bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 11
1 Chronicles 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
1
ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌စည်းဝေး၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
2
အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
3
ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
4
တစ်ဖန် ဒါဝိဒ်သည် ဣသရေလလူ အပေါင်းတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
5
ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
6
ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသား ယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
7
ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
8
မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌တည်ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကို ယွာဘပြုပြင်လေ၏။
9
ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
10
ဣသရေလအမျိုး၌ ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှာ ဣသရေလအမျိုး အပေါင်းတို့နှင့်ဝိုင်း၍ ဒါဝိဒ်မင်းဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်း သူရဲကြီးတို့၏စာရင်းဟူမူကား၊
11
ဟခမောနိအမျိုး ယာရှောဗံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။
12
သူ့နောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။
13
ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှာ မုယောစပါးစိုက်သော လယ်ကွက်၌စုဝေး၍ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
14
ထိုသူတို့သည် လယ်ကွက်အလယ်၌ ရပ်၍စောင့်မလျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသောအခါ၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
15
ဗိုလ်စုအဝင် သုံးယောက်တို့သည် ဒါဝိဒ်ရှိရာကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
16
ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
17
ဒါဝိဒ်ကလည်း တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
18
ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ်သည် မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
19
ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါစေသော။ ကိုယ်အသက်ကို မနှမြောဘဲ သွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကိုစွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။
20
ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
21
သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။
22
အထူးသဖြင့် ပြုဖူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သားဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
23
အရပ်ငါးတောင်မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက် သွား၍၊ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ထိုလှံနှင့် သူ့ကိုသတ်၏။
24
ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယသည် ပြု၍ သူရဲသုံးယောက်အဝင် နေရာကိုရ၏။
25
ဗိုလ်များထက် သာ၍မြတ်သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။
26
ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
27
ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
28
တေကောအမျိုး ဣကေရှ၏သားဣရ၊ အနေသောသိအမျိုး အဗျေဇာ၊
29
ဟုရှသိအမျိုး သိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
30
နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိအမျိုး ဗာန၏သား ဟေလက်၊
31
ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သား ဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
32
ဂါရှချိုင့်သား ဟုရဲ၊ အာဗသိအမျိုး အဗျေလ၊
33
ဗာဟုမိအမျိုး အာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
34
ဂိဇောနိအမျိုး ယာရှင်၏သားတို့တွင် ယောနသန်၊ ဟာရရိအမျိုး ရှမ္မ၊
35
ဟာရရိအမျိုး ရှာရ၏သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
36
မေခေရသိအမျိုး ဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
37
ကရမေလအမျိုး ဟေဇရဲ၊ ဧဇဗဲ၏သား နာရဲ၊
38
နာသန်၏ညီ ယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
39
အမ္မုန်အမျိုး ဇေလက်၊ ဇေရုယာသား ယွာဘ၏ လက်နက်ဆောင်လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
40
ဣသရိအမျိုး ဣရ၊ ဣသရိအမျိုး ဂါရက်၊
41
ဟိတ္တိအမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
42
ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
43
မာခါ၏သား ဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
44
အာရှတယောသိအမျိုး ဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
45
တိဇိအမျိုး ရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီယောဟ၊
46
မဟာဝိအမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုး ဣသမနှင့်တကွ၊
47
ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေလတည်း။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29