bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 4
Ezra 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
1
သုံ့ပန်းအဖြစ်ပါသွားသူတို့၏သားမြေးများသည် ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ကြောင်းကို ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့၏ရန်သူတို့ ကြားသိရလျှင်
2
ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။
3
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
4
ထိုအခါ ထိုပြည်သားတို့သည် ယုဒအမျိုးသားတို့ကို စိတ်အားလျော့စေ၍ အိမ်တော်တည်ဆောက်ရာတွင် အနှောင့်အယှက်ပေးကြ၏။
5
ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။
6
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
7
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
8
ဗိုလ်ချုပ်ရေဟုံနှင့် စာရေးတော်ကြီးရှိမရှဲတို့သည်လည်း ဂျေရုဆလင်မြို့နှင့်ပတ်သက်သည့်တိုင်စာတစ်စောင်ကို အာတဇေရဇ်မင်းကြီးထံ ရေးပို့ကြ၏။
9
ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် ကျန်အပေါင်းပါများ၊ တရားသူကြီးများ၊ အုပ်ချုပ်သူများ၊ အရာရှိများ၊ အဖာရပြည်သား၊ အာခေဝပြည်သား၊ ဘေဘီလုံပြည်သား၊ ဧလံလူမျိုး ရှုရှနက်ပြည်သားအပါအဝင်
10
ကြီးမြတ်၍ဂုဏ်သရေရှိသော အာသနပါမင်းကြီး ခေါ်ဆောင်လာ၍ ရှမာရိမြို့များနှင့် မြစ်ကြီး၏အနောက်ဘက်ဒေသ၌ နေရာချထားသော ကျန်သည့်လူမျိုးများက ရေးသားပေးပို့ကြခြင်းဖြစ်၏။
11
အာတဇေရဇ်မင်းကြီးထံ ရေးပို့လိုက်သော ထိုစာ၏မိတ္တူတွင် “မြစ်တစ်ဖက်၌နေထိုင်သောအရှင့်ကျွန်တို့သည် အရှင်မင်းကြီးထံ လျှောက်ထားအပ်ပါ၏။
12
အရှင့်ထံမှ အကျွန်ုပ်တို့ထံသို့ရောက်လာသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ပုန်ကန်မှု၊ ဆိုးညစ်မှုနှင့်ပြည့်သောမြို့ကို ပြန်လည်တည်ဆောက်ကာ မြို့ရိုးတို့ကိုလက်စသတ်လျက် အုတ်မြစ်တို့ကိုပြုပြင်နေကြောင်း သိစေအပ်ပါသည်။
13
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
14
အကျွန်ုပ်တို့သည် နန်းတော်၌အခစားသူများ ဖြစ်သည်နှင့်အညီ အရှင်မင်းကြီး၏ဂုဏ်သရေညှိုးနွမ်းမည်ကို မမြင်လိုပါ။ ထို့ကြောင့် အရှင်မင်းကြီးထံ လျှောက်ထားအကြောင်းကြားရခြင်း ဖြစ်ပါ၏။
15
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။
16
အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
17
ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။
18
သင်တို့ပို့လိုက်သောစာကို ငါ့ရှေ့မှောက်တွင် သေသေချာချာဖတ်ပြကြပြီ။
19
ငါသည်လည်း အမိန့်ထုတ်ပြန်၍ ရှာဖွေစိစစ်စေရာ ထိုမြို့သည် ရှင်ဘုရင်တို့ကို ပုန်ကန်မှုများ ဖြစ်စေတတ်သောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ ဖြစ်ကြောင်းကို တွေ့ရပြီ။
20
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
21
ထို့ကြောင့် ယခု ဤတည်ဆောက်ခြင်းအမှုကို ရပ်တန့်ဖို့ အမိန့်စာထုတ်ပြန်လော့။ ငါ့အမိန့်တော် မရမချင်း ဤမြို့ကို ပြန်လည်တည်ဆောက်ခြင်း မပြုရ။
22
ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
23
အာတဇေရဇ်မင်းကြီးထံမှ ပြန်စာကို ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် သူတို့အပေါင်းပါရှေ့၌ ဖတ်ပြီးလျှင် ဂျူးလူမျိုးတို့ရှိရာဂျေရုဆလင်မြို့သို့ ချက်ချင်းသွား၍ အင်အားသုံးပြီး ဆောက်လုပ်ရေးအမှုကို အတင်းအကျပ်ရပ်ဆိုင်းစေ၏။
24
ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10