bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 8
Ezra 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
အာတဇေရဇ်မင်းကြီးလက်ထက်တွင် ဘေဘီလုံမြို့မှ ငါနှင့်အတူပြန်လိုက်လာသောသူတို့၏ဘိုးဘေးအကြီးအမှူးများနှင့် သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းမှာ
2
ဖိနဟတ်သားမြေးမှ ဂေရရှုံ၊ ဣသမာသားမြေးမှ ဒံယေလ၊ ဒါဝိဒ်သားမြေးမှ ဟတ္တုတ်၊
3
ရှေခနိအမျိုး ပါရုတ်သားမြေးမှ ဆင်းသက်လာသောဇာခရိနှင့်အတူ စာရင်းဝင်ယောက်ျားပေါင်း အယောက်တစ်ရာ့ငါးဆယ်၊
4
ပါဟတ်မောဘသားမြေးမှ ဇေရဟိ၏သားဧလဲဩနဲနှင့်အတူ ယောက်ျားအယောက်နှစ်ရာ၊
5
ရှေခနိသားမြေးမှ ယဟာဇေလ၏သားနှင့်အတူ ယောက်ျားအယောက်သုံးရာ၊
6
အာဒိန်သားမြေးမှ ယောနသန်၏သားဧဗက်နှင့်အတူ ယောက်ျားအယောက်ငါးဆယ်၊
7
ဧလံသားမြေးမှ အာသလိ၏သားယေရှာယနှင့်အတူ ယောက်ျားအယောက်ခုနစ်ဆယ်၊
8
ရှေဖတိသားမြေးမှ မိက္ခေလ၏သားဇေဗဒိနှင့်အတူ ယောက်ျားအယောက်ရှစ်ဆယ်၊
9
ယွာဘသားမြေးမှ ယေဟေလ၏သားဩဗဒိနှင့်အတူ ယောက်ျားနှစ်ရာတစ်ဆယ့်ရှစ်ယောက်၊
10
ရှေလောမိတ်သားမြေးမှ ယောသိဖိ၏သားနှင့်အတူ ယောက်ျားအယောက်တစ်ရာ့ခြောက်ဆယ်၊
11
ဗေဗဲသားမြေးမှ ဗေဗဲ၏သားဇာခရိနှင့်အတူ ယောက်ျားနှစ်ဆယ့်ရှစ်ယောက်၊
12
အာဇဂဒ်သားမြေးမှ ဟက္ကတန်၏သားယောဟနန်နှင့်အတူ ယောက်ျားအယောက်တစ်ရာ့တစ်ဆယ်တို့ဖြစ်ကြ၏။
13
နောက်ဆုံးမှရောက်လာသောသူများတွင် အဒေါနိကံသားမြေးများဖြစ်သော ဧလိဖလက်၊ ယွေလ၊ ရှေမာယတို့နှင့်အတူ ယောက်ျားအယောက်ခြောက်ဆယ်၊
14
ဗိဂဝဲသားမြေးမှ ဥသဲ၊ ဇက္ကုရတို့နှင့်အတူ ယောက်ျားပေါင်းအယောက်ခုနစ်ဆယ်တို့ပါ၏။
15
အဟာဝမြို့သို့စီးဆင်းသောမြစ်ကမ်းနံဘေး၌ သူတို့ကိုစုဝေးစေပြီး သုံးရက်ခန့် စခန်းချကြ၏။ ထိုနေရာတွင် အစ္စရေးလူအုပ်ကြား၊ ယဇ်ပုရောဟိတ်တို့ကြားတွင် ငါစစ်ဆေးကြည့်ရာ လေဝိသားတစ်ယောက်ကိုမျှ မတွေ့။
16
ထို့ကြောင့် အကြီးအမှူးများဖြစ်သော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံနှင့် ပညာရှင် ယောယရိပ်နှင့် ဧလနာသန်တို့ကို ခေါ်ပြီးလျှင်
17
ကသိဖိအရပ်ရှိ အကြီးအမှူးဣဒေါထံသို့ စေလွှတ်၍ ငါတို့ဘုရားသခင်၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်မည့်သူများကို ပို့ဆောင်ပေးပါဟု ကသိဖိအရပ်ရှိဣဒေါနှင့် သူ့ညီအစ်ကိုဗိမာန်တော်အစေအပါးတို့အား အမှာစကား ပါးလိုက်၏။
18
ဘုရားသခင်သည် ငါတို့နှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် အစ္စရေးလူမျိုး လေဝိအနွယ်ဝင် မဟာလိသားမြေးမှ ကျမ်းတတ်ဆရာ ရှေရဘိနှင့်အတူ သူ၏သားများနှင့် သူ၏ဆွေမျိုးသားချင်း စုစုပေါင်းတစ်ဆယ့်ရှစ်ယောက်၊
19
ဟာရှဘိနှင့်အတူ မေရာရိသားမြေးမှ ယေရှာယ၏ညီအစ်ကိုများနှင့် သူတို့၏သားများ စုစုပေါင်း အယောက်နှစ်ဆယ်၊
20
ဗိမာန်တော်အစေအပါးတို့တွင် လေဝိအမျိုးတို့အမှုတော်ထမ်းရာ၌ ကူညီပေးရန် ဒါဝိဒ်မင်းကြီးနှင့်အကြီးအကဲတို့ ခန့်ထားခဲ့သောဗိမာန်တော်အစေအပါး အယောက်နှစ်ရာ့နှစ်ဆယ်တို့ကို တစ်ယောက်မကျန်အမည်စာရင်းနှင့်တကွ ပို့ဆောင်ပေး၏။
21
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
22
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
23
ထို့ကြောင့် လမ်းခရီးအတွက် ငါတို့သည် ဘုရားသခင်ထံ အစာရှောင်ဆုတောင်းကြ၏။ ကိုယ်တော်သည် ငါတို့ဆုတောင်းသံကို နားညောင်းတော်မူ၏။
24
ထို့နောက် ငါသည် ယဇ်ပုရောဟိတ်အကြီးအကဲ တစ်ဆယ့်နှစ်ယောက်ကို ခန့်ထား၏။ ထိုသူတို့မှာ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့၏ညီအစ်ကို ဆယ်ယောက် ဖြစ်၏။
25
ငါတို့ဘုရားသခင်၏အိမ်တော်အဖို့ ရှင်ဘုရင်နှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အကြီးအကဲများ၊ ထိုအရပ်ရှိအစ္စရေးလူမျိုးများက ပေးလှူလိုက်သောရွှေငွေနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ချိန်တွယ်ပြီး သူတို့ကို ပေးလိုက်၏။
26
သူတို့လက်ထဲသို့ ငွေတာလန်ခြောက်ရာငါးဆယ် ၊ ငွေအသုံးအဆောင်တာလန်တစ်ရာ ၊ ရွှေတာလန်တစ်ရာ၊
27
ရွှေဒင်္ဂါးတစ်ထောင်အဖိုးထိုက် သော ရွှေဖလားအခုနှစ်ဆယ်၊ ရွှေနှင့်အမျှအဖိုးတန်သော သန့်စင်ပြီးကြေးနီအသုံးအဆောင်နှစ်ခုတို့ကို ပေးလိုက်၏။
28
ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
29
ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ခန်းတွင် ယဇ်ပုရောဟိတ်အပါအဝင် လေဝိသားတို့၏ခေါင်းဆောင်များ၊ အစ္စရေးလူမျိုး ဘိုးဘေးတို့၏အကြီးအကဲများရှေ့တွင် ထိုပစ္စည်းတို့ကို ချိန်တွယ် မပြီးမချင်း ဂရုတစိုက်စောင့်ရှောက်ရမည်”ဟု မှာလိုက်၏။
30
ဤသို့ဖြင့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်သို့ ယူဆောင်သွားရန် ချိန်တွယ်ထားသော ရွှေငွေများ၊ အသုံးအဆောင်များကို လက်ခံယူထားကြ၏။
31
ပထမလ၊ တစ်ဆယ့်နှစ်ရက်နေ့တွင် ငါတို့သည် အဟာဝမြစ်မှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ သွားကြ၏။ ဘုရားသခင်သည် ငါတို့နှင့်အတူပါရှိ၍ လမ်းတစ်လျှောက်လုံးတွင် ရန်သူများ၊ ချောင်းမြောင်းနေသူများ၏ရန်မှ ကွယ်ကာပေး၏။
32
ဤသို့ဖြင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ သုံးရက်နေပြီးမှ
33
စတုတ္ထနေ့တွင် ဘုရားသခင်၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။
34
ထိုပစ္စည်းအားလုံးကို ရေတွက်ချိန်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် အလေးချိန်စာရင်းကိုပါ ရေးမှတ်ထား၏။
35
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
36
ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ် အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10