bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezra 3
Ezra 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
သတ္တမလ ရောက်သောအခါ ကိုယ့်မြို့ကိုယ့်ရွာတို့၌နေထိုင်ကြသော အစ္စရေးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ တစ်စိတ်တစ်သဘောတည်းစုဝေးလာကြ၍
2
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
3
သူတို့သည် ပြည်သားတို့ကိုကြောက်ရွံ့လျက်နှင့်ပင် ယဇ်ပလ္လင်ကို မူလနေရာ၌ တည်ဆောက်ကြ၏။ ထို့နောက် နံနက်အချိန်၊ နေဝင်ချိန်တို့၌ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်များကို ပူဇော်ကြ၏။
4
ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲစုပွဲတော်ကိုလည်း ကျင်းပကြ၏။ စီရင်ထုံးဖွဲ့ချက်အရ တစ်ရက်စီအတွက်ပူဇော်ရမည့် ယဇ်ကောင်အရေအတွက်နှင့်အညီ မီးရှို့ရာယဇ်များကိုလည်း နေ့စဉ်ပူဇော်ကြ၏။
5
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
6
သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။
7
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
8
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။
9
ယေရွှာအပါအဝင် သူ၏သားမြေးနှင့် သူ၏ညီအစ်ကိုများ၊ ကပ်မျေလနှင့် သူ၏သားမြေးများ၊ ယုဒသားမြေးများ၊ လေဝိအမျိုး ဟေနဒဒ်သားမြေးတို့၏သားမြေးများနှင့် သူတို့၏ညီအစ်ကိုများသည် ဘုရားသခင်၏အိမ်တော်တည်ဆောက်ရာ၌ အလုပ်လုပ်သောသူများကို အတူတကွကြီးကြပ်ကြ၏။
10
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
11
“စင်စစ် ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ အစ္စရေးလူမျိုးကို ထာဝရမေတ္တာနှင့် ချစ်တော်မူ၏”ဟု ထာဝရဘုရား၏ကျေးဇူးတော်ကို သီဆိုချီးမွမ်းကြ၏။ ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ကို ချပြီးဖြစ်၍ လူအပေါင်းတို့သည် ထာဝရဘုရားထံ ကြီးစွာသောအသံဖြင့် ကြွေးကြော်ချီးမွမ်းကြလေ၏။
12
ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။
13
ထို့ကြောင့် ဝမ်းမြောက်စွာကြွေးကြော်သံလော၊ အော်ဟစ်ငိုကြွေးသံလော မည်သူမျှခွဲခြား၍ မရနိုင်ဖြစ်လေ၏။ လူအုပ်ကြီး၏ဆူညံစွာအော်ဟစ်ကြွေးကြော်သံကြီးမှာ အဝေးမှပင် ကြားရလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10