bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 10
Daniel 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။
2
ထိုစဉ်က ငါဒံယေလသည် ရက်သတ္တပတ်သုံးပတ်တိုင်တိုင် ငိုကြွေးမြည်တမ်းလျက်
3
ထိုရက်သတ္တပတ်သုံးပတ်တိုင်တိုင် စားကောင်းသောက်ဖွယ်ကို မစား၊ အသားနှင့် စပျစ်ဝိုင်ကိုလည်း မသုံးဆောင်၊ ဆီကိုလည်း မလိမ်းဘဲ နေ၏။
4
ပထမလ၊ နှစ်ဆယ့်လေးရက်နေ့တွင် ငါသည် တိုက်ဂရစ်မြစ်ကြီး၏ကမ်းနံဘေးတွင် ရပ်နေစဉ်
5
ငါမျှော်ကြည့်လိုက်သောအခါ ပိတ်ချောထည်ဝတ်ဆင်၍ ခါးတွင်ဥဖတ်မြို့မှထွက်သောရွှေစင်ခါးပန်း စည်းထားသောသူတစ်ယောက်ကို မြင်၏။
6
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
7
ငါဒံယေလတစ်ဦးတည်းသာ နိမိတ်အာရုံကို မြင်ရ၏။ ငါနှင့်အတူရှိသောသူတို့မူကား နိမိတ်အာရုံကို မမြင်ရသော်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်ကြပြီး ထွက်ပြေးပုန်းအောင်းကြ၏။
8
ထို့ကြောင့် ငါတစ်ယောက်တည်းကျန်ရစ်ပြီး ထိတ်လန့်ဖွယ်နိမိတ်အာရုံကို မြင်ရ၍ ခွန်အားများ မရှိတော့ချေ။ ငါ့မျက်နှာသည် လူသေမျက်နှာကဲ့သို့ဖြစ်၍ ခွန်အားကုန်ခန်းလေ၏။
9
ထိုအခါ ထိုသူပြောသောစကားသံကို ကြားရ၏။ ထိုသူပြောသောစကားကို နားထောင်နေစဉ် ငါသည် သတိလစ်၍မှောက်လျက်လဲကျသွား၏။
10
ထိုအခါ လက်တစ်ဖက်သည် ငါ့ကိုတို့၍ ငါ့ဒူးနှင့်လက်ကိုလည်း ကိုင်လှုပ်၏။
11
ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။
12
တစ်ဖန် သူက “ဒံယေလ၊ မကြောက်နှင့်။ သင်သည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချ၍ နားလည်လိုသောဆန္ဒရှိသည့်ပထမဆုံးနေ့မှစ၍ သင့်စကားကို ဘုရားသခင်ကြားတော်မူပြီ။ သင့်စကားကြောင့် ငါရောက်လာရခြင်းဖြစ်၏။
13
ပါးရှားနိုင်ငံစောင့်မင်းသည် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ငါ့ကိုဆီးတားနှောင့်ယှက်ခဲ့၏။ ငါ့ကို ပါးရှားဘုရင်တို့ထံ၌ ထားခဲ့သောကြောင့် အထွတ်အမြတ်မင်းစုထဲမှတစ်ပါးဖြစ်သောမိက္ခေလသည် ငါ့ကို လာရောက်ကူညီခဲ့ရ၏။
14
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
15
ထိုသူသည် ငါ့အား ထိုသို့သောစကားများကိုပြောဆိုသောအခါ ငါသည် မြေကြီးကိုစိုက်ကြည့်၍ နှုတ်ဆွံ့အသွား၏။
16
ထိုအခါ လူသဏ္ဌာန်နှင့်တူသောသူက ငါ့နှုတ်ခမ်းကို တို့၏။ ငါလည်း နှုတ်ကိုဖွင့်၍ ငါ့ရှေ့၌ရပ်နေသောသူအား “အကျွန်ုပ်၏သခင်၊ ဤနိမိတ်အာရုံကြောင့် အကျွန်ုပ်သည် ပြင်းထန်သောဝေဒနာကိုခံစားရ၍ ခွန်အားလည်း ကုန်ခန်းပါပြီ။
17
သခင့်အစေအပါးအကျွန်ုပ်သည် သခင်နှင့်မည်သို့ ပြောဆိုနိုင်မည်နည်း။ ယခုပင် အကျွန်ုပ်၌ ခွန်အားမရှိတော့ပါ။ ထွက်သက်ဝင်သက်လည်း မကျန်တော့ပါ”ဟု ပြန်လျှောက်၏။
18
ထိုအခါ လူပုံသဏ္ဌာန်နှင့်တူသောသူသည် ငါ့ကို နောက်တစ်ခါ တို့၍ ခွန်အားဖြည့်ပေး၏။
19
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။
20
ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။
21
ယခု သမ္မာတရားကျမ်းတွင် ရေးထားသောအရာတို့ကို သင့်အား ငါပြောပြမည်။ ထိုသူတို့နှင့် တိုက်ခိုက်ရာတွင် သင်တို့၏မင်း မိက္ခေလမှတစ်ပါး ငါ့ကို ကူညီမည့်သူတစ်ယောက်မျှမရှိ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12