bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 18
Genesis 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 19 →
1
တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
2
သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
3
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
4
ရေအနည်းငယ်ယူခဲ့ပါရစေ။ အရှင်တို့၏ခြေကိုဆေးပြီး ဤသစ်ပင်အောက်၌နားကြပါ။
5
စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
6
ထိုအခါ အာဗြဟံသည် တဲထဲ၌ရှိသောစာရာထံသို့ အလျင်အမြန်ဝင်သွားပြီး “အကောင်းဆုံးဂျုံမှုန့် သုံးစေအာ ကိုနယ်၍ မုန့်ပြားများ အမြန်လုပ်ပါ”ဟု ဆို၏။
7
ထို့နောက် အာဗြဟံသည် နွားအုပ်ရှိရာသို့ပြေး၍ နုနယ်ဆူဖြိုးသောနွားသငယ်တစ်ကောင်ကိုရွေးယူပြီးလျှင် ငယ်သားထံအပ်လိုက်ရာ ထိုငယ်သားသည် အလျင်အမြန်ချက်ပြုတ်လေ၏။
8
ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
9
ထိုသူတို့က “သင်၏မယားစာရာသည် အဘယ်မှာရှိသနည်း”ဟု အာဗြဟံအား မေးကြလျှင် “တဲထဲ၌ရှိပါသည်”ဟု ပြန်ဖြေလေ၏။
10
သူတို့ထဲမှ တစ်ယောက်က “နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ မုချပြန်လာမည်။ သင်၏မယားစာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်” ဟု ဆိုလေ၏။ စာရာသည် ထိုသူ၏နောက်ဘက်ရှိ တဲအဝင်ဝ၌ နားထောင်လျက်နေ၏။
11
အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။
12
ထို့ကြောင့် စာရာက “အိုမင်းပြီးမှ ငါ၌ သာယာပျော်ရွှင်မှုရှိလိမ့်မည်လော။ ငါ့သခင်သည်လည်း အသက်ကြီးပြီ”ဟု မိမိစိတ်ထဲ၌ ရယ်လျက်ဆိုလေ၏။
13
ထိုအခါ ထာဝရဘုရားက အာဗြဟံအား “စာရာက ‘အသက်ကြီးသောငါသည် အမှန်ပင် သားဖွားနိုင်မည်လော’ဟု အဘယ်ကြောင့် ရယ်လျက်ဆိုရသနည်း။
14
ထာဝရဘုရားအတွက် ခက်ခဲလွန်း သောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
15
စာရာသည် ကြောက်သဖြင့် “ကျွန်မ မရယ်ပါ”ဟု ငြင်းဆို လေ၏။ ကိုယ်တော်ကလည်း “မဟုတ်ပါ။ သင်အမှန်ပင် ရယ်သည်”ဟု မိန့်တော်မူ၏။
16
ထို့နောက် ထိုလူတို့သည် ထိုအရပ်မှထသွားပြီး သောဒုံမြို့ကိုအပေါ်စီးမှကြည့်ကြ၏။ အာဗြဟံသည်လည်း သူတို့ကိုလိုက်ပို့ရန် သူတို့နှင့်အတူသွားလေ၏။
17
ထိုအခါ ထာဝရဘုရားက “ငါပြုမည့်အရာကို အာဗြဟံအား ငါဖုံးကွယ်ထားရမည်လော။
18
အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
19
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ ”ဟု မိန့်တော်မူ၏။
20
တစ်ဖန် ထာဝရဘုရားက “သောဒုံမြို့နှင့်ဂေါမောရမြို့၏အော်ဟစ်သံသည် ပြင်းထန်၍ သူတို့၏အပြစ်သည် အလွန်ကြီးလေးသောကြောင့်
21
ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။
22
ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။
23
အာဗြဟံသည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
24
ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
25
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
26
ထာဝရဘုရားကလည်း “သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူအယောက်ငါးဆယ်ကို ငါတွေ့လျှင် သူတို့အတွက်ကြောင့် ထိုအရပ်တစ်ခုလုံးကို ငါချမ်းသာပေးမည်”ဟု မိန့်တော်မူ၏။
27
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
28
ဖြောင့်မတ်သောသူ အယောက်ငါးဆယ်တွင် ငါးယောက်လျော့လျှင် ငါးယောက်လျော့သည့်အတွက်ကြောင့် ထိုမြို့တစ်မြို့လုံးကို ဖျက်ဆီးတော်မူမည်လော”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် လေးဆယ့်ငါးယောက်တွေ့လျှင် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
29
အာဗြဟံကလည်း “ထိုအရပ်တွင် အယောက်လေးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု တစ်ဖန် လျှောက်ပြန်လျှင် ကိုယ်တော်က “ထိုအယောက်လေးဆယ်အတွက်ကြောင့် ထိုအမှုကို ငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
30
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ် ထပ်၍လျှောက်ထားပါရစေ။ ထိုအရပ်တွင် အယောက်သုံးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် အယောက်သုံးဆယ်တွေ့လျှင် ထိုအမှုကိုငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
31
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် အရဲစွန့်၍ ဘုရားရှင်အား ထပ်မံလျှောက်ထားပါမည်။ ထိုအရပ်တွင် အယောက်နှစ်ဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအယောက်နှစ်ဆယ်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
32
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
33
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50