bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 24
Genesis 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
1
အာဗြဟံသည် အသက်အရွယ်ကြီးရင့်လေပြီ။ ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ကောင်းချီးပေးတော်မူ၏။
2
အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
3
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
4
ငါ့ပြည်၊ ငါ့ဆွေမျိုးသားချင်းထံသို့သွား၍ ငါ့သားဣဇက်အတွက် မိန်းမကိုရှာပါမည်ဟု သင့်အား ငါကျိန်ဆိုစေမည်”ဟု ဆို၏။
5
အစေအပါးကလည်း “အကယ်၍ မိန်းမသည် ဤပြည်သို့ အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် သခင်၏သားကို သခင်ထွက်လာခဲ့သောပြည်သို့ အကျွန်ုပ်ခေါ်သွားရပါမည်လော”ဟု မေးလျှောက်၏။
6
အာဗြဟံကလည်း “ငါ့သားကို ထိုအရပ်သို့ မခေါ်သွားမိစေရန် သင်သတိပြုလော့။
7
ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
8
အကယ်၍ မိန်းမသည် သင်နှင့်အတူမလိုက်လာလိုလျှင် သင်သည် ငါနှင့်ပြုသောဤကျိန်ဆိုခြင်းမှကင်းလွတ်စေ။ ငါ့သားကိုကား ထိုအရပ်သို့ မခေါ်သွားရ”ဟု ဆို၏။
9
ထိုအခါ အစေအပါးသည် မိမိသခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထားပြီး ဤအမှုအရာနှင့်ပတ်သက်၍ ကျိန်ဆိုလေ၏။
10
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
11
အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
12
“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
13
ကြည့်ရှုလော့။ အကျွန်ုပ်သည် စမ်းရေတွင်းနားမှာရပ်လျက်နေပါ၏။ ဤမြို့သမီးပျိုတို့သည် ရေခပ်ရန် ထွက်လာကြပါလိမ့်မည်။
14
အကျွန်ုပ်သည် မိန်းကလေးတစ်ဦးအား ‘သင်၏ရေအိုးကိုချ၍ အကျွန်ုပ်အားရေသောက်ခွင့်ပေးပါ’ဟု ဆိုသောအခါ သူက ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပေးပါမည်’ဟု ဆိုလျှင် ထိုသူသည် ကိုယ်တော်၏အစေအပါးဣဇက်အတွက် ကိုယ်တော်ရွေးချယ်ထားသောသူဖြစ်ပါစေသော။ ဤသို့အားဖြင့် ကိုယ်တော်သည် အကျွန်ုပ်၏သခင်အား မေတ္တာကရုဏာပြတော်မူကြောင်း အကျွန်ုပ်သိရပါလိမ့်မည်”ဟု ဆုတောင်းလေ၏။
15
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
16
ထိုမိန်းကလေးသည် ရုပ်ဆင်းသွင်ပြင်အလွန်လှပ၍ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာဖြစ်၏။ သူသည် စမ်းရေတွင်းသို့ဆင်းသွား၍ ရေဘူးကိုရေဖြည့်ပြီး ပြန်တက်လာ၏။
17
ထိုအစေအပါးသည် မိန်းကလေးနှင့်တွေ့ဆုံရန်ပြေးသွား၍ “သင်၏ရေအိုးမှ ရေအနည်းငယ်သောက်ပါရစေ”ဟု ဆိုလျှင်
18
မိန်းကလေးက “ကျွန်မ၏သခင်၊ သောက်ပါ”ဟု ဆိုပြီးလျှင် ရေအိုးကို မိမိလက်ပေါ်သို့ အလျင်အမြန်ချ၍ သူ့ကိုရေတိုက်လေ၏။
19
သူ့ကိုရေတိုက်ပြီးသောအခါ “သင်၏ကုလားအုတ်တို့လည်း ရေအဝသောက်ပြီးသည်အထိ ကျွန်မရေခပ်ပေးပါမည်”ဟု ဆိုလျက်
20
မိမိရေအိုးထဲမှရေကို ရေစားခွက်ထဲသို့ အလျင်အမြန်လောင်းထည့်ပြီးလျှင် တစ်ဖန်ရေခပ်ရန် ရေတွင်းသို့ပြေးသွား၍ ကုလားအုတ်အားလုံးအတွက် ရေခပ်ပေး၏။
21
ထိုသူသည် မိမိခရီးစဉ်ကို ထာဝရဘုရားအောင်မြင်ခွင့်ပေးမည်၊ မပေးမည်ကိုသိရှိရန် မိန်းကလေးကို တိတ်ဆိတ်စွာစောင့်ကြည့်နေ၏။
22
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာ ရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ် ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
23
“သင်သည် မည်သူ၏သမီးဖြစ်သနည်း။ အကျွန်ုပ်ကိုပြောပါ။ သင့်ဖခင်၏အိမ်၌ ညအိပ်နားရန် အကျွန်ုပ်တို့အတွက်နေရာရှိသလော”ဟု မေးလေ၏။
24
မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်
25
“ကျွန်မတို့၌ ကောက်ရိုးနှင့် အစာလည်း များစွာရှိပါ၏။ ညအိပ်နားရန် နေရာလည်းရှိပါ၏”ဟု ဆိုလေ၏။
26
ထိုအခါ ထိုသူသည် ဦးညွှတ်၍ ထာဝရဘုရားကိုပျပ်ဝပ်ရှိခိုးကာ
27
“အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
28
မိန်းကလေးသည်လည်း ပြေးသွား၍ ဤအကြောင်းအရာတို့ကို မိခင်၏အိမ်သူအိမ်သားအား ပြောပြလေ၏။
29
ရေဗက္ကာတွင် လာဗန်အမည်ရှိသောအစ်ကိုတစ်ယောက်ရှိ၏။ လာဗန်သည် ထိုသူရှိရာစမ်းရေတွင်းသို့ ပြေးလာ၏။
30
သူသည် သူ့ညီမထံမှ နှာဆွဲကိုလည်းကောင်း၊ လက်မှလက်ကောက်တို့ကိုလည်းကောင်း မြင်၍ “ထိုသူသည် ကျွန်မကို ဤသို့ပြောပါသည်”ဟု ဆိုသောမိမိညီမရေဗက္ကာ၏စကားကိုကြားသည်နှင့် ထိုသူရှိရာသို့သွားလေ၏။ ထိုသူသည် စမ်းရေတွင်းနားရှိ ကုလားအုတ်တို့အနီးတွင် ရပ်နေ၏။
31
လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။
32
သို့ဖြစ်၍ ထိုသူသည် အိမ်သို့လိုက်လာ၏။ လာဗန်သည် ကုလားအုတ်များပေါ်မှ ဝန်ကိုချ၍ ကုလားအုတ်တို့အတွက် ကောက်ရိုးနှင့်အစာကိုပေး၏။ ထိုသူနှင့် သူ့အဖော်တို့၏ခြေကိုဆေးရန် ရေကိုလည်းပေး၏။
33
ထို့နောက် သူ့ရှေ့၌ အစားအစာကို တည်ခင်းလေ၏။ သို့သော် ထိုသူက “အကျွန်ုပ်ကိစ္စကို မပြောရမချင်း အကျွန်ုပ်မစားနိုင်ပါ”ဟု ဆိုလျှင် လာဗန်က “ပြောပါ”ဟု ဆိုလေ၏။
34
ထိုသူကလည်း “အကျွန်ုပ်သည် အာဗြဟံ၏အစေအပါးဖြစ်ပါသည်။
35
ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့် သူသည် ချမ်းသာသောသူဖြစ်လာပါသည်။ ကိုယ်တော်သည် သူ့အား သိုးအုပ်၊ နွားအုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများ၊ ကုလားအုတ်များနှင့် မြည်းများကို ပေးတော်မူပါသည်။
36
အကျွန်ုပ်သခင်၏မယားစာရာသည် အသက်ကြီးမှ အကျွန်ုပ်သခင်အတွက် သားတစ်ယောက်ကိုမွေးဖွားခဲ့ပါသည်။ အကျွန်ုပ်၏သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ထိုသားအား ပေးပါသည်။
37
အကျွန်ုပ်သခင်က ‘သင်သည် ငါနေထိုင်လျက်ရှိသောပြည်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
38
ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်သို့သွား၍ ငါ့သားအတွက် မိန်းမကိုရှာရမည်’ဟု အကျွန်ုပ်အားမှာကြား၍ ကျိန်ဆိုစေခဲ့ပါသည်။
39
အကျွန်ုပ်ကလည်း ‘အကယ်၍မိန်းမသည် အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် မည်သို့နည်း’ဟု အကျွန်ုပ်သခင်အား မေးလျှင်
40
သခင်က ‘ငါသည် ထာဝရဘုရားရှေ့တော်၌ အသက်ရှင်လျှောက်လှမ်းခဲ့၏။ ထိုဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်၍ သင်၏ခရီးစဉ်ကို အောင်မြင်ခွင့်ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍ သင်သည် ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်တွင် ငါ့သားအတွက် မိန်းမကိုရှာရမည်။
41
သူတို့သည် သူတို့၏သမီးကို သင့်အား မပေးလျှင်လည်း သင်သည် ငါ့မျိုးနွယ်စုထံသို့ရောက်သည်နှင့်ပင် ငါ၏ကျိန်ခြင်းမှ ကင်းလွတ်ရလိမ့်မည်’ဟု အကျွန်ုပ်အားဆိုခဲ့ပါသည်။
42
အကျွန်ုပ်သည် ယနေ့ စမ်းရေတွင်းသို့ရောက်သောအခါ ‘အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာသောခရီးစဉ်အောင်မြင်စေရန် ကိုယ်တော်အလိုရှိလျှင်
43
အကျွန်ုပ်သည် စမ်းရေတွင်းနားမှာ ရပ်နေ၍ ရေခပ်ရန်ထွက်လာသည့် မိန်းမပျိုတစ်ယောက်အား “သင်၏ရေအိုးမှ ရေအနည်းငယ်သောက်ပါရစေ”ဟု ဆိုသောအခါ
44
သူက “သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက်လည်း ကျွန်မရေခပ်ပေးပါမည်”ဟု ဆိုလျှင် ထိုသူသည် အကျွန်ုပ်သခင်၏သားအတွက် ထာဝရဘုရားရွေးချယ်ထားသောမိန်းမဖြစ်ပါစေသော’ဟု ဆုတောင်းခဲ့ပါသည်။
45
ထိုသို့ အကျွန်ုပ်သည် စိတ်နှလုံးထဲ၌ မြွက်ဆို၍ မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာပြီး စမ်းရေတွင်းသို့ဆင်းသွား၍ရေခပ်ပါသည်။ အကျွန်ုပ်က သူ့အား ‘ရေသောက်ပါရစေ’ဟု ဆိုလျှင်
46
သူသည် ရေအိုးကို မိမိပခုံးပေါ်မှအလျင်အမြန်ချ၍ ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပါမည်’ဟု ဆိုပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရေသောက်ရပါသည်။ သူသည် ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါသည်။
47
အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
48
ထို့နောက် အကျွန်ုပ်သည်ဦးညွှတ်၍ ထာဝရဘုရားကိုရှိခိုးကိုးကွယ်ကာ အကျွန်ုပ်သခင့်ညီ၏မြေးကို သခင့်သားအတွက်ရွေးယူရန် အကျွန်ုပ်ကို မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါသည်။
49
ယခု သင်တို့သည် အကျွန်ုပ်သခင်အား မေတ္တာသစ္စာကိုပြလိုလျှင်ဖြစ်စေ၊ မပြလိုလျှင်ဖြစ်စေအကျွန်ုပ်ကိုပြောပါ။ သို့မှသာ အကျွန်ုပ်သည် လက်ယာဘက်ဖြစ်စေ၊ လက်ဝဲဘက်ဖြစ်စေ တစ်လမ်းလမ်းသွားနိုင်ပါမည်”ဟု ပြောဆိုလေ၏။
50
လာဗန်နှင့်ဗေသွေလတို့ကလည်း “ဤအမှုသည် ထာဝရဘုရားထံတော်မှလာ၏။ အကျွန်ုပ်တို့သည် ကောင်းသည်၊ မကောင်းသည် ဟူ၍ သင့်ကိုမပြောနိုင်ပါ။
51
ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
52
အာဗြဟံ၏အစေအပါးသည် သူတို့၏စကားကိုကြားလျှင် မြေမှာပျပ်ဝပ်လျက် ထာဝရဘုရားကိုရှိခိုးလေ၏။
53
ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
54
ထို့နောက် ထိုအစေအပါးနှင့်သူ့အဖော်တို့သည် စားသောက်၍ ညအိပ်နားကြ၏။ နံနက်အချိန်တွင် သူတို့ထကြသောအခါ ထိုအစေအပါးက “အကျွန်ုပ်ကို အကျွန်ုပ်သခင်ထံသို့ ပြန်ခွင့်ပြုပါ”ဟု ဆိုလေ၏။
55
ရေဗက္ကာ၏မိခင်နှင့်အစ်ကိုက “မိန်းကလေးသည် အကျွန်ုပ်တို့နှင့်အတူ ဆယ်ရက်ခန့် နေပါစေဦး။ ထို့နောက်မှ သူ့ကိုသွားစေမည်”ဟု ဆို၏။
56
အစေအပါးကလည်း “ထာဝရဘုရားသည် အကျွန်ုပ်၏ခရီးစဉ်ကို အောင်မြင်စေတော်မူပြီဖြစ်၍ အကျွန်ုပ်မနှောင့်နှေးပါရစေနှင့်။ အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ အကျွန်ုပ်သခင်ထံသို့ ပြန်သွားပါရစေ”ဟု ဆို၏။
57
သူတို့ကလည်း “မိန်းကလေးကိုခေါ်၍ သူ့ဆန္ဒကို မေးကြည့်ကြစို့”ဟု ဆိုပြီးလျှင်
58
ရေဗက္ကာကိုခေါ်၍ “သင်သည် ဤသူနှင့်လိုက်သွားမည်လော”ဟု မေးကြရာ သူက “ကျွန်မလိုက်သွားပါမည်”ဟု ဆို၏။
59
ထို့ကြောင့် သူတို့သည် မိမိတို့ညီမရေဗက္ကာနှင့် သူ၏အထိန်းကို အာဗြဟံ၏အစေအပါး၊ သူ၏လူတို့နှင့်အတူ လွှတ်လိုက်ကြ၏။
60
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူ တို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
61
ထို့နောက် ရေဗက္ကာနှင့် သူ၏အစေခံမိန်းကလေးတို့သည်ထ၍ ကုလားအုတ်တို့ကိုစီးလျက် ထိုသူ၏နောက်သို့လိုက်သွားကြ၏။ ဤသို့ဖြင့် ထိုအစေအပါးသည် ရေဗက္ကာကိုခေါ်ဆောင်၍ ထွက်ခွာသွားလေ၏။
62
ထိုအချိန်တွင် ဣဇက်သည် ဗေရလဟဲရောအရပ်မှလာ၍ နေဂေ့အရပ်၌နေထိုင်၏။
63
ဣဇက်သည် ညချမ်းအချိန်၌ ကွင်းပြင်သို့ လမ်းလျှောက်ထွက်သွား၍ မျှော်ကြည့်လိုက်ရာ ကုလားအုတ်များလာနေသည်ကိုမြင်လေ၏။
64
ရေဗက္ကာသည်လည်း မျှော်ကြည့်၍ ဣဇက်ကိုမြင်လျှင် ကုလားအုတ်အပေါ်မှဆင်းပြီး
65
“ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
66
အစေအပါးသည် မိမိပြုခဲ့သောအရာအားလုံးကို ဣဇက်အား ပြောပြလေ၏။
67
ထိုအခါ ဣဇက်သည် ရေဗက္ကာကို မိခင်စာရာ၏တဲထဲသို့ခေါ်ဆောင်သွား၍ သူနှင့်စုံဖက်သဖြင့် ရေဗက္ကာသည် သူ၏မယားဖြစ်လာ၏။ ဣဇက်သည် ရေဗက္ကာကိုချစ်သဖြင့် မိခင်မရှိတော့သည့်နောက်တွင် နှစ်သိမ့်မှုကိုရရှိ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50