bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 34
Exodus 34
Burmese MSBU
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 35 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခင်ကျောက်ပြားတို့နှင့်တူသောကျောက်ပြားနှစ်ချပ်ကို သင်ထုဆစ်လော့။ သင်ချိုးဖျက်လိုက်သော ယခင်ကျောက်ပြားတို့၌ပါသည့် နှုတ်ကပတ်တော်အတိုင်း ထိုကျောက်ပြားတို့ပေါ်၌ ငါအက္ခရာတင်ထားမည်။
2
နံနက်စောစော အဆင်သင့်ပြင်၍ သိနာတောင်ပေါ်သို့ တက်လာလော့။ ထိုတောင်ထိပ်တွင် ငါ့ကိုလာဖူးမြင်လော့။
3
သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။
4
သို့ဖြစ်၍ မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယခင်ကျောက်ပြားတို့နှင့်တူသော ကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီး နံနက်စောစောထ၍ သိနာတောင်ပေါ်သို့တက်သွား၏။ သူ၏လက်ထဲ၌လည်း ကျောက်ပြားနှစ်ချပ်ကို ယူဆောင်သွား၏။
5
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။
6
ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။
7
မျိုးဆက်အထောင်အသောင်းတို့အား မေတ္တာကရုဏာထား၍ ကျူးလွန်သောဒုစရိုက်အပြစ်တို့ကိုခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ။ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်သည်”ဟု မြွက်ဆိုတော်မူ၏။
8
ထိုအခါ မောရှေသည် မြေပေါ်သို့ အလျင်အမြန်ဦးညွှတ်၍ ရှိခိုးကိုးကွယ်လျက်
9
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာ သောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
10
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။
11
ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။
12
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
13
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
14
သင်သည် အခြားသောဘုရားကို မရှိခိုးမကိုးကွယ်ရ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သဝန်တိုတတ်၏။ နာမတော်ကား သဝန်တိုသောဘုရားပေတည်း။
15
သင်သည် ထိုပြည်၌နေထိုင်သောသူတို့နှင့်ပဋိညာဉ်ဖွဲ့လျှင် သူတို့သည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ၌လည်းကောင်း၊ မိမိတို့၏ဘုရားများအား ယဇ်ပူဇော်သောအခါ၌လည်းကောင်း သင့်ကိုဖိတ်ခေါ်၍ သင်သည် သူတို့ပူဇော်သောယဇ်ကောင်ကိုစားမိလိမ့်မည်။
16
သင်သည် သူတို့၏သမီးများကို သင့်သားတို့နှင့်စုံဖက်စေသဖြင့် သူတို့၏သမီးများသည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ သင့်သားတို့ကိုလည်း ထိုဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းစေကြလိမ့်မည်။
17
သင်သည် ကိုယ့်အဖို့ ဘုရားရုပ်တုများကို မသွန်းလုပ်ရ။
18
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
19
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှတို့ကိုလည်းကောင်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ အဦးဆုံးပေါက်သော တိရစ္ဆာန်အထီးရှိသမျှတို့ကိုလည်းကောင်း ငါပိုင်၏။
20
မြည်းမှ အဦးဆုံးပေါက်သောအကောင်ကို သိုးသငယ်ဖြင့် ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကို ချိုးရမည်။ သင်၏သားများထဲမှ သားဦးရှိသမျှကို ရွေးရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
21
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ ထွန်ယက်ချိန်ဖြစ်စေ၊ ရိတ်သိမ်းချိန်ဖြစ်စေ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။
22
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
23
ယောက်ျားအပေါင်းတို့သည် အစ္စရေးလူမျိုး၏ဘုရားဖြစ်သော ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
24
လူမျိုးခြားတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်ပြီး သင်၏နယ်ပယ်ကို ငါကျယ်ဝန်းစေမည်ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ်မျက်နှာလာပြစဉ်အတွင်း မည်သူမျှ သင်၏မြေကို လိုချင်တပ်မက်စိတ် မရှိစေရ။
25
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ပသခါပွဲ၌ပူဇော်သောယဇ်ကောင်ကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
26
သင့်မြေမှထွက်သော အဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့် မပြုတ်ရ”ဟု မိန့်တော်မူ၏။
27
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤစကားတို့ကို သင်ရေးမှတ်ထားလော့။ အကြောင်းမူကား ဤနှုတ်ထွက်စကားတို့အတိုင်း ငါသည် သင်နှင့်လည်းကောင်း၊ အစ္စရေးလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်ဖွဲ့ပြီ”ဟု မိန့်တော်မူ၏။
28
မောရှေသည် အစာကိုမစား၊ ရေကိုလည်းမသောက်ဘဲ ထိုအရပ်၌ ထာဝရဘုရားနှင့်အတူ နေ့ပေါင်းလေးဆယ်၊ ညပေါင်းလေးဆယ်နေလျက် ကျောက်ပြားများအပေါ်၌ ပညတ်တော် ဆယ်ပါးတည်းဟူသော ပဋိညာဉ်ပါအချက်များကို ရေးသားလေ၏။
29
ထို့နောက် မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာ၏။ တောင်ပေါ်မှ ဆင်းလာသောအခါ မောရှေ၏လက်ထဲ၌ သက်သေခံချက်ကျောက်ပြားနှစ်ချပ်ပါ၏။ မောရှေသည် ထာဝရဘုရားနှင့်စကားပြောခဲ့ရသဖြင့် သူ၏မျက်နှာထွန်းပသည်ကို သူမသိ။
30
အာရုန်နှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် မောရှေကိုမြင်သောအခါ သူ၏မျက်နှာသည် ထွန်းပနေသဖြင့် သူ့ထံသို့ မချဉ်းကပ်ဝံ့ကြချေ။
31
သို့ရာတွင် မောရှေသည် သူတို့ကိုခေါ်သဖြင့် အာရုန်နှင့်လူထုခေါင်းဆောင်အားလုံးတို့သည် သူ့ထံသို့ပြန်လာကြ၍ မောရှေသည် သူတို့နှင့်စကားပြောလေ၏။
32
ထို့နောက်မှ အစ္စရေးအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်လာကြ၍ မောရှေသည် သိနာတောင်ပေါ်၌ မိမိအား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာရှိသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။
33
မောရှေသည် သူတို့နှင့်စကားပြောပြီးသောအခါ မိမိမျက်နှာကို မျက်နှာဖုံးဖြင့်ဖုံးအုပ်လေ၏။
34
မောရှေသည် ထာဝရဘုရား၏ရှေ့တော်သို့ဝင်ရောက်၍ စကားပြောသောအခါ သူပြန်ထွက်မလာမီအချိန်အထိ မျက်နှာဖုံးကို မဖုံးအုပ်ဘဲနေ၏။ သူပြန်ထွက်လာ၍ အစ္စရေးအမျိုးသားတို့အား ကိုယ်တော်မိန့်ဆိုသောအရာကို ဆင့်ဆိုသောအခါ
35
မောရှေ၏မျက်နှာထွန်းပနေသည်ကို အစ္စရေးအမျိုးသားတို့မြင်ရ၏။ ထို့ကြောင့် မောရှေသည် ကိုယ်တော့်ထံဝင်၍ ကိုယ်တော်နှင့်စကားမပြောမီအချိန်အထိ မိမိမျက်နှာကို မျက်နှာဖုံးဖြင့် ပြန်၍ဖုံးအုပ်ထား၏။
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40