bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 27
Genesis 27
Burmese MSBU
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
1
ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
2
ဣဇက်ကလည်း “ယခု ငါအသက်ကြီးပြီ။ မည်သည့်နေ့ရက်၌ သေရမည်ကို ငါမသိ။
3
ငါမသေမီ သင့်ကို ငါကောင်းချီးပေးဖို့ သင်၏လက်စွဲတော် လေးနှင့်မြားအိမ်ကိုယူ၍ တောသို့သွားပြီး ငါ့အဖို့ တောကောင်ကိုလိုက်လော့။
4
ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
5
ဣဇက်က သူ၏သားဧသောအား ပြောဆိုသောစကားကို ရေဗက္ကာသည် ကြား၏။ သို့ဖြစ်၍ တောကောင်လိုက်ဖမ်းပြီးယူလာရန် တောသို့ဧသောထွက်သွားသောအခါ
6
ရေဗက္ကာသည် သူ၏သားယာကုပ်ကိုခေါ်၍ “သင့်ဖခင်က သင်၏အစ်ကိုဧသောအား
7
‘ငါမသေမီ ထာဝရဘုရားရှေ့တော်၌ သင့်ကိုကောင်းချီးပေးဖို့ တောကောင်ကို ယူလာပြီး ငါစားဖို့ အရသာကောင်းသောဟင်းလျာကိုချက်လော့’ဟု ဆိုသည်ကို ငါကြား၏။
8
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်၍ သင့်အားငါပြောသည့်အတိုင်းပြုလော့။
9
သိုးအုပ်ဆိတ်အုပ်ရှိရာသို့သွား၍ ဆူဖြိုးသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့လော့။ ငါသည် သင်၏ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်မည်။
10
သင်၏ဖခင်မကွယ်လွန်မီ သင့်ကိုကောင်းချီးပေးမည့်အကြောင်း ထိုဟင်းကို သူစားရန် သူ့ထံသို့ သင်ယူသွားရမည်”ဟု ဆိုလေ၏။
11
သို့သော် ယာကုပ်က “အကျွန်ုပ်၏အစ်ကိုဧသောကား အမွေးထူသောသူ၊ အကျွန်ုပ်ကား ချောမွတ်သောသူဖြစ်ပါ၏။
12
အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။
13
မိခင်ကလည်း “ငါ့သား သင်ခံရမည့်ကျိန်ဆဲခြင်းသည် ငါ့အပေါ်သို့သက်ရောက်ပါစေ။ ငါ့စကားကိုသာနားထောင်လော့။ သွား၍ဆိတ်သငယ်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု ဆို၏။
14
ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
15
ထို့နောက် ရေဗက္ကာသည် အိမ်တွင် သူ၌ရှိသော သားကြီးဧသော၏အကောင်းဆုံးအဝတ်ကိုယူ၍ သားငယ်ယာကုပ်အား ဝတ်ဆင်ပေးလျက်
16
ဆိတ်သငယ်၏သားရေတို့ဖြင့် သူ၏လက်နှင့် ပြောင်ချောနေသော သူ၏လည်ပင်းကို ဖုံးအုပ်ပေး၏။
17
မိမိချက်ထားသည့် အရသာကောင်းသောဟင်းလျာနှင့်မုန့်ကိုလည်း သားယာကုပ်၏လက်၌ ထည့်ပေးလေ၏။
18
ထိုအခါ ယာကုပ်သည် မိမိဖခင်ထံသို့သွား၍ “အဖေ”ဟု ခေါ်လျှင် ဖခင်က “ပြောပါ ငါ့သား၊ သင်သည် မည်သူနည်း”ဟု မေးလေ၏။
19
ယာကုပ်ကလည်း “အကျွန်ုပ်သည် အဖေ့သားဦးဧသောဖြစ်ပါသည်။ အဖေပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ အဖေသည် အကျွန်ုပ်ကို ကောင်းချီးပေးမည့်အကြောင်း ယခု ထ၍ထိုင်ပါ။ အကျွန်ုပ်၏တောကောင်သားကို စားပါ”ဟု မိမိဖခင်အား ဆိုလေ၏။
20
ဣဇက်ကလည်း “ငါ့သား၊ အဘယ်ကြောင့် ဤမျှလောက်လျင်မြန်စွာတွေ့ရသနည်း”ဟု မေးလျှင် ယာကုပ်က “အဖေ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်အား တွေ့ခွင့်ပေးတော်မူသောကြောင့်ဖြစ်ပါသည်”ဟု ပြန်ဆို၏။
21
ဣဇက်ကလည်း “ငါ့သား၊ သင်သည် အမှန်ပင် ငါ့သားဧသောဟုတ်၊ မဟုတ် သင့်ကို ငါစမ်းကြည့်နိုင်ရန် ငါ့နားသို့လာပါလော့”ဟု ယာကုပ်အားဆို၏။
22
ထို့ကြောင့် ယာကုပ်သည် သူ၏ဖခင်ဣဇက်ထံချဉ်းကပ်လေ၏။ ဖခင်သည်လည်း သူ့ကိုစမ်းကြည့်ပြီးလျှင် “အသံကား ယာကုပ်၏အသံ၊ လက်ကား ဧသော၏လက်ပါတကား”ဟု ဆို၏။
23
ယာကုပ်၏လက်သည် အစ်ကိုဧသော၏လက်ကဲ့သို့ အမွေးထူသောကြောင့် ယာကုပ်ဖြစ်ကြောင်းမသိနိုင်သဖြင့် ဣဇက်သည် သူ့ကိုကောင်းချီးပေးလေ၏။
24
သို့ရာတွင် “သင်သည် အမှန်ပင် ငါ့သားဧသောဖြစ်သလော”ဟု မေးပြန်၏။ ယာကုပ်ကလည်း “မှန်ပါသည်”ဟု ဆို၏။
25
ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
26
ထို့နောက် ယာကုပ်၏ဖခင်ဣဇက်က “ငါ့သား၊ ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကိုနမ်းလော့”ဟု ဆိုသဖြင့်
27
ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။
28
ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
29
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
30
ဣဇက်သည် ယာကုပ်ကိုကောင်းချီးပေးပြီးမှ ယာကုပ်လည်း ဖခင်ဣဇက်ထံမှထွက်သွားလျှင်ထွက်သွားချင်း သူ့အစ်ကိုဧသောသည် တောကောင်လိုက်ရာမှပြန်လာ၏။
31
ဧသောသည်လည်း အရသာကောင်းသောဟင်းလျာကိုချက်၍ ဖခင်ထံသို့ယူလာပြီးလျှင် “အဖေ၊ အဖေ့သားယူလာသောတောကောင်သားဟင်းကို ထ၍ စားပြီး သားကိုကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။
32
ဖခင်ဣဇက်ကလည်း “သင်သည် မည်သူနည်း”ဟု မေးလျှင် ဧသောက “အကျွန်ုပ်သည် အဖေ့သား၊ အဖေ့သားဦးဧသောဖြစ်ပါသည်”ဟု ဆို၏။
33
ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။
34
ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
35
ဖခင်ကလည်း “သင့်ညီသည် လာ၍ လိမ်လည်လှည့်ဖြားပြီး သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီ”ဟု ဆို၏။
36
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
37
ဣဇက်ကလည်း “ကြည့်ရှုလော့။ ငါသည် သူ့ကို သင်၏အရှင်သခင်ဖြစ်စေပြီ။ သူ၏ညီအစ်ကိုအပေါင်းတို့ကိုလည်း သူ၏အစေအပါးဖြစ်စေပြီ။ ကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်တို့ဖြင့်လည်း သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင့်အတွက် ငါဘာလုပ်ပေးနိုင်ဦးမည်နည်း”ဟု ဧသောအားပြန်ပြော၏။
38
ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။
39
သူ၏ဖခင်ဣဇက်ကလည်း “ကြည့်ရှုလော့။ သင်နေထိုင်ရာအရပ်သည် မြေကြီးအဆီအနှစ်နှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်နှင်းနှင့်လည်းကောင်း ဝေးကွာလိမ့်မည်။
40
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
41
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက် နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
42
ရေဗက္ကာသည် သားကြီးဧသော၏စကားကို ကြားသိရသောအခါ သားငယ်ယာကုပ်ကို လူလွှတ်ခေါ်၍ “သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်ရမှကျေနပ်မည်ဟု ကြံစည်ပြီ။
43
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
44
သင့်အစ်ကို၏အမျက်ဒေါသပြေသည်အထိ ဦးရီးနှင့်အတူ ခေတ္တနေထိုင်လော့။
45
သင့်အစ်ကိုသည် သင့်ကိုအမျက်ပြေ၍ သူ၌သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ ငါသည်လူလွှတ်၍ သင့်ကိုထိုအရပ်မှပြန်ခေါ်မည်။ သင်တို့နှစ်ဦးစလုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့် ငါအဆုံးရှုံးခံရမည်နည်း”ဟု ဆို၏။
46
ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50