bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Exodus 24
Exodus 24
Burmese MSBZ
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 25 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် ထာဝရဘုရားထံတော်သို့ တက်လာ၍ အဝေးမှ ရှိခိုးကိုးကွယ်ကြစေ။
2
မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။
3
ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။
4
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
5
ထို့နောက် အစ္စရေးအမျိုးသားလူငယ်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကိုပူဇော်၍ နွားထီးများကို မိတ်သဟာယယဇ်အဖြစ် ယဇ်ပူဇော်ကြလေ၏။
6
မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။
7
ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။
8
မောရှေသည် သွေးကိုယူ၍ လူတို့အပေါ်သို့ဖျန်းလျက် “ကြည့်လော့။ ဤသွေးကား ဤစကားတော်အလုံးစုံတို့နှင့်အညီ သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်သွေးဖြစ်၏”ဟု ဆိုလေ၏။
9
ထို့နောက် မောရှေနှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် တက်သွား၍
10
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
11
ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ် တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။
12
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
13
ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။
14
မောရှေက သက်ကြီးဝါကြီးတို့အား “သင်တို့ထံသို့ ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာ၌ ငါတို့ကိုစောင့်နေကြလော့။ ကြည့်လော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆို အမှုအခင်းရှိလျှင် သူတို့ထံသို့သွားစေ”ဟု မှာကြားခဲ့၏။
15
မောရှေသည် တောင်ပေါ်သို့တက်သွားသောအခါ တိမ်တိုက်သည် တောင်ကိုဖုံးလွှမ်းလေ၏။
16
ထာဝရဘုရား၏ဘုန်းအသရေတော်သည် သိနာတောင်ပေါ်၌တည်၍ တိမ်တိုက်သည် ခြောက်ရက်ပတ်လုံး တောင်ကိုဖုံးလွှမ်းလေ၏။ သတ္တမနေ့၌ ထာဝရဘုရားသည် မောရှေအား တိမ်တိုက်ထဲမှ ခေါ်တော်မူ၏။
17
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
18
မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40