bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 9
Daniel 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
1
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။
2
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
3
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
4
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
5
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
6
ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။
7
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
8
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားမိကြသောကြောင့် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါပြီ။
9
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။
10
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားမထောင်ကြပါ။ ကိုယ်တော်၏အစေအပါးပရောဖက်တို့အားဖြင့် အကျွန်ုပ်တို့အား ပေးတော်မူသောပညတ်တရားအတိုင်း မလိုက်လျှောက်ကြပါ။
11
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
12
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
13
ပညတ္တိကျမ်းတွင် မောရှေရေးထားသည့် ဘေးဆိုးအလုံးစုံတို့သည် အကျွန်ုပ်တို့အပေါ် သင့်ရောက်ပါ၏။ ထိုသို့ဖြစ်သည့်တိုင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို မရှာ၊ အပြစ်လမ်းမှ ပြန်မလှည့်၊ သမ္မာတရားကို အလေးမထားခဲ့ကြပါ။
14
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
15
တန်ခိုးကြီးသောလက်တော်ဖြင့် လူမျိုးတော်ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့သောအကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ယနေ့တိုင် အပြစ်ပြုလျက်၊ ဆိုးယုတ်လျက်သာ ရှိပါ၏။
16
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
17
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ယခု ကိုယ်တော့်အစေအပါး၏ဆုတောင်းသံ၊ အသနားခံသံကို နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ လူဆိတ်ညံသွားသောကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ ကိုယ်တော်တိုင်အဖို့ ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
18
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
19
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
20
ထိုသို့ ငါသည် ငါ့အပြစ်၊ ငါ့လူမျိုးအစ္စရေးတို့၏အပြစ်ကို ဝန်ချတောင်းပန်၍ မြွက်ဆိုဆုတောင်းခဲ့၏။ ဘုရားသခင်၏သန့်ရှင်းသောတောင်တော်အတွက်လည်း ဘုရားသခင်ထာဝရဘုရားထံ ပျပ်ဝပ်အသနားခံခဲ့၏။
21
ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။
22
သူက ငါ့အား “ဒံယေလ၊ သင့်အား ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကိုပေးရန် ယခု ငါရောက်လာခြင်းဖြစ်၏။
23
သင်သည် နှစ်သက်မြတ်နိုးခြင်းကို ခံရသောသူဖြစ်သောကြောင့် သင် စတင်ဆုတောင်းစဉ်မှာပင် အမိန့်တော်ရှိသည်ဖြစ်၍ သင့်အား ပြောကြားရန် ငါရောက်လာပြီ။ သို့ဖြစ်၍ ဤစကားတော်ကို ဆင်ခြင်၍ ဗျာဒိတ်အာရုံကို သိရှိနားလည်လော့။
24
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
25
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
26
ခြောက်ဆယ့်နှစ်သီတင်းလွန်လျှင် ဘိသိက်ခံမင်းသည် မည်သည့်အရာမျှမကျန်ဘဲ ပယ်ရှင်းခြင်းခံရလိမ့်မည်။ နောက်တက်လာမည့်မင်း၏လူတို့သည် မြို့နှင့် သန့်ရှင်းရာဌာနကို ဖျက်ဆီးပစ်လိမ့်မည်။ အဆုံးသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ အဆုံးသို့မရောက်မချင်း စစ်မက်ဖြစ်ပွားလိမ့်မည်။ ဤသို့ ပျက်စီးခြင်းကို စီရင်ထားတော်မူပြီ။
27
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12