bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 32
Exodus 32
Burmese MSBU
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
1
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ” ဟု ဆိုကြ၏။
2
အာရုန်ကလည်း “သင်တို့၏မယားနှင့် သားသမီးတို့၏နား၌ဆင်ထားသော ရွှေနားကွင်းများကိုချွတ်၍ ငါ့ထံသို့ယူဆောင်ခဲ့လော့”ဟု သူတို့အားဆို၏။
3
ထိုအခါ လူအပေါင်းတို့သည် မိမိတို့၏နား၌ဆင်ထားသော ရွှေနားကွင်းများကိုချွတ်၍ အာရုန်ထံသို့ယူလာကြ၏။
4
အာရုန်သည်လည်း ထိုရွှေတို့ကိုယူပြီး နွားသငယ်ရုပ်တုကို ကညစ်ဖြင့်ပုံဖော်၍ သွန်းလုပ်လေ၏။ ထို့နောက် သူတို့က “အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်၏”ဟု ဆိုကြ၏။
5
ထိုအမှုကို အာရုန်တွေ့မြင်သောအခါ နွားသငယ်ရုပ်တုရှေ့၌ ယဇ်ပလ္လင်ကိုတည်လေ၏။ ထို့နောက် အာရုန်က “မနက်ဖြန်၌ ထာဝရဘုရားအဖို့ ပွဲတော်ရှိ၏”ဟု ကြေညာလေ၏။
6
နောက်တစ်နေ့၌ လူတို့သည် စောစောထ၍ မီးရှို့ရာယဇ်ကိုပူဇော်၏။ မိတ်သဟာယယဇ်ကိုဆက်ကပ်ကြ၏။ ထို့နောက် ထိုင်၍စားသောက်ကြ၏။ ထ၍လည်းကခုန်ပျော်ပါးကြ၏။
7
ထာဝရဘုရားက မောရှေအား “ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြလေပြီ။
8
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။
9
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ခေါင်းမာ သောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
10
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို အမျက်ထွက်၍ ဖျက်ဆီးပစ်မည်။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
11
ထိုအခါ မောရှေက မိမိ၏ဘုရားသခင် ထာဝရဘုရားအား “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုး၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏လူမျိုးတော်ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။
12
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
13
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
14
ထိုအခါ ထာဝရဘုရားသည် မိမိလူမျိုးတော်အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူ၏။
15
မောရှေသည် သူ၏လက်ထဲ၌ ဟိုဘက်၊ သည်ဘက် မျက်နှာပြင်နှစ်ဖက်စလုံး အက္ခရာတင်ထားသည့်သက်သေခံချက်ကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် လှည့်၍ တောင်ပေါ်မှဆင်းသွားလေ၏။
16
ထိုကျောက်ပြားတို့သည် ဘုရားသခင်၏လက်ရာတော်ကျောက်ပြားများဖြစ်၏။ ကျောက်ပြားတို့အပေါ်၌ ကမ္ပည်းထိုးထားသောစာသည်လည်း ဘုရားသခင်၏စာဖြစ်၏။
17
ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။
18
မောရှေက “အောင်မြင်မှုရ၍ကြွေးကြော်သောအသံ မဟုတ်၊ ရှုံးနိမ့်၍အော်ဟစ်သောအသံလည်း မဟုတ်။ ငါကြားသောအသံကား သီချင်းဆိုသံဖြစ်၏”ဟု ပြန်ပြော၏။
19
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
20
ထိုသူတို့ပြုလုပ်ထားသော နွားသငယ်ရုပ်တုကိုလည်း ယူ၍ မီးရှို့အမှုန့်ကြိတ်ပြီးလျှင် ရေပေါ်သို့ကြဲ၍ အစ္စရေးအမျိုးသားတို့ကို သောက်စေ၏။
21
ထို့နောက် မောရှေက အာရုန်အား “ဤလူတို့သည် သင့်အား မည်သို့ပြုမိသဖြင့် ဤမျှကြီးလေးသောအပြစ်ကို သူတို့အပေါ်သို့ ကျရောက်စေသနည်း”ဟု မေးလျှင်
22
အာရုန်က “အကျွန်ုပ်၏သခင်၊ အမျက်ထွက်တော်မမူပါနှင့်။ ဤလူတို့သည် မကောင်းမှုကိုပြုတတ်ကြောင်း သခင်သိပါ၏။
23
သူတို့က အကျွန်ုပ်အား ‘ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ’ ဟု ဆိုကြ၏။
24
အကျွန်ုပ်က သူတို့အား ‘ရွှေရှိသောသူ ချွတ်လော့’ဟု ဆိုသော် သူတို့သည် အကျွန်ုပ်အား ရွှေကိုပေးကြပါ၏။ အကျွန်ုပ်သည်လည်း ၎င်းကို မီးထဲသို့ပစ်ချလိုက်ရာ ဤနွားသငယ်ရုပ်တု ထွက်လာပါ၏”ဟု ပြန်ဖြေလေ၏။
25
အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ
26
မောရှေသည် တပ်စခန်းအဝင်ဝတွင် ရပ်လျက် “ထာဝရဘုရားဘက်၌ မည်သူနေမည်နည်း။ ငါ့ထံသို့လာကြ”ဟု ဆိုသော် လေဝိ၏သားမြေးအပေါင်းတို့သည် သူ့ထံသို့စုဝေးလာကြ၏။
27
မောရှေက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘လူအသီးသီး မိမိနံဘေး၌ ဓားကိုဆောင်လျက် တပ်စခန်းအဝင်ဝမှ တပ်စခန်းတစ်လျှောက် အဆုံးတိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားလော့။ လူအသီးသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းတို့ကို သတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
28
မောရှေ၏စကားအတိုင်း လေဝိ၏သားမြေးတို့ပြုကြရာ ထိုနေ့၌ ထိုလူတို့ထဲမှယောက်ျားသုံးထောင်ခန့် သေလေ၏။
29
ထိုအခါ မောရှေက “သင်တို့သည် ကိုယ့်သားရင်း၊ ကိုယ့်ညီအစ်ကိုရင်းကို တိုက်ခိုက်ကြပြီ။ ထို့ကြောင့် ယနေ့ သင်တို့အား ကောင်းချီးပေးတော်မူမည့်အကြောင်း ထာဝရဘုရားထံ ကိုယ့်ကိုယ်ကိုယ်ဆက်ကပ်ကြလော့”ဟု ဆို၏။
30
နောက်တစ်နေ့၌ မောရှေက လူတို့အား “သင်တို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပြီဖြစ်၍ ထာဝရဘုရားထံသို့ ယခု ငါတက်သွား၍ သင်တို့အပြစ်ကို ဖြေလွှတ်ကောင်းဖြေလွှတ်တော်မူရန် ငါလျှောက်ဆိုမည်”ဟု ဆိုလေ၏။
31
မောရှေသည် ထာဝရဘုရားထံသို့ ပြန်သွား၍ “ဤလူတို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပါပြီ။ မိမိတို့အဖို့ ရွှေဘုရားကို ပြုလုပ်ကြပါပြီ။
32
သို့သော် သူတို့၏အပြစ်ကိုခွင့်လွှတ်လျှင်လည်း ခွင့်လွှတ်တော်မူပါ။ ထိုသို့မဟုတ်လျှင် ကိုယ်တော်ရေးမှတ်ထားသောစာရင်းမှ အကျွန်ုပ်ကိုပယ်ဖျက်တော်မူပါ”ဟု လျှောက်လေ၏။
33
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါ့ကိုပြစ်မှားသောသူတိုင်းကို ငါ့စာရင်းမှ ပယ်ဖျက်မည်။
34
ယခု သွား၍ သင့်အား ငါမိန့်ဆိုသောနေရာသို့ ထိုလူတို့ကို ပို့ဆောင်လော့။ ကြည့်ရှုလော့။ ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့မှ သွားလိမ့်မည်။ သို့သော် ငါအပြစ်ဒဏ်ပေးမည့်နေ့ရက်၌ သူတို့၏အပြစ်အတွက် သူတို့ကိုဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
35
အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40