲ မြေတစ်ပြင်လုံးကို ဖြတ်ကျော်၍ အနောက်ဘက်မှလာနေသည်ကို မြင်ရ၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားတွင် သိသာထင်ရှားသောချိုတစ်ချောင်း ပါ၏။
6
မြစ်ဘေးတွင်ရပ်နေသည်ကို ငါမြင်ရသော ချိုနှစ်ချောင်းရှိသိုးထီးထံသို့ ထိုဆိတ်ထီးသည် ဒေါသတကြီး ပြေးလာ၏။
7
သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။
8
ဤသို့ဖြင့် ထိုဆိတ်ထီးသည် အားကြီးသည်ထက်ကြီးလာ၏။ ထိုသို့ ခွန်အားကြီးလာသော်လည်း သူ့ချိုကြီးကျိုးသွား၍ ထိုချိုနေရာတွင် ကောင်းကင်အရပ်လေးမျက်နှာသို့မျက်နှာမူ၍ သိသာထင်ရှားသောချိုလေးချောင်း ပေါက်လာ၏။
9
ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။
10
ကောင်းကင်ဗိုလ်ခြေအထိ ကြီးမားလာ၍ ကောင်းကင်ဗိုလ်ခြေနှင့် ကြယ်အချို့တို့ကိုပင် မြေပေါ်သို့ဆွဲချနင်းချေပစ်၏။
11
ထိုမျှမက ကောင်းကင်ဗိုလ်ခြေမင်းကို ဆန့်ကျင်၍ မိမိကိုယ်ကိုချီးမြှောက်၏။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှား၍ သန့်ရှင်းရာဌာနကိုလည်း ဖြိုပစ်၏။
12
ဗိုလ်ခြေတို့သည် ကျူးလွန်သောအပြစ်ကြောင့် ပုံမှန်ပူဇော်သက္ကာနှင့်တကွ သူ့လက်သို့အပ်နှံခြင်းခံရလေ၏။ ထိုချိုသည် သမ္မာတရားကိုမြေကြီးပေါ်သို့ပစ်ချလေ၏။ သူပြုသောအမှုသည် အောင်မြင်၏။
13
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
14
ထိုသူကလည်း “ရက်ပေါင်း နှစ်ထောင့်သုံးရာ ကြာလိမ့်မည်။ ထို့နောက်မှ သန့်ရှင်းရာဌာနကို ပြန်လည်သန့်ရှင်းစေတော်မူလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
15
ငါဒံယေလသည် ဗျာဒိတ်နိမိတ်ကို မြင်ရ၍ နားလည်အောင် ကြိုးစားနေစဉ် လူနှင့်တူသောသဏ္ဌာန်တစ်ခုသည် ငါ့ရှေ့ရောက်လာ၏။
16
ထို့နောက် ဥလဲမြစ်နားမှလူတစ်ဦးက “အို ဂါဗြေလ၊ ထိုဗျာဒိတ်အာရုံ၏အနက်ကို သူ့အား ဖော်ပြပေးပါ”ဟု အော်ပြောသောအသံကို ငါကြားရ၏။
17
ထိုအခါ ဂါဗြေလသည် ငါ့ထံချဉ်းကပ်လာသဖြင့် ငါလည်း ကြောက်လန့်တုန်လှုပ်၍ မှောက်လျက်လဲကျသွား၏။ သူကလည်း “အချင်းလူသား၊ ဤဗျာဒိတ်နိမိတ်သည် နောက်ဆုံးကာလနှင့်ဆိုင်သည်ကို သိမှတ်လော့”ဟု ငါ့အား ပြောပြ၏။
18
ထိုသို့ပြောနေစဉ် ငါသည် သတိလစ်၍မြေပေါ်သို့ မှောက်လျက်လဲကျသွားရာမှ သူက ငါ့ကိုတို့၍ ပြန်ရပ်စေပြီး
19
“ကြည့်ရှုလော့။ အမျက်တော်၏အဆုံး၌ဖြစ်ပျက်မည့်အရာကို သင့်အား ငါသိမြင်စေမည်။ ဤအဖြစ်အပျက်သည် သတ်မှတ်ထားသောနောက်ဆုံးအချိန်တွင် ဖြစ်လာလိမ့်မည်။
20
သင်မြင်ခဲ့ရသောသိုးထီး၌ပါသည့်ချိုနှစ်ချောင်းမှာ မေဒိဘုရင်နှင့် ပါးရှားဘုရင်ကို ဆိုလို၏။
21
အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။
22
ထိုချိုကြီးသည် ကျိုးသွား၍ ထိုနေရာတွင်ပေါက်လာသောချိုလေးချောင်းသည် ထိုနိုင်ငံမှပေါ်လာမည့်နိုင်ငံလေးနိုင်ငံ ဖြစ်၏။ သို့သော် ထိုနိုင်ငံကဲ့သို့ တန်ခိုးထွားမည်မဟုတ်။
23
ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။
24
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
25
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
26
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
27
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12