bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 2
1 Chronicles 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
1
ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2
ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
3
ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင်မြင်သောသားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
4
ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။
5
ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
6
ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
7
ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲအပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုးကိုနှောင့်ယှက်သော အာခန်တည်း။
8
ဧသန်သားကား အဇရိတည်း။
9
ဟေဇရုံမြင်သောသားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
10
အာရံသားကား အမိနဒပ်၊ အမိနဒပ်သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်သော နာရှုန်တည်း။
11
နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
12
ဗောဇသားဩဗက်၊ ဩဗက်သားယေရှဲတည်း။
13
ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
14
စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊
15
ဆဋ္ဌမသား ဩဇင်၊ သတ္တမသား ဧလိဟု၊ အဋ္ဌမသား ဒါဝိဒ်တည်း။
16
သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။
17
အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။
18
ဟေဇရုံသားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
19
အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။
20
ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေလတည်း။
21
ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘ မာခိရ၏သမီးနှင့် စုံဖက်၍ စေဂုပ်ကိုမြင်လေ၏။
22
စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
23
ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
24
ဟေဇရုံသည် ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယားအဘိသည် သူ၏သားအာရှုရကို ဖွားမြင်၏။ အာရှုရသားကား တေကောတည်း။
25
ဟေဇရုံ၏ သားဦးယေရမေလသားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
26
အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
27
ယေရမေလ၏သားဦး အာရံသားကား မာဇ၊ ယာမိန်၊ ဧကာတည်း။
28
ဩနံသားကား ရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသားကား နာဒပ်နှင့် အဘိရှုရတည်း။
29
အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဖွားမြင်၏။
30
နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌ သားမရှိ။
31
အပ္ပိမ်သားကား ဣရှိ၊ ဣရှိသား ရှေရှန်၊ ရှေရှန်သား အာလဲတည်း။
32
ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။
33
ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
34
ရှေရှန်၌ သားမရှိ။ သမီးသက်သက် ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတစ်ယောက်ရှိ၍၊
35
ထိုကျွန်နှင့် သမီးတစ်ယောက်ကို ပေးစားသဖြင့် သမီးသည် အဘဖို့ သားအတ္တဲကို ဖွားမြင်၏။
36
အတ္တဲသားကား နာသန်၊ နာသန်သား ဇာဗဒ်၊
37
ဇာဗဒ်သား ဧဖလလ၊ ဧဖလလသားဩဗက်၊
38
ဩဗက်သား ယေဟု၊ ယေဟုသား အာဇရိတည်း။
39
အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
40
ဧလာသသား သိသမဲ၊ သိသမဲသား ရှလ္လုံ၊
41
ရှလ္လုံသား ယေကမိ၊ ယေကမိသား ဧလိရှမာတည်း။
42
ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသား ဇိဖ၊ ဇိဖသား မရေရှ၊ မရေရှသား ဟေဗြုန်၊
43
ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမတည်း။
44
ရှေမသားကား ရာဟံ၊ ရာဟံသား ယော်ကောင်တည်း။ ရေကင်သားကား ရှမ္မဲ၊
45
ရှမ္မဲသား မောန၊ မောနသား ဗက်ဇုရတည်း။
46
ကာလက်မယားငယ်သည်လည်း ဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဖွားမြင်၏။ ဟာရန်သားကား ယာဒဲတည်း။
47
ယာဒဲသားကား ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖတည်း။
48
ကာလက်မယားငယ် မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကိုလည်းကောင်း၊
49
မာဒမေနအဘ ရှာဖ၊ မာခဗေနအဘ ရှေဝ၊ ဂိအာအဘကိုလည်းကောင်း ဖွားမြင်၏။ ကာလက်သမီးကား အာခသတည်း။
50
ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက်သားကား ကိရယတ်ယာရိမ်အဘ ရှောဗာလ၊
51
ဗက်လင်အဘ စလမ၊ ဗက်ဂါဒါအဘ ဟာရပ်တည်း။
52
ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူကား၊ ဟာရောနှင့် မနဟေသိ အမျိုးတစ်ပိုင်း၊
53
ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဇာရာသိလူနှင့် ဧရှတောလိလူ ဖြစ်သတည်း။
54
စလမသားဟူမူကား၊ ဗက်လင်နှင့် နေတောဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတစ်ပိုင်း၊ ဇောရိလူ၊
55
ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏အဘ ဟေမတ်မှ ဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29