bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 2
Ezra 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
1
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
2
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
3
ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊
4
ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊
5
အာရာသားမြေး ခုနစ်ရာခုနစ်ဆယ့်ငါးယောက်၊
6
ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်နှစ်ယောက်၊
7
ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
8
ဇတ္တုသားမြေး ကိုးရာလေးဆယ့်ငါးယောက်၊
9
ဇက္ခဲသားမြေး အယောက်ခုနစ်ရာ့ခြောက်ဆယ်၊
10
ဗာနိသားမြေး ခြောက်ရာလေးဆယ့်နှစ်ယောက်၊
11
ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်သုံးယောက်၊
12
အာဇဂဒ်သားမြေး တစ်ထောင့်နှစ်ရာနှစ်ဆယ့်နှစ်ယောက်၊
13
အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခြောက်ယောက်၊
14
ဗိဂဝဲသားမြေး နှစ်ထောင့်ငါးဆယ့်ခြောက်ယောက်၊
15
အာဒိန်သားမြေး လေးရာငါးဆယ့်လေးယောက်၊
16
ဟေဇကိမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊
17
ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်သုံးယောက်၊
18
ယောရသားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊
19
ဟာရှုံသားမြေး နှစ်ရာနှစ်ဆယ့်သုံးယောက်၊
20
ဂိဗ္ဗာသားမြေး ကိုးဆယ့်ငါးယောက်၊
21
ဗက်လင်မြို့သား တစ်ရာနှစ်ဆယ့်သုံးယောက်၊
22
နေတောဖမြို့သား ငါးဆယ့်ခြောက်ယောက်၊
23
အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
24
အာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊
25
ကိရယသာရိမ်မြို့သား၊ ခေဖိရမြို့သားနှင့် ဗေရုတ်မြို့သား စုစုပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊
26
ရာမမြို့သားနှင့် ဂေဗမြို့သား စုစုပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊
27
မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
28
ဗေသလမြို့သားနှင့် အာဣမြို့သား စုစုပေါင်း နှစ်ရာနှစ်ဆယ့်သုံးယောက်၊
29
နေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊
30
မာဂဗိတ်မြို့သား တစ်ရာငါးဆယ့်ခြောက်ယောက်၊
31
အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
32
ဟာရိမ်သားမြေး အယောက်သုံးရာနှစ်ဆယ်၊
33
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊
34
ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊
35
သေနာမြို့သား အယောက်သုံးထောင်ခြောက်ရာ့သုံးဆယ် ဖြစ်၏။
36
ယဇ်ပုရောဟိတ်တို့တွင် ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊
37
ဣမေရသားမြေး တစ်ထောင့်ငါးဆယ့်နှစ်ယောက်၊
38
ပါရှုရသားမြေး တစ်ထောင့်နှစ်ရာလေးဆယ့်ခုနစ်ယောက်၊
39
ဟာရိမ်သားမြေး တစ်ထောင့်တစ်ဆယ့်ခုနစ်ယောက်၊
40
လေဝိအမျိုးတွင် ဟောဒဝိသားမြေးမှဆင်းသက်လာသော ယေရွှာနှင့် ကပ်မျေလသားမြေး ခုနစ်ဆယ့်လေးယောက်၊
41
သီချင်းသည်တို့တွင် အာသပ်သားမြေး တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
42
တံခါးစောင့်သားမြေးတို့တွင် ရှလ္လုံသားမြေး၊ အာတာသားမြေး၊ တာလမုန်သားမြေး၊ အက္ကုပ်သားမြေး၊ ဟတိတသားမြေး၊ ရှောဗဲသားမြေး စုစုပေါင်း တစ်ရာသုံးဆယ့်ကိုးယောက်၊
43
ဗိမာန်တော်အစေအပါးတို့တွင် ဇိဟသားမြေး၊ ဟသုဖသားမြေး၊ တဗ္ဗောက်သားမြေး၊
44
ကေရုတ်သားမြေး၊ သာယာဟသားမြေး၊ ပါဒုန်သားမြေး၊
45
လေဗနသားမြေး၊ ဟာဂဘသားမြေး၊ အက္ကုပ်သားမြေး၊
46
ဟာဂပ်သားမြေး၊ ရှာလမဲသားမြေး၊ ဟာနန်သားမြေး၊
47
ဂိဒ္ဒေလသားမြေး၊ ဂါဟာသားမြေး၊ ရာယသားမြေး၊
48
ရေဇိန်သားမြေး၊ နေကောဒသားမြေး၊ ဂဇ္ဇမ်သားမြေး၊
49
ဩဇသားမြေး၊ ပါသာသားမြေး၊ ဗေသဲသားမြေး၊
50
အာသနာသားမြေး၊ မဟုနိမ်သားမြေး၊ နဖုသိမ်သားမြေး၊
51
ဗာကဗုတ်သားမြေး၊ ဟကုဖသားမြေး၊ ဟာရဟုရသားမြေး၊
52
ဗာဇလုပ်သားမြေး၊ မဟိဒသားမြေး၊ ဟာရရှသားမြေး၊
53
ဗာရကုတ်သားမြေး၊ သိသရသားမြေး၊ တာမသားမြေး၊
54
နေဇိသားမြေး၊ ဟတိဖသားမြေး၊
55
ရှောလမုန်အစေအပါး၏သားမြေးတို့တွင် သောတဲသားမြေး၊ ဟာသောဖရက်သားမြေး၊ ပေရုဒသားမြေး၊
56
ယာလသားမြေး၊ ဒါကုန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊
57
ရှေဖတိသားမြေး၊ ဟတ္တိလသားမြေး၊ ပေါခရက်ဇေဗိမ်သားမြေး၊ အာမိသားမြေး၊
58
ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
59
မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသောသူများမှာ
60
ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာငါးဆယ့်နှစ်ယောက် ရှိ၏။
61
ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
62
သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
63
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
64
ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင့်သုံးရာခြောက်ဆယ် ရှိ၏။
65
ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။
66
မြင်း ခုနစ်ရာသုံးဆယ့်ခြောက်ကောင်၊ လား နှစ်ရာလေးဆယ့်ငါးကောင်၊
67
ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
68
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
69
ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြား ခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင် နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
70
ထိုသို့ ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးများ၊ လူအချို့နှင့် သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးတို့သည် ကိုယ့်မြို့တို့၌ ပြန်လည်နေထိုင်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ကိုယ့်မြို့ကိုယ့်ရွာတို့၌ ပြန်လည်နေထိုင်ကြသတည်း။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10