bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Exodus 35
Exodus 35
Burmese MSBU
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 36 →
1
မောရှေသည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ကိုစုရုံးစေ၍ သူတို့အား “ထာဝရဘုရားက
2
‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။
3
မည်သည့်အရပ်၌ သင်တို့နေထိုင်သည်ဖြစ်စေ ဥပုသ်နေ့တွင် မီးမမွှေးရ’ဟူသော သင်တို့လိုက်နာရမည့် ပညတ်တို့ကို မိန့်မှာတော်မူပြီ”ဟု ဆိုလေ၏။
4
တစ်ဖန် မောရှေက အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား “ထာဝရဘုရားက
5
‘ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းများကို သင်တို့ယူဆောင်ခဲ့ကြလော့။ စေတနာစိတ်ရှိသောသူတိုင်း ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းအဖြစ် ရွှေ၊ ငွေ၊ ကြေးနီ၊
6
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊
7
အနီရောင်ဆိုးထားသောသိုးထီးသားရေ၊ တဟာရှ သားရေ၊ အကေရှား သစ်သား၊
8
မီးထွန်းရန်အတွက် ဆီ၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းအတွက် အမွှေးနံ့သာများ၊
9
ဧဖုဒ် နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့် စီခြယ်စရာကျောက်များကို ယူဆောင်လာကြစေ။
10
သင်တို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည်လည်း လာ၍ ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း
11
ကိန်းဝပ်တော်မူရာတဲတော်၊ ကိန်းဝပ်တော်မူရာတဲတော်၏တဲ၊ အမိုး၊ ချိတ်များ၊ ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊
12
သေတ္တာနှင့် သေတ္တာ၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင် နှင့် ၎င်းကိုကာရန် ကန့်လန့်ကာကိုလည်းကောင်း၊
13
စားပွဲ၊ စားပွဲ၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊
14
မီးထွန်းရန်အတွက် ဆီမီးခုံ၊ ဆီမီးခုံ၏တန်ဆာပလာများ၊ မီးခွက်များနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊
15
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏ထမ်းပိုးများကိုလည်းကောင်း၊ ဘိသိက်ဆီနှင့် အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ အဝင်ဝလိုက်ကာကိုလည်းကောင်း၊
16
မီးရှို့ရာယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
17
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းအဝင်ဝ၏လိုက်ကာကိုလည်းကောင်း၊
18
ကိန်းဝပ်တော်မူရာတဲတော်ငုတ်တိုင်များနှင့် တဲတော်ဝင်းငုတ်တိုင်များကိုလည်းကောင်း၊ ငုတ်တိုင်များအတွက် ကြိုးများကိုလည်းကောင်း၊
19
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်းလုပ်ကြစေ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
20
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည်လည်း မောရှေ၏ရှေ့မှောက်မှထွက်သွားကြ၍
21
စိတ်အားထက်သန်သောသူ၊ စိတ်စေတနာရှိသောသူအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ထိုတဲတော်၏အမှုရှိသမျှ၌အသုံးပြုရန်အတွက်၊ သန့်ရှင်းသောအဝတ်တန်ဆာအတွက် ထာဝရဘုရားထံအလှူပစ္စည်းကို ယူဆောင်လာကြ၏။
22
စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။
23
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားသောသိုးထီးသားရေနှင့် တဟာရှ သားရေတို့ရှိသောသူတိုင်း ၎င်းတို့ကိုယူဆောင်လာကြ၏။
24
ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှား သစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။
25
လက်မှုအတတ်ကျွမ်းကျင်သောမိန်းမအပေါင်းတို့သည်လည်း မိမိတို့လက်ဖြင့်ဗိုင်းငင်ပြီးလျှင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ခင်တို့ကိုလည်းကောင်း၊ ပိတ်ချောထည်ကိုလည်းကောင်း ယူဆောင်လာကြ၏။
26
စိတ်အားထက်သန်သောမိန်းမအပေါင်းတို့သည် ဆိတ်မွေးကိုကျွမ်းကျင်စွာငင်ကြ၏။
27
ခေါင်းဆောင်ဖြစ်သောသူတို့သည်လည်း ဧဖုဒ် နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များကိုလည်းကောင်း၊
28
မီးထွန်းရန်အတွက်၊ ဘိသိက်ဆီနှင့် အမွှေးနံ့သာပေါင်းဖော်စပ်ရန်အတွက် အမွှေးနံ့သာနှင့်ဆီကိုလည်းကောင်း ယူဆောင်လာကြ၏။
29
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
30
တစ်ဖန် မောရှေက အစ္စရေးအမျိုးသားတို့အား “ကြည့်လော့။ ထာဝရဘုရားသည် ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလကို အမည်နှင့်တကွခေါ်တော်မူ၏။
31
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
32
ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။
33
ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။
34
ဗေဇလေလနှင့် ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သားအဟောလျဘတို့အား သင်ကြားပေးနိုင်သည့်စွမ်းရည်ကို ပေးတော်မူ၏။
35
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 36 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40