bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Exodus 27
Exodus 27
Burmese MSBZ
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 28 →
1
ယဇ်ပလ္လင်ကို အကေရှား သစ်သားဖြင့် လုပ်ရမည်။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင် ၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင် ရှိရမည်။
2
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
3
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
4
ယဇ်ပလ္လင်အတွက် ကြေးနီစကာမီးကျီးခံပြားကိုလုပ်၍ မီးကျီးခံပြားထောင့်လေးထောင့်စကာပေါ်တွင် ကြေးနီကွင်းလေးကွင်းကိုတပ်ရမည်။
5
စကာကို ယဇ်ပလ္လင်၏အလယ်အထိရောက်အောင် ယဇ်ပလ္လင်၏အစွန်းထွက်နေသောနေရာမှ အောက်သို့ချရမည်။
6
ယဇ်ပလ္လင်အတွက် ထမ်းပိုးတို့ကို အကေရှား သစ်သားဖြင့်လုပ်၍ ကြေးနီဖြင့်မွမ်းမံရမည်။
7
ယဇ်ပလ္လင်ကိုထမ်းသောအခါ ထမ်းပိုးတို့သည် ယဇ်ပလ္လင်၏ဘေးနှစ်ဖက်၌ရှိနေစေရန် ထိုထမ်းပိုးတို့ကို ကွင်းများထဲသို့လျှိုသွင်းထားရမည်။
8
ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် လုပ်ရမည်။ အတွင်း၌ အခေါင်းပေါက်ဖြစ်ရမည်။ တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်အတိုင်း လုပ်ကြရမည်။
9
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာ ရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
10
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
11
ထိုနည်းတူ မြောက်ဘက်ခြမ်းအတွက် အလျားအတောင်တစ်ရာရှည်သောအကာကိုလုပ်ရမည်။ ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
12
ဝင်းအနောက်ဘက်အကျယ်အတိုင်း အတောင်ငါးဆယ် ရှိသောအကာနှင့်တကွ အကာအတွက် တိုင်ဆယ်တိုင်၊ တိုင်အောက်ခံအစွပ်ဆယ်ခု လုပ်ရမည်။
13
နေထွက်ရာအရပ် ဝင်းအရှေ့ဘက်ခြမ်းအကျယ်သည် အတောင်ငါးဆယ်ရှိ၍
14
ဝင်းအဝင်ဝတစ်ဘက်၌ တစ်ဆယ့်ငါးတောင် ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု၊
15
ကျန်တစ်ဘက်၌လည်း တစ်ဆယ့်ငါးတောင်ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု လုပ်ရမည်။
16
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ် ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
17
ဝင်းပတ်ပတ်လည်ရှိတိုင်အားလုံးတို့၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်ရမည်။ တိုင်ချိတ်များကို ငွေဖြင့်လည်းကောင်း၊ တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း လုပ်ရမည်။
18
ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍ ရက်လုပ်ထားသောပိတ်ချောထည်အကာနှင့် အောက်ခံကြေးနီအစွပ် တို့ပါရမည်။
19
ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။
20
မီးခွက်အစဉ်မပြတ်လင်းနေစေဖို့ မီးထွန်းရန်အတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား သင်ဆင့်ဆိုရမည်။
21
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40