bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 3
Daniel 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
တစ်နေ့တွင် နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ် ၊ အကျယ်ခြောက်တောင် ရှိသော ရွှေရုပ်တုတစ်ခုကို ထုလုပ်ပြီး ဘေဘီလုံနယ်မြေရှိ ဒုရလွင်ပြင်၌ ထားရှိ၍
2
မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့စုရုံး၍ သူတည်ထားသောရုပ်တုကြီး၏အနုမောဒနာပွဲသို့ လာရောက်ကြရန် ဆင့်ခေါ်လေ၏။
3
ထို့ကြောင့် မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့သည် နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တု၏အနုမောဒနာပွဲသို့ စုရုံးလာကြပြီး နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တုရှေ့၌ ရပ်နေကြ၏။
4
သံတော်ဆင့်တစ်ဦးက “အို နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြသောလူမျိုးအပေါင်းတို့၊ သင်တို့အတွက် အမိန့်တော်ရှိ၏။
5
တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကို သင်တို့ကြားရသောအခါ နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးကြရမည်။
6
မပျပ်ဝပ်မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်း ခံရမည်”ဟု ကျယ်လောင်စွာ ကြေညာလေ၏။
7
ထို့ကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသောလူမျိုးအပေါင်းတို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြားမှစ၍ တူရိယာအမျိုးမျိုးတီးမှုတ်သံကို ကြားလျှင်ကြားချင်း နေဗုခဒ်နေဇာမင်းကြီး တည်ထားသောရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးကြ၏။
8
ထိုအခါ ခါလဒဲပညာရှိတို့သည် လာ၍ ဂျူးလူမျိုးတို့ကို စွပ်စွဲကြ၏။
9
သူတို့သည် နေဗုခဒ်နေဇာမင်းကြီးအား “အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။
10
အို အရှင်မင်းကြီး၊ မင်းကြီးက တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားသောသူတိုင်း ရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးရမည်။
11
မပျပ်ဝပ် မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ချခြင်းခံရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါ၏။
12
ဘေဘီလုံနယ်မြေတွင် အုပ်ချုပ်ရေးမှူးအဖြစ် မင်းကြီးခန့်ထားသော ဂျူးလူမျိုး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် မင်းကြီးထုတ်ပြန်သောအမိန့်ကို အလေးမထားကြပါ။ မင်းကြီး၏ဘုရားများကို မကိုးကွယ်သည်သာမက ယခုတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးကြပါ”ဟု တိုင်ကြားလေ၏။
13
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမျက်ပြင်းစွာထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ဆောင်လာရန် အမိန့်ပေး၏။ ဘုရင့်ရှေ့မှောက်သို့ သူတို့ ရောက်လာသောအခါ
14
နေဗုခဒ်နေဇာမင်းကြီးက “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ သင်တို့သည် ငါ့ဘုရားများကို မကိုးကွယ်၊ ငါတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးဘဲ နေကြသည်မှာ မှန်သလော။
15
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
16
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း “အို နေဗုခဒ်နေဇာမင်းကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ အကျွန်ုပ်တို့သည် မင်းကြီးအား ပြန်လျှောက်စရာအကြောင်း ဘာမျှမရှိပါ။
17
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
18
ထိုသို့ ကယ်တင်တော်မမူလျှင်လည်း အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏ဘုရားများကို မကိုးကွယ်၊ မင်းကြီးတည်ထားသောရွှေရုပ်တုကိုလည်း ရှိခိုးမည်မဟုတ်ကြောင်း သိမှတ်တော်မူပါ”ဟု မင်းကြီးအား ပြန်လျှောက်ကြ၏။
19
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား အမျက်ပြင်းစွာထွက်၍ မျက်စိမျက်နှာပျက်လေ၏။ ထို့ကြောင့် မီးပြင်းဖိုကို ပုံမှန်ထက်ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေးလေ၏။
20
ထို့နောက် မိမိစစ်သည်ထဲမှ ခွန်အားကြီးသောသူတို့အား ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍ မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ထည့်ရန် အမိန့်ပေးလေ၏။
21
ဤသို့ဖြင့် ထိုသူသုံးဦးတို့သည် ဝတ်ရုံ၊ ဘောင်းဘီ၊ ခေါင်းပေါင်း၊ အဝတ်တန်ဆာတို့နှင့်တကွ တုပ်နှောင်ခံရ၍ မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ချခံရလေ၏။
22
ပြင်းထန်သောဘုရင့်အမိန့်တော်ကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲခေါ်လာသူတို့ပင် မီးပြင်းဖိုမှ မီးလျှံအပူရှိန်ကြောင့် သေကြကုန်၏။
23
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သုံးဦးတို့သည်လည်း တုပ်နှောင်ခံရလျက်ပင် မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ရောက်သွားလေ၏။
24
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အလွန်အံ့အားသင့်လျက် ရုတ်တရက်ထ၍ မိမိအတိုင်ပင်ခံတို့အား “ငါတို့သည် လူသုံးဦးကိုတုပ်နှောင်၍ မီးထဲသို့ပစ်ချခဲ့သည်မဟုတ်လော”ဟု မေးရာ သူတို့ကလည်း “မှန်ပါသည် အရှင်မင်းကြီး”ဟု ပြန်လျှောက်ကြ၏။
25
ရှင်ဘုရင်ကလည်း “ကြည့်ကြလော့။ လူလေးဦးတို့သည် ထိခိုက်မှုမရှိ။ အတုပ်အနှောင်ကင်းလျက် မီးထဲ၌သွားလာနေကြသည်ကို ငါမြင်ရ၏။ လေးယောက်မြောက်သောသူသည် ဘုရားသားတော်နှင့်အဆင်းသဏ္ဌာန် တူ၏”ဟု မိန့်ဆို၏။
26
ထို့နောက် နေဗုခဒ်နေဇာမင်းကြီးသည် မီးတောက်နေသောမီးပြင်းဖိုအဝသို့ သွား၍ “အမြင့်ဆုံးသောဘုရားသခင်၏ကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်လာကြလော့။ မီးထဲမှ ထွက်လာကြလော့”ဟု မိန့်ဆို၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း မီးထဲမှ ထွက်လာကြ၏။
27
ထိုအခါ မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ ဘုရင့်အတိုင်ပင်ခံများ ဝိုင်းအုံကြည့်ကြရာ ထိုသူတို့၏ကိုယ်ခန္ဓာကို မီးမလောင်၊ ဦးခေါင်းမှဆံပင်လည်း မီးမဟပ်၊ ဝတ်ရုံများလည်း မပျက်စီး၊ သူတို့ကိုယ်တွင်လည်း မီးခိုးနံ့ပင် မရကြောင်းကို တွေ့ရလေ၏။
28
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
29
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
30
ထို့နောက် ရှင်ဘုရင်သည် ဘေဘီလုံနယ်မြေတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချီးမြှင့်မြှောက်စားလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12