bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 44
Genesis 44
Burmese MSBU
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 45 →
1
ထို့နောက် ယောသပ်သည် မိမိ၏အိမ်ထိန်းအား “သူတို့အိတ်များထဲ၌ သူတို့သယ်နိုင်သမျှအစားအစာကို အပြည့်ဖြည့်လော့။ သူတို့အသီးသီး၏ငွေကိုလည်း သူတို့အိတ်ဝ၌ပြန်ထည့်ပေးလော့။
2
အငယ်ဆုံး၏အိတ်ဝ၌ စားနပ်ရိက္ခာဝယ်ယူသည့်ငွေနှင့်တကွ ငါ့ငွေခွက်ကို ထည့်လိုက်လော့”ဟု မိန့်မှာ၏။ အိမ်ထိန်းသည် ယောသပ်မိန့်ဆိုသည့်စကားအတိုင်းပြုလေ၏။
3
နံနက်မိုးလင်းသောအခါ သူတို့ကို သူတို့၏မြည်းများနှင့်တကွ ပြန်လွှတ်လိုက်လေ၏။
4
သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
5
ဤခွက်သည် ငါ့သခင်သောက်သောခွက်ဖြစ်သည်သာမက နိမိတ်ဖတ်သောခွက်လည်း ဖြစ်သည်မဟုတ်လော။ သင်တို့ပြုသောအမှုသည် ဆိုးညစ်လှပါတကား’ဟူ၍ သူတို့အား ပြောရမည်”ဟု မိန့်မှာလေ၏။
6
အိမ်ထိန်းသည် သူတို့ကိုမီသောအခါ သူတို့အား ထိုစကားကိုပြောလေ၏။
7
သူတို့ကလည်း “အကျွန်ုပ်သခင် အဘယ်ကြောင့် ဤစကားကိုပြောရပါသနည်း။ ထိုသို့ပြုခြင်းအမှုသည် သခင့်အစေအပါးတို့နှင့်ဝေးပါစေ။
8
အကျွန်ုပ်တို့၏အိတ်ဝ၌တွေ့ရှိခဲ့သောငွေကို ခါနာန်ပြည်မှ သခင့်ထံသို့ပြန်ယူလာခဲ့ပါ၏။ အကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်၏အရှင်သခင်အိမ်မှ ရွှေ၊ ငွေကိုခိုးယူရမည်နည်း။
9
သခင့်အစေအပါးတို့ထဲမှ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကိုတွေ့လျှင် သူသည် သေဒဏ်သင့်ပါစေ။ အကျွန်ုပ်တို့သည်လည်း သခင့်ထံ၌ ကျွန်ခံပါမည်”ဟု ဆိုကြ၏။
10
အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
11
ထိုအခါ သူတို့အသီးသီးသည် မိမိတို့အိတ်ကို မြေပေါ်သို့အလျင်အမြန်ချပြီး မိမိတို့အိတ်ကိုဖွင့်ကြ၏။
12
အိမ်ထိန်းသည်လည်း အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင်ရှာဖွေရာ ဗင်္ယာမိန်၏အိတ်ထဲ၌ ခွက်ကိုတွေ့လေ၏။
13
ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။
14
ယုဒနှင့်သူ၏ညီအစ်ကိုတို့သည် ယောသပ်၏အိမ်သို့ပြန်ရောက်သောအခါ ယောသပ်သည် အိမ်၌ပင်ရှိနေသေး၍ သူတို့သည် ယောသပ်ရှေ့၌ ညွတ်တွားပျပ်ဝပ်ကြ၏။
15
ယောသပ်က သူတို့အား “သင်တို့ပြုသောဤအမှုကား မည်သို့နည်း။ ငါကဲ့သို့သောလူသည် နိမိတ်ဖတ်တတ်ကြောင်းကို သင်တို့မသိကြသလော”ဟု ဆိုလေ၏။
16
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။
17
သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
18
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
19
သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၌ ဖခင်ရှိသလော၊ ညီရှိသလော’ဟု မေးသဖြင့်
20
အကျွန်ုပ်တို့ကလည်း သခင့်အား ‘အကျွန်ုပ်တို့၌ အသက်ကြီးပြီဖြစ်သောဖခင်နှင့် ဖခင်အသက်ကြီးမှရသောသားအငယ်ဆုံးတစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုကား သေဆုံးသွားပါပြီ။ သူ့မိခင်ဖွားသောသားတွင် သူတစ်ယောက်တည်းကျန်ပါ၏။ သူ့ဖခင်သည် သူ့ကိုချစ်ပါ၏’ဟု ဖြေကြားခဲ့ပါ၏။
21
ထိုအခါ သခင်က သခင့်အစေအပါးတို့အား ‘သူ့ကို တွေ့မြင်ရဖို့ ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့’ဟု ဆိုပါ၏။
22
အကျွန်ုပ်တို့ကလည်း သခင့်အား ‘သူငယ်သည် အဖေ့ကိုထားခဲ့၍မရပါ။ အဖေ့ကို ထားခဲ့လျှင် အဖေသေပါလိမ့်မည်’ဟု လျှောက်ကြပါ၏။
23
သို့သော် သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၏အငယ်ဆုံးညီကို သင်တို့နှင့်အတူမခေါ်ဆောင်လာခဲ့ပါက ငါ့မျက်နှာကို နောက်တစ်ဖန်သင်တို့မြင်ရမည်မဟုတ်’ဟု ဆိုပါ၏။
24
အကျွန်ုပ်တို့သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့၏ဖခင်ထံသို့ ပြန်ရောက်သောအခါ သခင့်စကားကို ဖခင်အားပြောပြကြပါ၏။
25
ထို့နောက် အကျွန်ုပ်တို့၏ဖခင်က ‘တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့’ဟု ဆို၏။
26
သို့သော် အကျွန်ုပ်တို့က ‘အကျွန်ုပ်တို့မသွားနိုင်ပါ။ အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူမပါလျှင် ထိုသူ၏မျက်နှာကို မြင်ရမည်မဟုတ်။ ထို့ကြောင့် အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူပါလျှင် အကျွန်ုပ်တို့သွားပါမည်’ဟု ပြန်ပြောကြပါ၏။
27
ထိုအခါ သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့ဖခင်က ‘ငါ့မယားသည် ငါ့အတွက် သားနှစ်ယောက်မွေးဖွားခဲ့ကြောင်း သင်တို့သိကြ၏။
28
တစ်ယောက်သည် ငါ့ထံမှ ထွက်သွားလေပြီ။ “သူသည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကိုခံရလေပြီ”ဟု ငါညည်းတွားပြောဆိုခဲ့ရ၏။ ထိုအချိန်မှစ၍ သူ့ကိုငါမတွေ့ရတော့ပေ။
29
ဤတစ်ယောက်ကိုလည်း သင်တို့သည် ငါ့ထံမှယူသွား၍ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့် မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်’ဟု အကျွန်ုပ်တို့အား ဆိုပါ၏။
30
သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့်
31
သူငယ်မပါသည်ကိုသိမြင်သောအခါ အဖေသည် သေပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် သခင့်အစေအပါးဖြစ်သော ဆံပင်ဖြူသူအကျွန်ုပ်တို့ဖခင်ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်။
32
သခင့်အစေအပါးအကျွန်ုပ်က ‘သူငယ်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်သည် အဖေ၏အပြစ်တင်ခြင်းကို အစဉ်အမြဲခံယူပါမည်’ဟု ဆိုလျက် အဖေ့ထံသူငယ်အတွက်အာမခံခဲ့ပါ၏။
33
ထို့ကြောင့် သခင့်အစေအပါးသည် သူငယ်အစား သခင့်ထံ၌ ကျွန်အဖြစ်နေရစ်ခဲ့ပါရစေ။ သူငယ်ကို သူ၏အစ်ကိုတို့နှင့်အတူ ပြန်သွားခွင့်ပြုပါ။
34
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 45 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50