bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 31
Genesis 31
Burmese MSBU
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
1
လာဗန်၏သားတို့က “ယာကုပ်သည် ငါတို့ဖခင်ပိုင်ဆိုင်သမျှတို့ကို ယူသွားပြီတကား။ သူသည် ငါတို့ဖခင်ပိုင်ဆိုင်သောအရာများအားဖြင့် ဤစည်းစိမ်အားလုံးကိုရရှိလေပြီ”ဟု ပြောဆိုသောစကားတို့ကို ယာကုပ်ကြားလေ၏။
2
လာဗန်၏မျက်နှာထားသည်လည်း ယခင်ကကဲ့သို့မဟုတ်တော့သည်ကို ယာကုပ်သိမြင်လေ၏။
3
ထိုအခါ ထာဝရဘုရားက “သင့်ဘိုးဘေးတို့၏ပြည်၊ သင်၏ဆွေမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင်နှင့်အတူရှိမည်”ဟု ယာကုပ်အားမိန့်တော်မူ၏။
4
ထို့ကြောင့် ယာကုပ်သည် လူလွှတ်၍ ရာခေလနှင့်လေအာကို မိမိ၏သိုးဆိတ်တို့ရှိရာကွင်းပြင်သို့ ခေါ်လာစေပြီးလျှင်
5
သူတို့အား “သင်တို့ဖခင်၏မျက်နှာထားသည် ယခင်ကကဲ့သို့မဟုတ်တော့သည်ကို ငါသိမြင်၏။ သို့သော် ငါ့ဖခင်၏ဘုရားသခင်သည် ငါနှင့်အတူရှိတော်မူ၏။
6
ငါသည် သင်တို့၏ဖခင်ကို အစွမ်းရှိသမျှဖြင့်အစေခံခဲ့ကြောင်း သင်တို့သိကြ၏။
7
သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။
8
သူက ‘အစက်ပါသောအကောင်တို့သည် သင်၏လုပ်အားခဖြစ်မည်’ဟု ဆိုသောအခါ သိုးဆိတ်အားလုံးတို့သည် အစက်ပါသောအကောင်များကို မွေးကြ၏။ သူက ‘အစင်းကျားပါသောအကောင်တို့သည် သင်၏လုပ်အားခဖြစ်မည်’ဟု ဆိုသောအခါ သိုးဆိတ်အားလုံးတို့သည် အစင်းကျားပါသောအကောင်များကို မွေးကြ၏။
9
ထိုသို့ဖြင့် ဘုရားသခင်သည် သင်တို့ဖခင်၏တိရစ္ဆာန်တို့ကိုနုတ်ယူ၍ ငါ့အားပေးတော်မူပြီ။
10
သိုးဆိတ်တို့မိတ်လိုက်ရာသီ၌ ငါမျှော်ကြည့်လိုက်ရာ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြောင်း အိပ်မက်ထဲတွင် ငါတွေ့မြင်ရ၏။
11
ဘုရားသခင်၏ကောင်းကင်တမန်က ‘ယာကုပ်’ဟု အိပ်မက်ထဲတွင် ငါ့ကိုခေါ်သဖြင့် ‘အကျွန်ုပ်ရှိပါ၏’ဟု ငါပြန်လျှောက်၏။
12
ထိုအခါ ကောင်းကင်တမန်က ‘မျှော်ကြည့်လော့။ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးအားလုံးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြ၏။ အကြောင်းမူကား သင့်အား လာဗန်ပြုခဲ့သမျှကို ငါမြင်၏။
13
ငါသည် ဗေသလအရပ်၏ဘုရားဖြစ်၏။ ထိုအရပ်၌ သင်သည် ကျောက်တိုင်ကိုဘိသိက်သွန်း၍ ငါ့အားကတိသစ္စာပြုခဲ့၏။ ယခုထ၍ ဤပြည်မှထွက်ခွာပြီး သင့်မွေးရပ်မြေသို့ ပြန်သွားလော့’ဟူ၍ မိန့်တော်မူ၏”ဟု သူတို့အား ဆိုလေ၏။
14
ရာခေလနှင့်လေအာကလည်း “အကျွန်ုပ်တို့ဖခင်၏အိမ်၌ အကျွန်ုပ်တို့ရရှိမည့် အမွေဝေစုရှိသေးသလော။
15
သူသည် အကျွန်ုပ်တို့ကို တစ်ပါးအမျိုးသားကဲ့သို့ မှတ်ယူသည်မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့ကိုရောင်းစားပြီး ရသောငွေကို သူအကုန်အစင်သုံးစွဲလိုက်ပါပြီ။
16
အကယ်စင်စစ် အကျွန်ုပ်တို့ဖခင်ထံမှ ဘုရားသခင်နုတ်ယူတော်မူသောဓနဥစ္စာအားလုံးသည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများပိုင်ဆိုင်သောဓနဥစ္စာဖြစ်ပါ၏။ ထို့ကြောင့် ယခု သင့်အား ဘုရားသခင်မိန့်တော်မူသမျှကို ပြုပါလော့”ဟု ဆိုကြ၏။
17
ထိုအခါ ယာကုပ်သည်ထ၍ မိမိ၏သားသမီးများနှင့်မယားတို့ကို ကုလားအုတ်ပေါ်တင်ပြီးလျှင်
18
မိမိတိရစ္ဆာန်ရှိသမျှ၊ မိမိစုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ပါဒန်အာရံပြည်၌ မိမိစုဆောင်းပိုင်ဆိုင်သောတိရစ္ဆာန်တို့ကို ယူဆောင်လျက် ခါနာန်ပြည်ရှိ ဖခင်ဣဇက်ထံသို့ ပြန်သွားလေ၏။
19
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
20
ယာကုပ်သည် မိမိထွက်ပြေးမည့်အကြောင်း အာရံလူမျိုးလာဗန်ကိုမပြောဘဲ သူ့အားမလိမ့်တပတ်လုပ် လေ၏။
21
ဤသို့ဖြင့် ယာကုပ်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုယူ၍ ထွက်ပြေးလေ၏။ သူသည်ထ၍ ယူဖရေးတီးမြစ် ကိုကူးပြီးလျှင် ဂိလဒ်ပြည်တောင်ပေါ်ဒေသသို့ဦးတည်သွားလေ၏။
22
သုံးရက်မြောက်သောနေ့၌ လာဗန်သည် ယာကုပ်ထွက်ပြေးကြောင်းကြားသိသဖြင့်
23
မိမိဆွေမျိုးသားချင်းတို့ကိုခေါ်၍ ယာကုပ်နောက်သို့ ခုနစ်ရက်ခရီးလိုက်ပြီးမှ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌ သူ့ကိုမီလေ၏။
24
သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
25
လာဗန်သည် ယာကုပ်ကိုလိုက်မီသောအချိန်တွင် ယာကုပ်သည် တောင်ပေါ်ဒေသ၌ တဲထိုးထားနှင့်ပြီဖြစ်၏။ လာဗန်သည်လည်း သူ၏ဆွေမျိုးသားချင်းများနှင့်အတူ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌တဲထိုးလေ၏။
26
လာဗန်က ယာကုပ်အား “သင်မည်သို့ပြုသနည်း။ သင်သည် ငါ့ကိုမလိမ့်တပတ်လုပ် ၍ ငါ့သမီးတို့ကို စစ်သုံ့ပန်းကဲ့သို့ ခေါ်ဆောင်သွားပြီတကား။
27
ငါသည် ပတ်သာနှင့်စောင်းတီးလျက်၊ ဝမ်းမြောက်စွာသီချင်းဆိုလျက် သင့်ကိုလွှတ်လိုက်လိုသည်ကို သင်သည် ငါ့ကိုဘာမျှမပြော၊ မလိမ့်တပတ်လုပ် ၍ အဘယ်ကြောင့်တိတ်တဆိတ်ထွက်ပြေးရသနည်း။
28
ငါ့မြေး၊ ငါ့သမီးတို့ကို ငါနမ်းရန်ပင် သင်သည်အခွင့်မပေး။ ယခု သင်သည် မိုက်မဲစွာပြုလေပြီတကား။
29
ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။
30
ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
31
ယာကုပ်ကလည်း “ဦးရီးသည် ဦးရီး၏သမီးတို့ကို အကျွန်ုပ်ထံမှ လုယူကောင်းလုယူလိမ့်မည်ဟု ထင်မှတ်၍ ကြောက်သောကြောင့်ဖြစ်ပါ၏။
32
ဦးရီး၏ဘုရားတို့ကို တစ်စုံတစ်ဦးထံ၌ရှာတွေ့လျှင် ထိုသူကိုအသက်ချမ်းသာမပေးပါနှင့်။ အကျွန်ုပ်တို့ဆွေမျိုးသားချင်းများရှေ့တွင် ဦးရီးကိုယ်တိုင်ရှာကြည့်၍ အကျွန်ုပ်ထံ၌ ဦးရီးဥစ္စာရှိလျှင် ပြန်ယူပါ”ဟု လာဗန်အားဆိုလေ၏။ ထိုရုပ်တုတို့ကို ရာခေလခိုးကြောင်း ယာကုပ်မသိ။
33
ထိုအခါ လာဗန်သည် ယာကုပ်၏တဲ၊ လေအာ၏တဲနှင့် ကျွန်မနှစ်ယောက်တို့၏တဲထဲသို့ဝင်၍ရှာသော်လည်း မတွေ့ချေ။ လေအာ၏တဲထဲမှထွက်လာပြီးနောက် သူသည် ရာခေလ၏တဲထဲသို့ဝင်လေ၏။
34
ရာခေလသည် တေရပ်ရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးထဲထည့်ပြီးလျှင် ၎င်းတို့အပေါ်၌ထိုင်နေ၏။ ထို့ကြောင့် လာဗန်သည် တဲတစ်တဲလုံးမွှေနှောက်သော်လည်း မတွေ့ချေ။
35
ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
36
ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။
37
အကျွန်ုပ်၏ပစ္စည်းအားလုံးကိုမွှေနှောက်ပြီးပြီ။ ဦးရီးအိမ်မှပစ္စည်းတစ်စုံတစ်ခုတွေ့ရှိသလော။ တွေ့လျှင် ၎င်းကို အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့နှင့် ဦးရီး၏ဆွေမျိုးသားချင်းတို့ရှေ့ ဤနေရာ၌ထားပါ။ အကျွန်ုပ်တို့နှစ်ယောက်ကြားတွင် သူတို့စီရင်ဆုံးဖြတ်ကြပါစေ။
38
အကျွန်ုပ်သည် ဦးရီးနှင့်အတူ အနှစ်နှစ်ဆယ်နေခဲ့ပါသည်။ ဦးရီး၏သိုးမ၊ ဆိတ်မတို့သည် သားမလျှော။ ဦးရီး၏သိုးဆိတ်တို့ထဲမှ သိုးထီး၊ ဆိတ်ထီးတို့ကို အကျွန်ုပ်မစား။
39
သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
40
အကျွန်ုပ်သည် နေ့မှာ အပူဒဏ်၊ ညမှာ အအေးဒဏ်ကိုခံရပြီး အိပ်ရေးလည်း ပျက်ခဲ့ရပါသည်။
41
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
42
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
43
လာဗန်ကလည်း “ဤသမီးတို့သည် ငါ့သမီး၊ ဤကလေးတို့သည် ငါ့ကလေး၊ ဤသိုးဆိတ်တို့သည်လည်း ငါ့သိုးဆိတ် ဖြစ်ကြ၏။ သင်မြင်နေသမျှတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ ဤငါ့သမီးတို့အတွက်လည်းကောင်း၊ သူတို့မွေးဖွားသော သားသမီးများအတွက်လည်းကောင်း ယနေ့ ငါမည်သည့်အရာကိုပြုပေးနိုင်သနည်း။
44
ယခု လာလော့။ သင်နှင့်ငါပဋိညာဉ်ဖွဲ့ကြစို့။ ၎င်းသည် သင်နှင့်ငါကြား၌ သက်သေဖြစ်ပါစေ”ဟု ယာကုပ်အား ဆို၏။
45
ထို့ကြောင့် ယာကုပ်သည် ကျောက်ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေ၏။
46
ထို့ပြင် ယာကုပ်သည် မိမိဆွေမျိုးသားချင်းတို့အား “ကျောက်များကိုစုကြပါ”ဟု ဆိုလျှင် သူတို့သည် ကျောက်များကိုယူ၍ စုပုံကြ၏။ ထို့နောက် သူတို့သည် ထိုကျောက်ပုံအနားတွင် စားသောက်ကြ၏။
47
ထိုကျောက်ပုံကို လာဗန်က ယေဂါသဟာဒုသ ဟုခေါ်၏။ ယာကုပ်မူကား ဂိလဒ် ဟုခေါ်၏။
48
ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
49
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
50
သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
51
တစ်ဖန် လာဗန်က ယာကုပ်အား “ဤကျောက်ပုံကိုကြည့်လော့။ သင်နှင့်ငါကြား၌ ငါစိုက်ထူထားသောမှတ်တိုင်ကိုကြည့်လော့။
52
ငါသည် သင့်ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံကိုမကျော်မည့်အကြောင်း၊ သင်သည်လည်း ငါ့ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုမကျော်မည့်အကြောင်း ဤကျောက်ပုံသည် သက်သေဖြစ်၏။ ဤမှတ်တိုင်သည်လည်း သက်သေဖြစ်၏။
53
အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ သူတို့ဖခင်၏ဘုရားသည် ငါတို့ကြား၌ တရားစီရင်တော်မူပါစေသော”ဟု ဆို၏။ ယာကုပ်သည်လည်း မိမိဖခင်ဣဇက်ကြောက်ရွံ့သောဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
54
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
55
လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50