bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 12
Exodus 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 13 →
1
အီဂျစ်ပြည်၌ ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“ဤလသည် သင်တို့အတွက် ပထမလ၊ နှစ်၏ပထမလဖြစ်ရမည်။
3
အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
4
အကယ်၍ မိသားစုနည်းသဖြင့် သိုးသငယ်တစ်ကောင်ကို စားမကုန်လျှင် သူသည် အနီးဆုံးအိမ်နီးချင်းနှင့်ပေါင်း၍ လူဦးရေအလိုက် မိမိတို့အသီးသီးစားနိုင်သည့်ပမာဏနှင့်အညီ သိုးသငယ်တစ်ကောင်ကို ချိန်ဆပြီးယူရမည်။
5
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
6
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
7
သွေးကိုယူပြီးလျှင် သိုးသငယ်ကိုစားသောသူတို့နေသောအိမ်များ၏တံခါးတိုင်နှစ်ဖက်နှင့် တံခါးထုပ်တို့၌ သုတ်လိမ်းရမည်။
8
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
9
အစိမ်းလိုက်ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ မစားရ။ ဦးခေါင်းနှင့်တကွ ခြေထောက်နှင့် အူတို့ကို မီးကင်ပြီးမှစားရမည်။
10
နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
11
သင်တို့ အဘယ်သို့စားရမည်နည်းဟူမူကား သင်တို့၏ခါးကိုစည်းလျက်၊ ခြေ၌ဖိနပ်ကိုစီးလျက်၊ လက်ထဲ၌တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ဤသည်ကား ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။
12
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
13
သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။
14
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
15
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
16
သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။
17
ဤနေ့၌ သင်တို့လူစုကို အီဂျစ်ပြည်ထဲမှ ငါထုတ်ဆောင်လာခဲ့သည်ဖြစ်၍ ဤနေ့၌ တဆေးမဲ့မုန့်ပွဲတော်ကို သင်တို့ကျင်းပရမည်။ ဤနေ့ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် စောင့်ထိန်းရမည်။
18
ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
19
ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။
20
သင်တို့သည် တဆေးပါသောအရာတစ်စုံတစ်ခုကိုမျှ မစားရ။ မည်သည့်အရပ်၌နေထိုင်သည်ဖြစ်စေ တဆေးမဲ့မုန့်ကို စားရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
21
ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။
22
ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍ အင်တုံထဲ၌ရှိသောသွေးတွင်နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်ကို အင်တုံထဲမှသွေးဖြင့် သုတ်ရမည်။ နံနက်တိုင်အောင် မည်သူမျှ မိမိအိမ်တံခါးအပြင်သို့ မထွက်ရ။
23
အကြောင်းမူကား ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ဒဏ်ခတ်ရန် ဖြတ်သွားသောအခါ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ သွေးကိုမြင်လျှင် ထာဝရဘုရားသည် ထိုတံခါးကိုကျော်သွားမည်။ ဖျက်ဆီးသောသူကိုလည်း သင်တို့၏အိမ်ထဲသို့ဝင်၍ သင်တို့ကိုဒဏ်ခတ်ခွင့်ပေးတော်မူမည်မဟုတ်။
24
သို့ဖြစ်၍ ဤအစဉ်အလာကို ပြဋ္ဌာန်းချက်အဖြစ် သင်နှင့်သင့်သားမြေးများသည် အစဉ်အမြဲစောင့်ထိန်းရမည်။
25
သင်တို့အားပေးမည်ဟု ထာဝရဘုရားကတိထားသောပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ သင်တို့သည် ဤအစဉ်အလာကို စောင့်ထိန်းရမည်။
26
သင်တို့၏သားမြေးများက ‘ဤအစဉ်အလာကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ
27
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
28
ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
29
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
30
အီဂျစ်ပြည်၌ လူမသေသောအိမ်ဟူ၍မရှိသောကြောင့် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် အီဂျစ်လူမျိုးအပေါင်းတို့သည် ညအချိန်၌ ထ၍ ပြင်းစွာအော်ဟစ်ငိုကြွေးကြ၏။
31
ထို့ကြောင့် ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကို ညတွင်းချင်းဆင့်ခေါ်၍ “သင်တို့မှစ၍ အစ္စရေးအမျိုးသားတို့ပါ ထ၍ ငါ၏လူမျိုးထဲမှ ထွက်သွားကြလော့။ သင်တို့လျှောက်ထားသည့်အတိုင်း ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။
32
သင်တို့လျှောက်ထားသည့်အတိုင်း သင်တို့၏သိုးဆိတ်များ၊ နွားများကို ယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့”ဟု ဆိုလေ၏။
33
အီဂျစ်လူမျိုးတို့က “ငါတို့အားလုံးသေကုန်လိမ့်မည်”ဟု ဆိုလျက် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်ထဲမှ အလျင်အမြန်ထွက်သွားကြစေရန် နှိုးဆော်ကြ၏။
34
ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် တဆေးမဖောက်ရသေးသောမုန့်နှစ်ကိုယူ၍ မုန့်နယ်ခွက်နှင့်အတူ အဝတ်ဖြင့်ထုပ်၍ မိမိတို့၏ပခုံးပေါ်ထမ်းသွားကြ၏။
35
အစ္စရေးအမျိုးသားတို့သည် မောရှေ၏စကားအတိုင်းပြုကြ၏။ အီဂျစ်လူမျိုးတို့ထံမှ ရွှေထည်ငွေထည်များနှင့် အဝတ်အစားများကို တောင်းကြ၏။
36
ထာဝရဘုရားသည်လည်း အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့ရှေ့မှောက်၌ မျက်နှာရစေတော်မူသဖြင့် သူတို့တောင်းသောအရာများကိုပေးကြ၏။ ဤသို့ဖြင့် သူတို့သည် အီဂျစ်လူမျိုးတို့ထံမှ သိမ်းယူကြလေ၏။
37
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
38
အခြားလူမျိုးများစွာတို့နှင့် သိုးဆိတ်များ၊ နွားများ စသည့် အလွန်များသောတိရစ္ဆာန်တို့သည်လည်း သူတို့နှင့်အတူထွက်သွားကြ၏။
39
အီဂျစ်ပြည်မှနှင်ထုတ်ခံရစဉ်က သူတို့သည်အချိန်မရသဖြင့် မိမိတို့အတွက်စားနပ်ရိက္ခာကိုပင် မပြင်ဆင်နိုင်ကြ။ ထို့ကြောင့် အီဂျစ်ပြည်မှယူဆောင်လာသည့် တဆေးမဖောက်ထားသော မုန့်နှစ်ဖြင့် တဆေးမဲ့မုန့်ပြားကိုသာ ဖုတ်စားကြရ၏။
40
အီဂျစ်ပြည်၌ အစ္စရေးအမျိုးသားတို့ နေထိုင်ခဲ့ကြသောအချိန်ကာလမှာ နှစ်ပေါင်း လေးရာ့သုံးဆယ်ဖြစ်၏။
41
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
42
ထိုညသည် အီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်ရန် ထာဝရဘုရားစောင့်စားခဲ့သောညဖြစ်၏။ ထိုညသည် အစ္စရေးအမျိုးသားအပေါင်းတို့ မျိုးဆက်အစဉ်အဆက်ထာဝရဘုရားအဖို့ စောင့်ထိန်းရသောညဖြစ်၏။
43
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
44
သို့သော် ငွေဖြင့်ဝယ်ထားသောမည်သည့်ကျွန်ယောက်ျားမဆို အရေဖျားလှီးခြင်းကိုခံပြီးလျှင် စားနိုင်၏။
45
မည်သည့်ဧည့်သည်၊ မည်သည့်သူရင်းငှားမျှ မစားရ။
46
ပသခါသိုးကို အိမ်တစ်အိမ်ထဲ၌ စားရမည်။ အသားကို အိမ်ထဲမှ အပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
47
အစ္စရေးလူထုအပေါင်းတို့သည် ထိုပွဲကို ကျင်းပရမည်။
48
သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုကျင်းပလိုလျှင် သူနှင့်အတူရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ သို့ပြီးမှ သူသည် ပသခါပွဲကိုပါဝင်ကျင်းပနိုင်မည်။ အမျိုးသားချင်းကဲ့သို့လည်းဖြစ်မည်။ သို့သော် အရေဖျားလှီးခြင်းမခံသောသူမည်သူမျှ ပသခါသိုးကိုမစားရ။
49
အမျိုးသားချင်းအတွက်ဖြစ်စေ၊ သင်တို့ထဲတွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသားအတွက်ဖြစ်စေ ပညတ်တရားတစ်ပါးတည်းဖြစ်ရမည်”ဟု မိန့်တော်မူ၏။
50
မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားအပေါင်းတို့သည် တစ်သဝေမတိမ်းပြုကြ၏။
51
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40