bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 48
Genesis 48
Burmese MSBU
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 49 →
1
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
2
“သင့်သားယောသပ်သည် သင့်ထံသို့ရောက်လာပါပြီ”ဟု ယာကုပ်ကြားသောအခါ အစ္စရေးသည် အားတင်း၍ ခုတင်ပေါ်တွင်ထထိုင်လေ၏။
3
ထို့နောက် ယာကုပ်က ယောသပ်အား “အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခါနာန်ပြည်၊ လုဇမြို့၌ ငါ့အား ကိုယ်ထင်ရှားပြတော်မူ၍ ငါ့ကိုကောင်းချီးပေးလျက်
4
‘ငါသည် သင့်ကို တိုးပွားများပြားစေ၍ လူမျိုးကြီးဖြစ်စေမည်။ ဤပြည်ကို နောင်လာမည့်သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်’ဟု ငါ့အားမိန့်တော်မူခဲ့၏။
5
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
6
သူတို့နောက်မှ သင်ရသောသားသမီးများကား သင်၏သားသမီးများဖြစ်၏။ ထိုသားသမီးတို့သည် မိမိတို့အမွေကို မိမိအစ်ကိုတို့အမည်ဖြင့် မှတ်ရမည်။
7
ငါသည် ပါဒန်အာရံပြည်မှပြန်လာသောအခါ ခါနာန်ပြည်သို့အပြန်လမ်း၌ ဧဖရတ်အရပ်သို့ရောက်ရန်အလှမ်းဝေးသေးသောနေရာတွင် ရာခေလသည် ငါ့မျက်စိရှေ့မှာပင် သေဆုံး၍ သူ့ကို ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သင်္ဂြိုဟ်၏”ဟု ဆိုလေ၏။
8
အစ္စရေးသည် ယောသပ်၏သားတို့ကိုမြင်သောအခါ “ဤသူတို့ကား မည်သူနည်း”ဟု မေး၏။
9
ယောသပ်က “သူတို့သည် ဤပြည်၌ အကျွန်ုပ်အားဘုရားသခင်ပေးတော်မူသော အကျွန်ုပ်၏သားများဖြစ်ပါ၏”ဟု ဖခင်အားပြန်ဖြေ၏။ အစ္စရေးက “သူတို့ကို ငါ့နားသို့ ခေါ်လာလော့။ သူတို့ကို ငါကောင်းချီးပေးမည်”ဟု ဆိုလေ၏။
10
အစ္စရေးသည် အသက်ကြီးသောကြောင့် မျက်စိမှုန်၍မမြင်နိုင်ပေ။ ထို့ကြောင့် ယောသပ်သည် သူ၏သားတို့ကို အစ္စရေးအနီးသို့ခေါ်လာ၏။ ထိုအခါ အစ္စရေးသည် ယောသပ်၏သားတို့ကိုနမ်းပြီး ပွေ့ဖက်လေ၏။
11
အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။
12
ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
13
ထို့နောက် ယောသပ်သည် မိမိ၏သားနှစ်ယောက်ကိုယူ၍ မိမိလက်ယာဘက်၌ရှိသောဧဖရိမ်ကို အစ္စရေး၏လက်ဝဲဘက်သို့လည်းကောင်း၊ မိမိလက်ဝဲဘက်၌ရှိသောမနာရှေကို အစ္စရေး၏လက်ယာဘက်သို့လည်းကောင်း ချဉ်းကပ်စေ၏။
14
ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
15
အစ္စရေးသည် ယောသပ်အားကောင်းချီးပေးလျက် “ငါ့ဘိုးဘေးအာဗြဟံနှင့်ဣဇက်တို့ကိုးကွယ် သော ဘုရားသခင်၊ ငါ့အသက်တာတစ်လျှောက်လုံးတွင် ယနေ့တိုင်အောင် ငါ့ကိုထိန်းကျောင်းတော်မူသောဘုရားသခင်၊
16
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
17
ဖခင်သည် ဧဖရိမ်၏ခေါင်းပေါ်၌ လက်ယာလက်တင်ထားသည်ကို ယောသပ်မြင်သောအခါ ဘဝင်မကျသဖြင့် ဧဖရိမ်၏ခေါင်းပေါ်မှ မနာရှေ၏ခေါင်းပေါ်သို့ရွှေ့ရန် ဖခင်၏လက်ကို ကိုင်၍
18
ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
19
သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။
20
တစ်ဖန် ထိုနေ့၌ အစ္စရေးသည် သူတို့အား “အစ္စရေးအမျိုးသားတို့သည် သင်တို့ကိုအစွဲပြု၍ ‘ဘုရားသခင်သည် သင့်ကို ဧဖရိမ်နှင့် မနာရှေကဲ့သို့ ဖြစ်စေတော်မူပါစေသော’ဟူ၍ အချင်းချင်း ကောင်းချီးပေးကြလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။ ထိုသို့ အစ္စရေးသည် ဧဖရိမ်ကို မနာရှေ၏ရှေ့၌ နေရာချလေ၏။
21
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
22
ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိလူမျိုးတို့လက်ထဲမှ ငါသိမ်းယူခဲ့သောမြေကို ငါသည် သင်၏ညီအစ်ကိုတို့ထက် သင့်ကို ဝေစုတစ်စု ပိုပေး၏”ဟု ဆိုလေ၏။
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 49 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50