bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 29
Exodus 29
Burmese MSBU
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 30 →
1
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
2
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
3
တောင်းတစ်လုံးထဲ၌ထည့်၍ ထိုတောင်းထဲရှိမုန့်များနှင့်အတူ နွားထီးတစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူဆောင်ခဲ့ရမည်။
4
အာရုန်နှင့်သူ၏သားတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောရမည်။
5
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ် အောက်ရှိဝတ်လုံ၊ ဧဖုဒ် နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ် ၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။
6
သူ၏ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောသရဖူကို ခေါင်းပေါင်းပေါ်၌တပ်ရမည်။
7
ဘိသိက်ဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းလျက် သူ့ကိုဘိသိက်ပေးရမည်။
8
သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ဆင်ပေးရမည်။
9
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
10
နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
11
နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
12
နွားထီး၏သွေးအချို့ကိုယူ၍ သင့်လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကိုသုတ်လိမ်းပြီးလျှင် ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
13
အူကိုဖုံးနေသည့်အဆီရှိသမျှကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့်ထိုကျောက်ကပ်နှစ်ခုအပေါ်ရှိအဆီကိုလည်းကောင်း ယူ၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။
14
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
15
သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
16
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးကိုယူ၍ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
17
ထိုသိုးထီးကို အပိုင်းပိုင်းခုတ်ဖြတ်ရမည်။ အူနှင့်ခြေထောက်ကို ဆေးကြောပြီးလျှင် ၎င်းတို့ကို ဦးခေါင်းနှင့် ခုတ်ဖြတ်ထားသောအပိုင်းများပေါ်တွင် ထားရမည်။
18
ထိုသိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
19
နောက်သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
20
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်းနှင့် သူ့သားတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ သူတို့၏ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်းပေးရမည်။ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်းရမည်။
21
ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့နှင့် ဘိသိက်ဆီအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာပေါ်၌လည်းကောင်း၊ သူ့သားတို့နှင့် သူ့သားတို့၏အဝတ်တန်ဆာပေါ်၌လည်းကောင်း ဖျန်းရမည်။ သို့ပြုလျှင် အာရုန်နှင့်သူ၏အဝတ်တန်ဆာသည်လည်းကောင်း၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာသည်လည်းကောင်း သန့်ရှင်းလိမ့်မည်။
22
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
23
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
24
ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
25
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
26
အာရုန်အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ထိုရင်ပုံကိုချီလွှဲရမည်။ ၎င်းသည် သင်၏ဝေစုဖြစ်၏။
27
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
28
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
29
အာရုန်၏သန့်ရှင်းသောအဝတ်တန်ဆာသည် နောင်လာမည့်သူ၏သားမြေးများ ဘိသိက်ပေးခြင်း၊ ခန့်အပ်ခြင်းခံရာတွင် ဝတ်ဆင်ရန်အတွက် ဖြစ်ရမည်။
30
အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
31
အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကိုယူ၍ သန့်ရှင်းသောနေရာ၌ အသားကိုပြုတ်ရမည်။
32
သိုးထီးအသားနှင့်တောင်းထဲ၌ရှိသောမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စားရမည်။
33
သူတို့ကို ခန့်အပ်ရန်နှင့်သန့်ရှင်းစေရန် သူတို့သည် အပြစ်ဖြေလွှတ်ခြင်းအတွက်ပူဇော်သောအရာတို့ကို စားကြရမည်။ ထိုအရာတို့သည် သန့်ရှင်းသောအရာဖြစ်၍ မဆိုင်သောသူမစားရ။
34
အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအသားဖြစ်စေ၊ မုန့်ဖြစ်စေ နံနက်တိုင်အောင်ကြွင်းကျန်လျှင် ထိုအကျန်ကို မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအရာဖြစ်၍ မည်သူမျှမစားရ။
35
ငါမိန့်မှာလေသမျှအတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ခန့်အပ်ခြင်းမင်္ဂလာကို ခုနစ်ရက်ပတ်လုံး ကျင်းပရမည်။
36
အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် နေ့စဉ်ပူဇော်ရမည်။ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုခြင်းဖြင့် ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။ ယဇ်ပလ္လင်ကိုဘိသိက်သွန်းခြင်းဖြင့် ၎င်းကိုသန့်ရှင်းစေရမည်။
37
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
38
ယဇ်ပလ္လင်ပေါ်၌ တစ်နေ့လျှင် တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို နေ့စဉ်ပူဇော်ရမည်။
39
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်၌ ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်၌ ပူဇော်ရမည်။
40
သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန် ၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ နှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံ နှင့်လည်းကောင်း ပူဇော်ရမည်။
41
နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်၌ ပူဇော်ရမည်။ ၎င်းကို နံနက်အချိန်ဘောဇဉ်ပူဇော်သက္ကာကဲ့သို့လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာကဲ့သို့လည်းကောင်း မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
42
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငါသည် သင်တို့နှင့်တွေ့ဆုံ၍ သင်နှင့်စကားပြောမည်။ ထိုနေရာ၌ ဤမီးရှို့ရာယဇ်ကို သင်တို့မျိုးဆက်အစဉ်အဆက် အစဉ်မပြတ်ပူဇော်ရမည်။
43
ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။
44
တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကို ငါသန့်ရှင်းစေမည်။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ့သားတို့ကိုလည်း ငါသန့်ရှင်းစေမည်။
45
အစ္စရေးအမျိုးသားတို့အလယ်၌ ငါကိန်းဝပ်မည်၊ သူတို့၏ဘုရားဖြစ်မည်။
46
ငါသည် သူတို့အလယ်၌ကိန်းဝပ်ဖို့ရန် သူတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40