bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 10
Ezra 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
1
ထိုသို့ ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့တွင် မျက်ရည်ကျလျက် ပျပ်ဝပ်၍ အပြစ်ဝန်ချတောင်းပန်နေစဉ် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပါမကျန် အစ္စရေးလူအုပ်ကြီးသည် သူ့ထံလာ၍ အော်ဟစ်ငိုကြွေးကြလေ၏။
2
ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။
3
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
4
သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
5
ဧဇရသည် ထ၍ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ လေဝိလူများနှင့် အစ္စရေးလူအုပ်တို့အား ထိုစကားအတိုင်းပြုရန် ကျိန်ဆိုစေသောအခါ သူတို့လည်း ကျိန်ဆိုကြ၏။
6
ထို့နောက် ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှ ဧလျာရှိပ်၏သားယေဟောဟနန်အခန်းသို့ ထသွား၍ ထိုနေရာတွင် ဖမ်းခေါ်သွားခြင်းခံရရာမှပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် ငိုကြွေးမြည်တမ်းလျက် အစာမစား၊ ရေမသောက်ဘဲနေ၏။
7
ထို့နောက် သုံ့ပန်းသားမြေးအားလုံး ဂျေရုဆလင်မြို့၌စုဝေးရမည်၊
8
သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
9
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း ၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
10
ထိုအခါ ယဇ်ပုရောဟိတ်ဧဇရက ထ၍ သူတို့အား “သင်တို့သည် သစ္စာမဲ့ကြပြီ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့် စုံဖက်ပြီး အစ္စရေးလူမျိုးတွင် အပြစ်များသည်ထက်များအောင် ပြုကြပြီ။
11
ယခုမှာ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ဝန်ချတောင်းပန်၍ အလိုတော်ကို ဆောင်ကြလော့။ ဤပြည်သူပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသားမိန်းမတို့နှင့်လည်းကောင်း ခွဲနေကြလော့”ဟု ဆို၏။
12
လူထုတစ်ရပ်လုံးကလည်း ကျယ်လောင်သောအသံဖြင့် “မှန်ပါ၏။ အကျွန်ုပ်တို့သည် အရှင့်စကားအတိုင်း ပြုပါမည်။
13
သို့သော် လူများ၍ မိုးရာသီလည်းဖြစ်သောကြောင့် ကွင်းပြင်တွင် ရပ်နိုင်မည်မဟုတ်ပါ။ ဤအပြစ်ကိုကျူးလွန်သူ များသောကြောင့် ဤအမှုသည် တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်ပါ။
14
သို့ဖြစ်၍ အကျွန်ုပ်တို့၏အကြီးအကဲများသည် လူထုတစ်ရပ်လုံးအတွက် တာဝန်ယူပါစေ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သောသူအားလုံး ကိုယ့်မြို့ကိုယ့်ရွာရှိသက်ကြီးဝါကြီးများ၊ တရားသူကြီးများနှင့်အတူ သတ်မှတ်ထားသောအချိန်တွင် လာ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အကျွန်ုပ်တို့၏ဘုရားသခင် အမျက်တော်ပြေသည့်တိုင်အောင် အစစ်ဆေးခံပါစေ”ဟု ပြန်ပြောကြ၏။
15
ဤအစီအစဉ်ကို အာသဟေလ၏သားယောနသန်နှင့် တိကဝ၏သားယဟာဇိတို့သာ ကန့်ကွက်ကြ၍ လေဝိအမျိုး မေရှုလံနှင့် ရှဗ္ဗေသဲတို့က သူတို့ကို ထောက်ခံကြ၏။
16
သုံ့ပန်းသားမြေးတို့မူကား ဝန်ခံကြ၏။ ယဇ်ပုရောဟိတ်ဧဇရသည်လည်း အိမ်ထောင်စုအကြီးအမှူးတို့ကို ဘိုးဘေးတို့မျိုးနွယ်အလိုက် အားလုံးကိုနာမည်နှင့်တကွ သီးခြားခွဲထားပြီးလျှင် ဒသမလ၊ တစ်ရက်နေ့၌ အမှုကိုစစ်ဆေးရန် စုဝေးကြ၏။
17
ပထမလ၊ တစ်ရက်နေ့တွင် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်သောသူအားလုံး၏အမှုကို စီရင်ပြီးစီး၏။
18
ယဇ်ပုရောဟိတ်သားမြေးတို့တွင် ယောဇဒက်၏သားဖြစ်သော ယေရွှာ၏သားများနှင့် ယေရွှာ၏ညီအစ်ကိုများဖြစ်သော မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသည်ကို တွေ့ရှိရ၏။
19
သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံ ကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
20
ထို့ပြင် ဣမေရသားမြေးတွင် ဟာနနိ၊ ဇေဗဒိ၊
21
ဟာရိမ်သားမြေးတွင် မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
22
ပါရှုရသားမြေးတွင် ဧလိဩနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ၊
23
လေဝိအမျိုးတွင် ယောဇဗဒ်၊ ရှိမိ၊ ကေလာယ ခေါ် ကေလိတ၊ ပေသဟိ၊ ယုဒ၊ ဧလျေဇာ၊
24
သီချင်းသည်များထဲတွင် ဧလျာရှိပ်၊ တံခါးစောင့်များထဲတွင် ရှလ္လုံ၊ တေလင်၊ ဥရိ၊
25
အစ္စရေးလူထုထဲတွင် ပါရုတ်သားမြေးမှ ရာမိ၊ ယေဇိ၊ မာလခိယ၊ မိယာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
26
ဧလံသားမြေးတွင် မတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလိယ၊
27
ဇတ္တုသားမြေးတွင် ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
28
ဗေဗဲသားမြေးတွင် ယေဟောဟနန်၊ ဟာနနိယ၊ ဇဗ္ဗဲ၊ အာသလဲ၊
29
ဗာနိသားမြေးတွင် မေရှုလံ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာအာလ၊ ယေရမုတ်၊
30
ပါဟတ်မောဘသားမြေးတွင် အာဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
31
ဟာရိမ်သားမြေးတွင် ဧလျေဇာ၊ ဣရှိယ၊ မာလခိယ၊ ရှေမာယ၊ ရှိမောင်၊
32
ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
33
ဟာရှုံသားမြေးတွင် မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊
34
ဗာနိသားမြေးတွင် မာဒဲ၊ အာမရံ၊ ဝေလ၊
35
ဗေနာယ၊ ဗေဒိ၊ ခေလု၊
36
ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊
37
မတ္တနိ၊ မတ္တနဲ၊ ယာသော၊
38
ဗာနိ၊ ဗိနွိ၊ ရှိမိ၊
39
ရှေလမိ၊ နာသန်၊ အဒါယ၊
40
မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊
41
အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊
42
ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
43
နေဗောသားမြေးတွင် ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတို့ ပါကြ၏။
44
ထိုသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသူများဖြစ်ပြီး ထိုမိန်းမများနှင့် သားသမီးများပင် ရရှိကြပြီ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
All chapters:
1
2
3
4
5
6
7
8
9
10