bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 5
Ezra 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 6 →
1
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားပရောဖက်ဇာခရိတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်နာမတော်ကိုအမှီပြု၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးတို့အား ပရောဖက်ပြုဟောပြောလေ၏။
2
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
3
ထိုစဉ်က ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုအုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည် လာ၍ “မည်သူ၏အမိန့်ဖြင့် ဤအိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ဤမြို့ရိုးကို လက်စသတ်ရသနည်း”ဟု မေးမြန်းကြ၏။
4
ဤအဆောက်အဦးကို တည်ဆောက်သူတို့၏အမည်များကား အဘယ်သို့နည်းဟူ၍လည်း မေးမြန်းကြ၏။
5
ဘုရားသခင်သည် ဂျူးသက်ကြီးဝါကြီးတို့ကို ကြည့်ရှုစောင်မတော်မူသဖြင့် ဒါရိမင်းကြီးထံအစီရင်ခံစာတင်သွင်းပြီး ပြန်စာမရမချင်း အိမ်တော်တည်ဆောက်ခြင်းအမှုကို ဆက်လက်လုပ်ဆောင်ကြ၏။
6
ဤစာသည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကို အုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့က ဒါရိမင်းကြီးထံ ပို့လိုက်သောစာ၏မိတ္တူ ဖြစ်၏။
7
မင်းကြီးထံ သူတို့ပေးလိုက်သောစာတွင် ဤသို့ ရေးသားထား၏။ “ဒါရိမင်းကြီး၌ ငြိမ်ဝပ်ချမ်းသာအပေါင်း ရှိပါစေသော။
8
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။
9
အကျွန်ုပ်တို့က သက်ကြီးဝါကြီးတို့အား ‘သင်တို့သည် မည်သူ့အမိန့်ဖြင့် ဤအိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ဤမြို့ရိုးကို လက်စသတ်ရသနည်း’ဟု မေးမြန်းခဲ့ပါ၏။
10
ခေါင်းဆောင်တို့၏အမည်များကို အရှင်မင်းကြီးအား လျှောက်ထားနိုင်ရန်လည်း သူတို့၏အမည်များကို မေးမြန်းရေးမှတ်ခဲ့ပါ၏။
11
သူတို့ကလည်း ‘အကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏အစေအပါးများ ဖြစ်၏။ ရှေးနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတို့၏ဘုရင်မင်းမြတ် တည်ဆောက်ပြီးစီးခဲ့သောအိမ်တော်ကို အကျွန်ုပ်တို့ ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။
12
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို အမျက်ထွက်အောင်ပြုကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ခါလဒဲဘုရင် နေဗုခဒ်နေဇာမင်းကြီးလက်သို့ အပ်လိုက်တော်မူ၏။ ထိုဘုရင်သည် ဤအိမ်တော်ကိုဖျက်ဆီး၍ လူတို့ကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
13
သို့သော် ဘေဘီလုံဘုရင် ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ကုရုမင်းကြီးသည် ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ပြန်ခဲ့၏။
14
ဂျေရုဆလင်ဗိမာန်တော်မှ သိမ်းယူ၍ ဘေဘီလုံဗိမာန်သို့ နေဗုခဒ်နေဇာမင်းကြီး ယူဆောင်လာသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကို ကုရုမင်းကြီးသည် ဘေဘီလုံဗိမာန်မှထုတ်၍ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရသော ရှေရှဗာဇာထံသို့ ပေးအပ်ပြီး
15
“ဤအသုံးအဆောင်တို့ကိုယူ၍ ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်၌ ပြန်ထားလော့။ ဘုရားသခင်၏အိမ်တော်ကိုလည်း မူလနေရာ၌ ပြန်လည်တည်ဆောက်လော့”ဟု မှာလိုက်၏။
16
ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။
17
သို့ဖြစ်၍ အရှင်မင်းကြီးအလိုရှိလျှင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်ကိုပြန်လည်တည်ဆောက်ရန် ကုရုမင်းကြီးအမိန့်ထုတ်ပြန်ခဲ့ခြင်းရှိမရှိကို ဘေဘီလုံမြို့ရှိရှင်ဘုရင်၏ဘဏ္ဍာတိုက်ထဲ၌ ရှာဖွေစစ်ဆေးပါ။ ပြီးလျှင် ဤကိစ္စနှင့်ပတ်သက်၍ အရှင်မင်းကြီး၏သဘောထားကိုလည်း သိလိုသည်ဖြစ်၍ အကျွန်ုပ်တို့အား အကြောင်းပြန်ပေးစေလိုပါ၏”ဟု ပါရှိ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10