bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Genesis 30
Genesis 30
Burmese MSBU
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
1
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
2
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
3
ရာခေလကလည်း “အကျွန်ုပ်၏ကျွန်မဗိလဟာရှိပါသည်။ သူသည် အကျွန်ုပ်၏ဒူးပေါ်မှာ သားဖွား၍ သူ့အားဖြင့် အကျွန်ုပ်သည် မိသားစုတည်ထောင် နိုင်မည့်အကြောင်း သူ့ထံသို့ဝင်ပါလော့”ဟု ဆို၏။
4
ထိုသို့ ရာခေလသည် မိမိ၏ကျွန်မဗိလဟာကို ယာကုပ်အား မယားအဖြစ်ပေးသဖြင့် ယာကုပ်သည် သူ့ထံသို့ဝင်လေ၏။
5
ဗိလဟာသည် ကိုယ်ဝန်ဆောင်၍ ယာကုပ်အတွက် သားကို မွေးဖွား၏။
6
ရာခေလက “ဘုရားသခင်သည် ငါ့ကိုတရားသဖြင့်စီရင်ပေးတော်မူပြီ။ ငါ၏တောင်းလျှောက်သံကိုနားညောင်း၍ ငါ့အား သားကိုပေးသနားတော်မူပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဒန် ဟုမှည့်ခေါ်လေ၏။
7
ရာခေလ၏ကျွန်မဗိလဟာသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ ယာကုပ်အတွက် ဒုတိယသားကို မွေးဖွားပေး၏။
8
ထိုအခါ ရာခေလက “ငါသည် ငါ့အစ်မနှင့် အကြိတ်အနယ်နပန်းလုံး၍ နိုင်ခဲ့ပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို နဿလိ ဟုမှည့်ခေါ်လေ၏။
9
လေအာသည် မိမိသားဖွားခြင်းရပ်တန့်သွားကြောင်း သိမြင်သောအခါ မိမိ၏ကျွန်မဇိလပကိုယူ၍ ယာကုပ်အား မယားအဖြစ်ပေးလေ၏။
10
ထိုအခါ လေအာ၏ကျွန်မဇိလပသည် ယာကုပ်အတွက် သားကိုမွေးဖွား၏။
11
လေအာကလည်း “အခွင့်ကောင်းရောက်လေပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂဒ် ဟုမှည့်ခေါ်လေ၏။
12
ထို့နောက် လေအာ၏ကျွန်မဇိလပသည် ဒုတိယသားကို ယာကုပ်အတွက် မွေးဖွား၏။
13
ထိုအခါ လေအာက “ငါ၌ မင်္ဂလာရှိ၏။ အကယ်စင်စစ် အမျိုးသမီးတို့သည် ငါ့ကို မင်္ဂလာရှိသူ ဟုခေါ်ကြလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို အာရှာ ဟုမှည့်ခေါ်လေ၏။
14
ဂျုံရိတ်သိမ်းရာကာလ၌ ရုဗင်သည် လယ်သို့သွားရာ ဒူးဒဲပင် များကိုတွေ့သဖြင့် ၎င်းတို့ကို သူ၏မိခင်လေအာထံသို့ ယူဆောင်လာခဲ့၏။ ထိုအခါ ရာခေလက လေအာအား “သင့်သားရခဲ့သောဒူးဒဲပင်အချို့ကို ငါ့အားပေးပါလော့”ဟု ဆို၏။
15
လေအာက “သင်သည် ငါ့ယောက်ျားကို ယူသည်နှင့်ပင် မလုံလောက်ဘဲ ငါ့သားရခဲ့သောဒူးဒဲပင်တို့ကိုလည်း ယူလိုသေးသလော”ဟု ဆို၏။ ရာခေလကလည်း “သို့ဖြစ်လျှင် သင့်သားရခဲ့သောဒူးဒဲပင်တို့နှင့်လဲလှယ်သည့်အနေဖြင့် ယနေ့ညတွင် သင်သည် ယာကုပ်နှင့်အတူအိပ်နိုင်သည်”ဟု ဆို၏။
16
ယာကုပ်သည် နေဝင်ချိန်၌ လယ်မှပြန်လာသောအခါ လေအာသည် သူ့ကိုကြိုဆိုရန်ထွက်သွား၍ “အကျွန်ုပ်သည် အကျွန်ုပ်၏သားရခဲ့သောဒူးဒဲပင်တို့နှင့် သင့်ကိုအမှန်ပင်ငှားထားပြီဖြစ်၍ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်”ဟု ဆို၏။ ထို့ကြောင့် ထိုည၌ ယာကုပ်သည် လေအာနှင့်အတူအိပ်လေ၏။
17
လေအာတောင်းလျှောက်သည်ကို ဘုရားသခင်နားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍ ပဉ္စမသားကို ယာကုပ်အတွက် မွေးဖွား၏။
18
လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။
19
လေအာသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ ဆဋ္ဌမသားကို ယာကုပ်အတွက် မွေးဖွား၏။
20
ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထား လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။
21
ထို့နောက်မှ လေအာသည် သမီးကိုမွေးဖွား၍ ထိုသမီး၏အမည်ကို ဒိန ဟုမှည့်ခေါ်လေ၏။
22
ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ ဘုရားသခင်သည် ရာခေလ၏တောင်းလျှောက်သံကိုနားညောင်း၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။
23
သူသည် ကိုယ်ဝန်ဆောင်၍ သားကို မွေးဖွားသော် “ဘုရားသခင်သည် ငါခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ဖယ်ရှားတော်မူပြီ”ဟု ဆို၏။
24
တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
25
ရာခေလသည် ယောသပ်ကိုမွေးဖွားပြီးနောက် ယာကုပ်က လာဗန်အား “အကျွန်ုပ်၏နေရပ်၊ အကျွန်ုပ်၏ပြည်သို့ပြန်သွားနိုင်ရန် အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။
26
အကျွန်ုပ်၏မယားနှင့် အကျွန်ုပ်၏သားသမီးတို့ကို အကျွန်ုပ်အားပေး၍ ပြန်သွားခွင့်ပေးပါ။ သူတို့အတွက် ဦးရီးကို အကျွန်ုပ်အစေခံခဲ့ပြီ။ ဦးရီးအတွက် အကျွန်ုပ်ဆောင်ရွက်ခဲ့သောအမှုကို ဦးရီးကိုယ်တိုင်သိပါသည်”ဟု ဆိုလေ၏။
27
သို့သော် လာဗန်က “သင့်ရှေ့၌ ငါမျက်နှာရသည်ဆိုလျှင် ဆက်နေပါဦး။ ထာဝရဘုရားသည် သင့်ကြောင့် ငါ့ကိုကောင်းချီးပေးတော်မူကြောင်း ဟူးရားအတတ်အားဖြင့် ငါသိမြင်ပြီ”ဟု ဆိုပြီးလျှင်
28
“သင်ရလိုသောလုပ်အားခကို ငါ့အားပြောပါ။ ငါပေးမည်”ဟု ဆို၏။
29
ယာကုပ်ကလည်း “အကျွန်ုပ်သည် ဦးရီးကို မည်သို့အစေခံခဲ့သည်ကိုလည်းကောင်း၊ အကျွန်ုပ်ထိန်းကျောင်းခဲ့သော ဦးရီး၏တိရစ္ဆာန်တို့သည် မည်သို့ဖြစ်လာသည်ကိုလည်းကောင်း ဦးရီးကိုယ်တိုင်သိပါသည်။
30
အကျွန်ုပ်မရောက်မီ ဦးရီး၌ တိရစ္ဆာန်အနည်းငယ်သာရှိသော်လည်း ယခု များစွာတိုးပွားပါပြီ။ အကျွန်ုပ်ပြုသောအရာအားဖြင့် ထာဝရဘုရားသည် ဦးရီးကိုကောင်းချီးပေးတော်မူပြီ။ သို့သော် အကျွန်ုပ်သည် မည်သည့်အချိန်မှ အကျွန်ုပ်၏အိမ်သူအိမ်သားများအတွက် လုပ်ဆောင်နိုင်မည်နည်း”ဟု ဆို၏။
31
လာဗန်ကလည်း “ငါသည် သင့်အား မည်သည့်အရာကိုပေးရမည်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်အား မည်သည့်အရာကိုမျှ မပေးပါနှင့်။ အကျွန်ုပ်ပြောမည့်အရာကို အကျွန်ုပ်အတွက်ဦးရီးပြုမည်ဆိုလျှင် အကျွန်ုပ်သည် ဦးရီး၏သိုးအုပ်၊ ဆိတ်အုပ်ကို ဆက်၍ထိန်းကျောင်းစောင့်ရှောက်ပါမည်။
32
ယနေ့ အကျွန်ုပ်သည် ဦးရီး၏သိုးဆိတ်အားလုံးကို လှည့်ပတ်ကြည့်ရှု၍ အစက်အပြောက်ပါသောသိုးနှင့် ညိုသောသိုးသငယ်အားလုံး၊ အစက်အပြောက်ပါသောဆိတ်တို့ကို အကျွန်ုပ်ခွဲထုတ်ပါမည်။ ထိုသိုးဆိတ်တို့သည် အကျွန်ုပ်၏လုပ်အားခဖြစ်ရမည်။
33
ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကိုလာရောက်စစ်ဆေးသောအခါ နောင်တစ်နေ့တွင် အကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် အကျွန်ုပ်အတွက်သက်သေထူပါလိမ့်မည်။ အကျွန်ုပ်တွင် အစက်အပြောက်မပါသောဆိတ်များနှင့် မညိုသောသိုးသငယ်များရှိခဲ့လျှင် ၎င်းတို့အားလုံးကို အကျွန်ုပ်ခိုးသည်ဟူ၍ မှတ်ယူပါ”ဟု ဆိုလေ၏။
34
လာဗန်ကလည်း “ကောင်းပြီ။ သင်ပြောသည့်အတိုင်းဖြစ်ပါစေ”ဟု ဆို၏။
35
ထိုနေ့၌ပင် လာဗန်သည် အစင်းကျားနှင့်အပြောက်ပါသောဆိတ်ထီးများ၊ အစက်အပြောက်ပါသောဆိတ်မအားလုံး၊ အဖြူပြောက်ပါသောအကောင်အားလုံးနှင့် ညိုသောသိုးသငယ်အားလုံးကိုခွဲထုတ်၍ မိမိသားများ၏လက်သို့ အပ်လေ၏။
36
ထို့နောက် သူသည် မိမိနေရာကိုယာကုပ်နေရာနှင့် သုံးရက်ခရီးအကွာတွင်ထားလေ၏။ ယာကုပ်သည် လာဗန်၏ကျန်ရှိသောသိုး၊ ဆိတ်တို့ကို ထိန်းကျောင်းလျက်နေ၏။
37
ယာကုပ်သည် စိမ်းသောပေါ့ပလာပင်၊ ဗာဒံပင်နှင့် ပလိန်းပင်တို့၏အရိုးတံများကိုယူပြီးလျှင် ထိုအရိုးတံတို့၌အဖြူရောင်အတွင်းသားပေါ်ပြီး အဖြူရောင်အစင်းများဖြစ်အောင်ခွာလေ၏။
38
ထို့နောက် သူသည် ခွာထားသောအရိုးတံများကို သိုးဆိတ်တို့ရေလာသောက်ရာ ရေစားကျင်း၊ ရေစားခွက်တို့၌ ထိုသိုးဆိတ်တို့ရှေ့တွင်ထားလေ၏။ သိုးဆိတ်တို့သည် ရေသောက်ရန်လာသောအခါ မိတ်လိုက်တတ်ကြ၏။
39
ထိုသို့ သိုးဆိတ်တို့သည် ထိုအရိုးတံများရှေ့၌မိတ်လိုက်ကြရာ အစင်းကျားနှင့် အစက်အပြောက်ပါသောအကောင်များကို မွေးကြ၏။
40
ယာကုပ်သည် မွေးလာသည့်သိုးသငယ်၊ ဆိတ်သငယ်တို့ကိုသီးသန့်ခွဲထား၍ သိုးဆိတ်တို့ကို လာဗန်၏သိုးဆိတ်တို့ထဲမှ အစင်းကျားပါသောအကောင်နှင့် ညိုသောအကောင်အားလုံး၏ရှေ့၌ထားလေ၏။ ဤသို့ဖြင့် သူသည် မိမိကိုယ်ပိုင်တိရစ္ဆာန်အုပ်ဖြစ်လာအောင်ပြုပြီး လာဗန်၏သိုးဆိတ်တို့နှင့်မရောဘဲထားလေ၏။
41
ထို့ပြင် သန်မာသောသိုးဆိတ်တို့မိတ်လိုက်ကြသောအခါတိုင်း အရိုးတံများအနား၌ မိတ်လိုက်ကြစေရန် ယာကုပ်သည် ထိုအရိုးတံများကို ရေစားကျင်း၌ သိုးဆိတ်တို့ရှေ့တွင်ထားလေ၏။
42
ချည့်နဲ့သောသိုးဆိတ်တို့ရှေ့၌မူကား မထားပေ။ ထို့ကြောင့် ချည့်နဲ့သောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လာပြီး သန်မာသောအကောင်တို့သည် ယာကုပ်၏ဥစ္စာဖြစ်လာ၏။
43
ဤသို့ဖြင့် ယာကုပ်သည် စည်းစိမ်အလွန့်အလွန်တိုးပွား၍ များစွာသောသိုးဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့် မြည်းတို့ကိုပိုင်ဆိုင်လာလေ၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50