bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 3
Exodus 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 4 →
1
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
2
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မောရှေအား ချုံပုတ်အလယ် မီးလျှံထဲမှ ကိုယ်ထင်ရှားပြလေ၏။ မောရှေကြည့်လိုက်သောအခါ ချုံပုတ်သည် မီးတောက်လောင်နေသော်လည်း ကျွမ်းသွားခြင်းမရှိသည်ကို မြင်လျှင်
3
မောရှေက “အဘယ်ကြောင့် ချုံပုတ်ကျွမ်းသွားခြင်းမရှိသနည်း။ ဤထူးဆန်းသောအရာကို ငါသွားကြည့်မည်”ဟု ဆို၏။
4
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
5
ဘုရားသခင်က “ဤနေရာသို့မချဉ်းကပ်နှင့်။ သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့” ဟု မိန့်တော်မူ၏။
6
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
7
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
8
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
9
ယခု အစ္စရေးအမျိုးသားတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်၍ သူတို့အား အီဂျစ်လူမျိုးတို့ဖိနှိပ်ညှဉ်းဆဲကြသည်ကိုလည်း ငါမြင်ပြီ။
10
ထို့ကြောင့် သင့်ကို ဖာရောမင်းကြီးထံသို့ ငါစေလွှတ်၏။ သင်သွား၍ ငါ၏လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
11
သို့သော် မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် မည်သို့သောသူဖြစ်၍ ဖာရောမင်းကြီးထံသွားပြီး အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာရမည်နည်း”ဟု လျှောက်လေ၏။
12
ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။
13
ထိုအခါ မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် အစ္စရေးအမျိုးသားတို့ထံသို့သွား၍ ‘သင်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် ငါ့ကို သင်တို့ထံသို့စေလွှတ်တော်မူ၏’ဟု ဆို၍ သူတို့ကလည်း ‘ထိုဘုရား၏နာမတော်ကား မည်သို့နည်း’ဟု ပြန်မေးလျှင် အကျွန်ုပ်သည် သူတို့ကို မည်သို့ပြန်ဖြေရမည်နည်း”ဟု လျှောက်လေ၏။
14
ဘုရားသခင်က မောရှေအား “ငါသည် ငါဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က “သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါဖြစ်၏ဟုဆိုသောသူက သင်တို့ထံသို့ ငါ့ကိုစေလွှတ်တော်မူသည်’ဟူ၍ ပြောရမည်”ဟု မိန့်တော်မူ၏။
15
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏ ’ ဟု ပြောရမည်။
16
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရား တည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
17
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
18
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
19
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
20
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
21
ငါသည် ဤလူမျိုးကို အီဂျစ်လူမျိုးတို့၏ရှေ့တွင် မျက်နှာရစေသဖြင့် သင်တို့ထွက်သွားသောအခါ လက်ချည်းသက်သက်မထွက်သွားရ။
22
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40