bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 7
Ezra 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
2
ဟိလခိသည် ရှလ္လုံ၏သား၊ ရှလ္လုံသည် ဇာဒုတ်၏သား၊ ဇာဒုတ်သည် အဟိတုပ်၏သား၊
3
အဟိတုပ်သည် အာမရိ၏သား၊ အာမရိသည် အာဇရိ၏သား၊ အာဇရိသည် မေရာယုတ်၏သား၊
4
မေရာယုတ်သည် ဇေရဟိ၏သား၊ ဇေရဟိသည် ဩဇိ၏သား၊ ဩဇိသည် ဗုက္ကိ၏သား၊
5
ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
6
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
7
အာတဇေရဇ်မင်းကြီး နန်းစံသတ္တမနှစ်တွင် အချို့သော အစ္စရေးအမျိုးသားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများ၊ သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးများသည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
8
ထိုမင်းနန်းစံ သတ္တမနှစ်၊ ပဉ္စမလတွင် ဧဇရသည် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
9
သူသည် ပထမလ၊ တစ်ရက်နေ့တွင် ဘေဘီလုံမြို့မှ စတင်ထွက်ခွာလာ၏။ ဘုရားသခင်သည် သူနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ပဉ္စမလ၊ တစ်ရက်နေ့တွင် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
10
ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။
11
အစ္စရေးလူမျိုးတို့အဖို့ ပြဋ္ဌာန်းချက်များနှင့် ထာဝရဘုရားမိန့်တော်မူသောပညတ်တရားများကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား အာတဇေရဇ်မင်းကြီး ပေးလိုက်သောမိတ္တူစာတွင်
12
“ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။
13
ငါ့နိုင်ငံအတွင်းရှိ အစ္စရေးလူမျိုးများဖြစ်သည့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့သို့ ပြန်သွားလိုသော် မည်သူမဆို သင်နှင့်အတူ ပြန်လိုက်နိုင်ကြောင်းကို ငါအမိန့်ထုတ်ပြန်ပြီ။
14
သင်လက်စွဲထားသော သင့်ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို စစ်ဆေးရန် ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်ခုနစ်ဦးတို့သည် သင့်ကို စေလွှတ်၏။
15
ဂျေရုဆလင်မြို့၌ကိန်းဝပ်တော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်အား ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်တို့ စေတနာစိတ်ဖြင့် ပေးလှူလိုက်သောရွှေငွေများ၊
16
ဘေဘီလုံနယ်တစ်ဝန်းလုံးမှ ပေးလှူထောက်ပံ့သောရွှေငွေများ၊ ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်အဖို့ အစ္စရေးလူမျိုးနှင့် ယဇ်ပုရောဟိတ်တို့ စေတနာစိတ်ဖြင့်ပေးလှူလိုက်သော ရွှေငွေများကိုလည်း ယူဆောင်သွားလော့။
17
ထိုငွေတို့ဖြင့် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ချက်ချင်းဝယ်၍ ဂျေရုဆလင်မြို့ရှိ သင်တို့၏ဘုရားသခင်အိမ်တော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လော့။
18
ကျန်ရှိမည့်ရွှေငွေတို့ကို သင်နှင့်သင့်ညီအစ်ကိုတို့ ကောင်းမည်ဟုထင်သည့်အတိုင်း သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီ အသုံးပြုနိုင်၏။
19
သင်၌အပ်ထားသော သင်၏ဘုရားသခင်အိမ်တော်ဝတ်ပြုခြင်းဆိုင်ရာအသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဘုရားသခင်ထံ ပြန်လည်ဆက်သလော့။
20
သင်၏ဘုရားသခင်အိမ်တော်အဖို့ အခြားလိုအပ်သည်များကို ပေးရမည်ဆိုလျှင် ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ယူပေးလော့။
21
ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။
22
ငွေတာလန် တစ်ရာ ၊ ဂျုံကောရ တစ်ရာ ၊ စပျစ်ဝိုင် ဗတ်တစ်ရာ ၊ ဆီ ဗတ်တစ်ရာ၊ ဆားအလိုရှိသမျှတို့ကို ဖြည့်ဆည်းပေးရမည်။
23
ကောင်းကင်ဘုံရှင်ဘုရားသခင်၏အိမ်တော်အဖို့ ကောင်းကင်ဘုံရှင်ဘုရားသခင်မိန့်မှာသည့်အတိုင်း ကြိုးစားလုပ်ဆောင်ကြလော့။ ရှင်ဘုရင်၏နိုင်ငံနှင့် သားမြေးအပေါ် အဘယ်ကြောင့် အမျက်တော်ကျရောက်စေရမည်နည်း။
24
ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဗိမာန်တော်အစေအပါး၊ ဘုရားသခင်၏အိမ်တော်၌အမှုဆောင်သူ စသည်တို့ထံမှ အခွန်အကောက်၊ ဆက်ကြေး ကောက်ခံခွင့်မရှိကြောင်း သိမှတ်လော့။
25
သင်ဧဇရသည်လည်း သင်ခံယူရရှိသောဘုရားသခင်၏ဉာဏ်ပညာတော်နှင့်အညီ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရားသခင်၏ပညတ်တရားကို သိနားလည်သူအပေါင်းတို့အား စီရင်အုပ်ချုပ်ရန် အုပ်ချုပ်သူများနှင့် တရားသူကြီးများကိုခန့်အပ်ရမည်။ ပညတ်တရားမသိသောသူတို့ကိုလည်း သွန်သင်ပေးရမည်။
26
ဘုရားသခင်၏ပညတ်တရား၊ ရှင်ဘုရင်ထုတ်ပြန်သောဥပဒေတို့ကို မလိုက်နာသောသူ မည်သူမဆို သေဒဏ်၊ ပြည်နှင်ဒဏ်၊ အိမ်ရာမြေသိမ်းယူခြင်းဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်တစ်ခုခုကို ချက်ချင်းကျခံစေ”ဟု ပါရှိ၏။
27
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
28
ကိုယ်တော်သည် ရှင်ဘုရင်နှင့်အတိုင်ပင်ခံအမတ်များရှေ့၊ အာဏာရှိသောဘုရင့်မှူးမတ်များရှေ့တွင် ငါ့အား မေတ္တာကရုဏာကို ပြတော်မူ၏။ ငါ၏ဘုရားသခင်သည် ငါနှင့်အတူရှိတော်မူသည်ဖြစ်၍ ငါသည် အားရှိလျက် ငါနှင့်အတူလိုက်ရန် အစ္စရေးခေါင်းဆောင်များကို စုရုံးနိုင်ခဲ့၏”ဟု ဆို၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10